အလေ့ကျ ပေါက်ပင်။
အလေ့ကျ ပေါက်ပင်
ကျွန်တော်က
မစိုက်မပျိုးရပါပဲ
ရွာထဲမှာ ပေါက်ခဲ့တဲ့
အလေ့ကျ ပေါက်ပင်ရယ်ပါ။
တဖြေးဖြေးနဲ့
အပင်လေး ကြီးပြင်းလာတဲ့အခါ
အရိပ်ရပင်ဆိုလည်း
ရွာသူရွာသားတွေအတွက်
အရိပ်ခိုနားဘို့
လမ်းဘေးနားက
အပင်လေးတစ်ပင်ပေါ့။
ဒါမှမဟုတ်
အသီးလေးသီးလာတဲ့အခါ
စားကောင်းပါရင်လည်း
ရွာသူရွာသားတွေအတွက်
စားပင်လေးတစ်ပင်ပေါ့။
ဒါမှမဟုတ်
အပွင့်လေးပွင့်လာတဲ့အခါ
မွှေးပျံ့တဲ့ ရနံ့နဲ့
လှပတဲ့ အဆင်းရှိခဲ့ပါရင်လည်း
ဘုရားတင်ဘို့
ပန်းပင်လေးတစ်ပင်ပေါ့။
နောက်ဆုံးပေါ့ဗျာ
အရိပ်လည်းမရ
အသီးလည်း မစားကောင်း
အပွင့်ကလည်း သုံးမရပါဘူးဆိုရင်
အပင်ကိုဓါးနဲ့ခုတ်ပြီး
ထမင်းဟင်းချက်တဲ့အခါ
ထင်းအဖြစ်သာ သုံးပစ်လိုက်ကြပါ
လွမ်းလောက်စရာမရှိပါဘူး
ကျွန်တော်က
အလေ့ကျပေါက်ပင်လေး တစ်ပင်ရယ်ပါ။
23 comments
thit min
November 7, 2011 at 10:26 am
(သစ် ပင် ဘ လက် ချော ရွှင် လန်း ပါ စေ)
“သစ်” ပင်ဖြစ်လာရင်
“ပင် “စည်နဲ့ခိုင်မာလာမှာပါ
” ဘ” ဝကိုပုံရိပ်ဖော်သလို
“လက်”တွေ့ကျတဲ့အပွင့်လေးတွေ
ချော”မွေ့နေတဲ့ရိုးတံမှာ
“ရွှင်”ပြစွာကခုံကြရင်တော့
“လန်း” ကြည်စွာရှူချင်ကြမှာဘဲ
“ပါ” ပအဆိုးတရားတွေကိုဖျောက်ပေးပြီး
“စေ ” တလုံးနဲ့”ခင်ဗျား”အားလုံးကိုပြုံးစေခဲ့သူပါ၊ကိုဘလက်ချောရေ။
inz@ghi
November 7, 2011 at 10:29 am
ဟိုက်ရှားဘား ဆြာဘလက် ..
ရေးချက်က နိုင်းလောက်ရှိတယ် …
ကျွန်းပင်ကြီးဆိုရင်တော့ ဆြာဘလက် နိုင်ဂျံဂါး ရောက်ဦးမပေါ့နော်..
ခင်တဲ့…
ကြက်မောက်သီးပင်
အင်ဇာဂီ
koyinmaung
November 7, 2011 at 10:34 am
သူတို့ကျတော့လဲ ရေးတဲ့ဘလက်ချေားကလဲအရေးကောင်း…..
မန်းတဲ့ကိုသစ်မင်းကလဲအမန်းကောင်း…
တတ်လဲတတ်နိုင်ကြပါပေ့……
ပေါက်ဖော်
November 7, 2011 at 10:46 am
ဆရာချော..
အလေ့ကျပေါက်ခဲ့ပေမဲ့..
ငှက်ပျောပင်လို…တစ်ပင်လုံး အသုံးဝင်ပါတယ်..
