winkyawaungSeptember 3, 20103min3314
(17-4-2010) နေ့ညနေပိုင်း နီပေါနိုင်ငံ နယ်စပ်သို့ရောက်ပါတယ်။ နယ်စပ်မြို့နှစ်မြို့ကတော့ တော်တော်စီကားပါတယ်။ အန္ဒိယနယ်စပ်ကဈေးပွဲတော်ကြီးခင်းရောင်းနေသလား ထင်မှတ်ရပါတယ်။ ဒါပေမဲ့ တာဝန်ခံ စကားပြန်မှ မည်သူ့ကိုမျှ အောက်သို့ ဈေးဆင်းဝယ်ခွင့်မပြုပါ။ နိုင်ငံနှစ်ဖက်လုံးမှ (လဝက)ရုံး အကောက်ခွန်ရုံးဂိတ် များရဲ့ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးများကို မြင်တွေ့ခဲ့ရပါတယ်။ ထူးခြားချက်တစ်ခုမှာ အန္ဒိယနယ်စပ်ကို ဖြတ်ကျော်လိုက်တာနဲ့ အန္ဒိယဘက်မှ ဟန်းဖုန်းတွေ လုံးဝသုံးမရတော့ပါ။ နီပေါနိုင်ငံအဝင်မှာ ဟန်းဖုန်းများခေါ်ကြည့်ရာ ဆက်သွယ်ရေးလိုင်းများပြတ်တောက်သွားပါတယ်။တော်တော်တိကျတဲ့ အန္ဒိယနိုင်ငံက နည်းပညာပါပဲ။ အဲ နီပေါနိုင်ငံထဲရောက်တာနဲ့ လမ်းဆုံတွေမှာ လုံခြုံရေး (၅)ယောက်တစ်တွဲ စောင့်နေကြတာတွေ့ရပါတယ်။လည့်ကင်းကားတွေလဲ မြင်နေရပါတယ်။ သူတို့ဆီမှာလဲ နိုင်ငံရေးက မတည်ငြိမ်ဘူးဆိုပဲ..။ နီပေါနိုင်ငံမှ လုမ္ဗိနီ အင်ကြင်းတော မြန်မာရွှေကျောင်းတော်ကြီးကို ရောက်ခဲ့ပါပြီ.။ တော်တော်လေးကို ခန်းခန်းနားနားဆောက်လုပ်ထားတာကို တွေ့ရပါတယ်။ ကျောင်းဝိုင်းကြီးကလဲ တော်တော်ကို ကျယ်ဝန်းလှပါတယ်။ ကျောင်းအဆောင်များ ၊ […]