manawphyulayJuly 2, 20111min1798
အင်းစိန်မြို့နယ်အတွင်း သူခိုးများသောင်းကျန်းလာသည်မှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်လာတယ်လို့ သတင်းရရှိပါတယ်။ ခရပ်ကွက်အတွင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က စပြီး နေ့စဉ်ရက်ဆက်ဆိုသလို သူခိုးများ ည လူခြေတိတ်ချိန် မနက် ၂ နာရီခွဲနဲ့ ၃ နာရီဝန်းကျင်ခန့် ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာသည်မှာ မြို့နယ် နယ်ထိန်း၊ ရဲများ မရှိကြတော့သည့်အလား ဖြစ်နေသည်မှာ အတော်ဆိုးရွားလာနေပါသည်။ ခ ရပ်ကွက် ၆ လမ်းမှ အိမ်ဈေးဆိုင်ကို အရင် ဖောက်ခံရပါတယ်။ MP4 နဲ့ ပိုက်ဆံအနည်းငယ်ပဲ ပါသွားတော့ ရပ်ကွက်ကလည်း အထားမှားတာပဲဆိုပြီး ခပ်ပေါ့ပေါ့နေလိုက်မိပါတယ်။ နောက်ရက်ကျတော့ ရ လမ်းရှိ ဈေးဆိုင်ပဲ ဖောက်ခံရပြန်ပါတယ်။ နောက်ထပ်မံပြီး ရက်ခြား ၅ လမ်းနဲ့ ၆ လမ်းကြားရှိ ကုန်စုံဆိုင်ကို ဖောက်တဲ့အပြင် အိမ်မှာ ဖောက်ထွင်းခံရလို့ သိန်းချီပြီး […]