မုန် ့ဟင်းခါးကြိုက်ရင်..အူကိုထုတ်စား.
မုန် ့ဖက်ထုတ်ကြိုက်ရင် ဖက်ခူးသွား..
အသီးကြိုက်ရင် ဖြုတ်စား..
အဟဲ..ဟဲ..
ခင်တဲ့..
ခွေယားပင်
😆
thit min
November 7, 2011 at 10:55 am
သူပြောကာမှ အလေ့ကျ ပေါက်တာထက် ပိုဆိုးနေပြီ။
သူ့အပင်နဲ့သူ့အသီး။ဖြုတ်ရဝူး၊ခူးရဝူးနော် ဒါဘဲ။တနားပါတယ်။ (^^)
windtalker
November 7, 2011 at 10:58 am
ကိုဘလက် ရဲ ့သစ်ရိပ်မှာ
ဝင်ရောက် ခိုနားသွားပါတယ်နော်
Shwe Ei
November 7, 2011 at 11:07 am
အလေ့ကျပင် ပေမဲ့လည်း အရိပ်ရ ရင်ကြိုက်တယ်ဗျာ။ ခုတ်တော့ ခုတ်ရဲဝူး။ သစ်တပင်ခုတ် ဘာဆိုလား။ 😛
Koyin Sithu
November 7, 2011 at 12:07 pm
အလေ့ကျ အပင်တော့ အပင်ပဲ..
ဒါပေမဲ့ တန်ဖိုးကြီး ကျွန်းပင်ကြီး…
ခုတ်ရောင်းလဲ နိုင်ငံခြားအထိဈေးပေါက်တယ်..
ဂေဇက်ရွာမှာ သက်တမ်းအရင့်ဆုံး
တန်ဖိုးအရင့်ဆုံး ရပ်တည်နိုင်ပါစေ…
ကိုကျွန်းချောရေ… 🙂 🙂 🙂
ဆူး
November 7, 2011 at 12:38 pm
အလေ့ကျပေါက်ပင်
အပင်တော့ အပင်ပဲ အရွက်နဲ့
အပင်တော့ အပင်ပဲ ပင်စည်နဲ့
အပင်တော့ အပင်ပဲ အကိုင်းအခက်နဲ့
အပင်တော့ အပင်ပဲ အဆီအနှစ်အပြည့်နဲ့
အပင်တော့ အပင်ပဲ တောနက်ကြီးရဲ့ တနေရာက အပင်
အပင်တော့ အပင်ပဲ လူတွေ မသိသေးတဲ့ အပင်
အပင်တော့ အပင်ပဲ လူတွေ သိရင် အလုအယှက် လိုချင်လိမ့်မယ်
အပင်တော့ အပင်ပဲ ဒေါ်လာသိန်းသောင်းတန်တယ်
အပင်တော့ အပင်ပဲ သစ်မွှေးပင်။
နေခြည်ဖျာလို့ လန်းဆန်းနိုင်ပါစေ။
ဆူးခက်ဝေဖြာ ဘေးလူ အနားမသီ ကာကွယ်နိုင်သည့် ဆူး ဖြစ်ပါ၏။
aye.kk
November 7, 2011 at 3:48 pm
အလေ့ကျပေါက်ပင်ဆိုတော့ လက်တို့ပြီးတော့ပြောရဦးမယ်
အလေ့ကျပေါက်တဲ့အပင်ဆို အရွက်ကျပြီးပြန်ပေါက်တဲ့ ရွက်ကျပင်ပေါက်လေးတောင်
သူ့နေရာနဲ့သူ အသုံးဝင်ခဲ့သေးတယ်လေ…အံတီတို့ခေတ်တုံးကပေါ့နော်..ရီစရာအဖြစ်ပြောတာပါ..
MaMa
November 7, 2011 at 8:53 pm
blackchaw ကို စိုက်ပျိုးစရာ (အရင်းစိုက်စရာ) မလိုပဲ နည်းအမျိုးမျိုးနဲ့ အကျိုးပြုပေးနိုင်တယ်လို့ အဓိပ္ပါယ်ပေါက်သွားပါကြောင်း…..
