Ma MaOctober 6, 20111min33822
နေ့စဉ်အလုပ်ခွင်ကနေ အလျဉ်းသင့်လို့ ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ဖြစ်သွားတယ်။ ခရီးသွားတယ်ဆိုတာနဲ့ လူလည်း နေ့စဉ်ပုံစံခွက်ထဲကနေ လွတ်ထွက်သွားသလို (မမျှော်လင့်ပဲ) ခံစားလိုက်ရတယ်။ ဘုရားဖူးဆိုပေမယ့် ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဆိုသလို ဈေးဝယ်ရတာကလည်း စိတ်အပန်းဖြေခြင်း အနုပညာလို့တောင် တင်စားချင်ပါတယ်။ အလုပ်က ကြာကြာထွက်လို့ မရတာမို့ ဗုဒ္ဓဂါယာကို တစ်ပတ်တည်းနဲ့ နေရာစုံအောင်လည်း ရောက်ချင်တာဖြစ်လို့ ပင်လည်း ပင်ပန်းခဲ့ပါတယ်။ ကျမတို့သွားတဲ့အချိန်မှာ ဘုရားဖူးခရီးစဉ်တွေ မစသေးတာမို့ ကလကတ္တားလေယာဉ်စီးပြီး ဂါယာကို တညလုံး ကားစီးသွားရပါတယ်။ ကလကတ္တားနဲ့ ဂါယာကို ကားစီးချိန် ၁ဝ နာရီ ကြာပါတယ်။ ဂိုက် (စကားပြန်) က မြန်မာပြည်မှာမွေးလို့ မြန်မာလို ကောင်းကောင်းပြောပြနိုင်တော့ ဒေသန ္တရဗဟုသုတတွေလည်း အများကြီး ရလာခဲ့တယ်။ ပြောပြရမယ်ဆိုရင် အိန္ဒိယက ကားလမ်းတွေ ကောင်းတယ်လို့ ကြားဖူးပေမယ့်………. […]


ဆူးApril 9, 20111min916
ပဉ္စဝဂီ္ဂ ငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်ရာ မိဂဒါဝုန် တောအုပ်ထဲမှ ဓမ္မေခစေတီ ဖြစ်ပါတယ်။ ချောက်ခဏ္ဍီစေတီ၊ ပုံမှာ မြင်ရတဲ အတိုင်း ရွှေချ ကြပါတယ်။ မြန်မာ လူမျိုးတွေ ကတော့ ရွှေချ တတ်ကြပါတယ်။ ရွှေတွေ အားလုံး မြန်မာ လူမျိုးတွေ ရွှေဆိုင်းချ ထားတာလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ချ သမျှ ရွှေဆိုင်းတော်တော် များများ လေနဲ့လွင့်သွားတတ်ကြပါတယ်။ သစ်ဆေး မသုတ်ထားတော့ ရွှေဆိုင်းမကပ်ပါဘူး။ အကယ်၍များ ရွှေဆိုင်း ချ ချင်တယ် ဆိုရင်တော့ ပရုတ်ဆီ ဘူးလေး ဆောင်ထားပြီး ပရုတ်ဆီ ပွတ်ပြီးမှ ရွှေချပါ။ ကျောင်းဝင်း ရဲ့ တဖက်မှာ ရှိတဲ့ ဘေးမဲ့ သမင်တွေပါ.. ခြံနဲ့ ကာထားပါတယ်။