black chawNovember 7, 20111min44823
အလေ့ကျ ပေါက်ပင် ကျွန်တော်က မစိုက်မပျိုးရပါပဲ ရွာထဲမှာ ပေါက်ခဲ့တဲ့ အလေ့ကျ ပေါက်ပင်ရယ်ပါ။ တဖြေးဖြေးနဲ့ အပင်လေး ကြီးပြင်းလာတဲ့အခါ အရိပ်ရပင်ဆိုလည်း ရွာသူရွာသားတွေအတွက် အရိပ်ခိုနားဘို့ လမ်းဘေးနားက အပင်လေးတစ်ပင်ပေါ့။ ဒါမှမဟုတ် အသီးလေးသီးလာတဲ့အခါ စားကောင်းပါရင်လည်း ရွာသူရွာသားတွေအတွက် စားပင်လေးတစ်ပင်ပေါ့။ ဒါမှမဟုတ် အပွင့်လေးပွင့်လာတဲ့အခါ မွှေးပျံ့တဲ့ ရနံ့နဲ့ လှပတဲ့ အဆင်းရှိခဲ့ပါရင်လည်း ဘုရားတင်ဘို့ ပန်းပင်လေးတစ်ပင်ပေါ့။ နောက်ဆုံးပေါ့ဗျာ အရိပ်လည်းမရ အသီးလည်း မစားကောင်း အပွင့်ကလည်း သုံးမရပါဘူးဆိုရင် အပင်ကိုဓါးနဲ့ခုတ်ပြီး ထမင်းဟင်းချက်တဲ့အခါ ထင်းအဖြစ်သာ သုံးပစ်လိုက်ကြပါ လွမ်းလောက်စရာမရှိပါဘူး ကျွန်တော်က အလေ့ကျပေါက်ပင်လေး တစ်ပင်ရယ်ပါ။