moonpoemApril 8, 20111min1718
တကယ်လို့ သာ သင့်ကို လူတစ်ယောက်က အဲဒီမေးခွန်းမေးခဲ့မယ်ဆိုရင် သင်ဘယ်လိုဖြေမှာလဲ။ ကျွန်မကိုသာ ဖြေခိုင်းခဲ့မယ်ဆိုရင်တော့ ဟုတ်တယ်လို့ပဲ ဖြေမိမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ ဝတ်စားဆင်ယင်ကြတဲ့အခါ ပွဲလမ်းသဘင်၊ အချိန်အခါကိုမူတည်ပြီး သင့်တော်ရာ ဝတ်ဆင်ကြရပါတယ်။ သင်ဟာ မြန်မာ့ရိုးရာတိုက်ပုံ၊ပုဆိုး မိန်းကလေးဆိုရင် ချိတ်ထဘီရင်ဖုံး ဝတ်ဆင်ထားတဲ့အချိ်န်ဆိုရင် သင့်စိတ်ဟာ ယဉ်ကျေးနေပြီးတော့ သေချာတာတစ်ခုကတော့ သိမ်သိမ်မွေ ့မွေ ့လမ်းလျှောက်မိနေပါလိမ့်မယ်။ ဂျင်းဘောင်းဘီရှည်စပို့ရှပ် ကိုဝတ်ဆင်ပြီးနေတဲ့လူတစ်ယောက်ရဲ ့စိတ်ဆိုရင်လည်း နူးညံ့သိမ်မွေ ့တယ်မှုမျိုးထက်လွတ်လပ် ပေါ့ပါးမှုက ပိုများပါလိမ်မယ်။ တကယ်လို့များ ညဝတ်အင်္ကျ ီဝတ်ထားခဲ့မယ်ဆိုရင် ပီဘိကလေးတစ်ယောက်သဖွယ် ခံစားမှုတွေ ရှိနေပါလိမ့်မယ်။ ကျွန်မတစ်နေ ့လိုင်းကားစီးတော့ ကောင်မလေးတစ်ယောက်တက်လာပါတယ်။ စကတ်တိုဝတ်ထားပြီး ခြေထောက်တင်တဲ့ခုံမှာ ခြေထောက်လေးတင်ထားတဲ့အချိန် သူ့စကတ်လေးက အင်း ပြောရမယ်ဆိုရင်တော့ ကျွန်မမျက်လုံးထဲမှာတော့ ခိုးလိုးခုလုပါပဲ။ သူ့ကိုကြည့်ရတဲ့အခါ စိတ်မလုံခြုံမှုကိုခံစားနေရတယ်လို့ ထင်ပါတယ်။ […]