TTNU
November 7, 2011 at 9:53 pm
Blackchaw ရေ
ဆရာသစ်ကဗျာလေးက မောင်ရင့် အတွက် ရွှေတံဆိပ်ဆုပါပဲ။
အရိပ်ပေးတဲ့ သစ်ပင်လေး ထာဝရ အေးချမ်းပါစေ။
ကိုပေါက်(မန္တလေး)
November 7, 2011 at 10:05 pm
တယုတယ
ပြုစုလို့ရှင်တဲ့အပင်
သူ့စွမ်းအင်မပါသေး။
အလေ့ကျ
ရုန်းကြွလို့ပေါက်တဲ့အပင်
သူ့စွမ်းအင် တကယ်မသေး။
အဲဒါ
ကျျွန်တော်တို့ရွာက
ဖတ်ညွှန်းဆရာ
ဘလက်ချော ပါတဲ့လေး။
nature
November 7, 2011 at 11:27 pm
မဲလဲမဲ ချောလည်းချော ဆိုတော့ ထောပတ်သီးပင် ဖြစ်လိမ့်မယ်။ 🙂
pooch
November 7, 2011 at 11:40 pm
ကိုဘလက်ချောရေ ကျမကတော့ အခွင့်ရှိမယ်ဆိုရင် အင်ကြင်းပင်တော့ ဖြစ်ချင်သား…
blackchaw
November 8, 2011 at 10:47 am
@ thit min
ကဗျာလေး အတွက် ကျေးဇူးပါ။
ဆရာမကြီး က ကိုသစ်ရဲ့ ကဗျာလေးကို ကျွန်တော့် အတွက် ရွှေတံဆိပ်ပါတဲ့။
ကျေးဇူးတင်ပါတယ်ဗျာ။
@ inz@ghi
တိုးတိုးပြောပါ ဂိုင်းရေ။
သစ်တောက ကြားပြီး လာခုတ်နေပါဦးမယ်။
@ koyinmaung
ကျေးဇူးပါ ဆရာရယ်။
@ ပေါက်ဖေါ်
ငှက်ပျောပင် ဆိုရင်တော့
ပေါက်ဖေါ်ကြီးကို အရင်ကျွေးရမယ်။ ငှက်ပျောသီးးးးးးးးးးးးးး။
@ windtalker , Shwe Ei
အရိပ်ခိုသွားသူရော အပင်မခုတ်ရဲသူရော ကျေးဇူးပါဗျာ။
@ ကိုရင်စည်သူ
ကျွန်းချောဆိုလို့ မော်ဒလယ် လိုင်းဘက်ရောက်နေပါလား၊
ဝိနည်းနဲ့ မညီဘူးနော်၊ အသာလုပ်ပါကိုရင်ရေ။
@ ဆူး
ကဗျာလေးအတွက် ကျေးဇူးပါ အန်တီဆူးရေ။
ခါးနာတာပျောက်သွားပါပြီလား။
@ aye.kk
ရွက်ကျပင်ပေါက်လေးပဲ ဖြစ်ဖြစ်ပေါ့ အန်တီရေ။
@ MaMa
အလေ့ကျပေါက်ပင် ဆိုမှတော့ အရင်းစိုက်စရာ
လိုပါတော့မလား အန်တီ မမရယ်။
အလကား ပင်လို့လည်း ခေါ်လို့ရပါတယ်။ haha
@ TTNU
တီချယ်ကြီးရေ။ ရွှေတံဆိပ်ပေးတဲ့ အတွက်ကျေးဇူးပါ…။
@ ကိုပေါက်
ကဗျာလေးက ကောင်းလိုက်တာဗျာ။
ကျွန်တော့် ကို ရည်ညွှန်းပြီးရေးထားတော့ ပိုတောင်ကောင်းသေးတယ်။ haha:
@ nature , pooch
ထောပတ်သီးဆိုရင်တော့ ကျွန်တော်က ထောပတ်ပင်ကြီးပေါ့။
အင်ကြင်းပင်ဖြစ်ချင်ပါသော pooch ပြည့်စေဗျား။
ဆူး
November 8, 2011 at 11:56 am
ခါးနာတာ သက်သာသွားပါပြီ။
လုံးဝ သိပ်မကောင်းသေးဘူး အနားယူတဲ့ အဆင့်မှာပဲရှိသေးတယ်။
နားလိုက်ပါအုန်းမယ်။
amatmin
November 8, 2011 at 12:23 pm
ကို ဘလက်ကြီးရေ..
