၂၀၀၁ ခုနှစ်လောက်က ရေးခဲ့တဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပုဒ်ကို ကျွန်တော်အကြိုက်တွေ့နေမိပါတယ်…။ တစ်ပုဒ်လုံးထဲကမှ အောက်က ၂ ကြောင်းထဲကို ခိုက်နေမိတာပါ…။ မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့ တဲ့…။ အမှန်တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဘေးကသစ်ပင်လိုပါပဲ…။ သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်မိတာပါ…။ သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း… တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ… သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။ မြစ်ကြီးကတော့ ပုံစံမျိုးစုံနဲ့ စီးဆင်းနေခဲ့တာပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ်… ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ။ —————————————————————– မြန်မာနိုင်ငံရဲ့ မြို့တချို့မှာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခဆိုတာတွေကို ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့… စောင့်ကြည့်နေခဲ့ဖူးပါတယ်…။ ကြည့်နေရင်းတန်းလန်းမှာပဲ… ကမ္ဘာကျော်ပြဇာတ်ဆရာကြီး […]