Ma MaAugust 10, 20131min92025
  မနက်စောစော အိပ်ယာကမနှိုးတဲ့ မေမေ့ကို စိတ်ဆိုးမိတယ်။   စာမေးပွဲနီးနေပြီမို့ ကျူရှင်နောက်ကျလို့ မဖြစ်ဘူးလို့ ပြောထားရဲ့သားနဲ့။   မေမေကတော့ ပြောပါတယ်။ ညက စာကျက်တာ ညဉ့်နက်သွားလို့ မနှိုးသေးတာတဲ့။   ပြောသာပြောရတယ်…. ကိုယ်ကအခုမှနိုးတာ။ မေမေက မနက်စာ အဆာပြေ ထမင်းကြော်လို့တောင် ပြီးနေပြီ။   မျက်နှာသစ် သွားတိုက်ပြီး အဝတ်အစား မြန်မြန်ဆန်ဆန်လဲရမယ်။ နောက်ပြီးရင် ညက ဖတ်ပြီး မသိမ်းရသေးတဲ့ စာအုပ်တွေကို လွယ်အိတ်ထဲ အမြန်ထည့်မှ။   စိတ်ထဲကနေ လုပ်စရာတွေကအစီအစဉ်ချရင်း လက်ကလည်း မရပ်မနားလုပ်လိုက်တယ်။   ၁၅မိနစ်လောက် အကြာမှာတော့ ……. `မေမေရေ- သမီးကျူရှင်သွားတော့မယ်။´ မေမေ လုပ်ပေးထားတဲ့ မနက်စာ အဆာပြေတောင် မစားတော့ပဲ  စက်ဘီးဆွဲပြီး ထွက်လာခဲ့လိုက်တယ်။ […]