ကဗျာ ရေးတဲ့ သူရဲ့စိတ် ကို သူ့ကဗျာမှာ တွေ့နိုင်တယ်ဆိုတော့..
ဒါလေးကို လဲဖတ်ကြည့်မိရော..ကိုဘလက်ရဲ့ စိတ်စေတနာကောင်းတွေ ကိုခံစားမိတယ်ဗျာ..
ဒီ ကဗျာလေး ထဲကအတိုင်း ရှင်သန်နေထိုင် နေတဲ့လူလို့ မှတ်ယူပါတယ်ဗျာ…
etone
November 8, 2011 at 3:00 pm
ငါဧ။် ဘဝလွန်ဆိုးလှ၊
စိုက်မယ့်သူဝေး ၊
ပျိုးချင်သူပြေး ၊
အရိပ်လည်းမရ ၊
ဆူးများလွန်းလှ ၊
ဆေးဖက်မဝင် ၊
အကျဥ်းတန်ပင်၊
နာမည်လည်းပျောက်
အလေ့ကျပေါက် 🙄 ဘာရယ်မဟုတ်ဘူး ကိုချောကလက်ရေ … စိတ်ကူးပေါက်ရာ ရေးလိုက်တာ .. ဟီးဟီး 😀
ဆူး
November 8, 2011 at 4:04 pm
အဲဒါ ကနာ္တရထဲက ခြုံပင် တမျိုးနဲ့ တူတယ်။ ရေငတ်နေရင် အပင်ထဲက အရေကို စုပ်သောက်လိုက် တခါတည်း သေကော ဟိဟိ
Moe Z
November 8, 2011 at 3:04 pm
ဘာပြောရမှန်းကိုမသိတော့လို့ အပေါ်ကကိုသစ်မင်းရဲ့ comment ကိုပဲ plus လုပ်လိုက်တယ် 🙂
ကြောင်ကြီး
November 9, 2011 at 12:29 pm
အလေ့ကျ ပေါက်ပင်
မေ့မရ မောင့်ရင်
သေးလှေ-ာက်ဖင်
ဝေးစွ မထောက်ချင်…။ 😮
ကာရန်ကိုငဲ့… စာဟန်ပျိုချဲ့….ညှာတံချိုသဲ့ရသမို့……ရိုင်းသွားရင်……ခွေးလွှတ်ကြပါ။။။။ 🙂
ကိုပေါက်(မန္တလေး)
November 9, 2011 at 3:53 pm
အလေ့ကျ ပေါက်ပင်
မေ့မရ မောင့်ရင်
သေးလှေ-ာက်ဖင်
ဝေးစွ မထောက်ချင်…။
ကာရန်ကိုငဲ့… စာဟန်ပျိုချဲ့….ညှာတံချိုသဲ့ရသမို့……ရိုင်းသွားရင်……ခွေးလွှတ်ကြပါ။။
ဒီလိုပြင်ရေးမယ်
အလေ့ကျ ပေါက်ပင်
သေးလှေ-ာက်ဖင်ကို
အဝေးက မထောက်ချင်
မေ့မရ မောင့်ရင်
ကာရန်ကိုငဲ့… စာဟန်ကိုမမဲ့ရအောင် ……ရိုင်းသွားရင်……ခွေးလွှတ်ကြပါ။။။။ 🙂