black chawNovember 1, 20111min25031
ကျွန်တော်က ကိုသစ်မင်းကို အဆောင်နေကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံးနှစ်ရင်ခုန်သံကို ဖတ်ချင်ပါသည်ဟု ညနေက ကွန်းမန့်မှတဆင့်တောင်းဆို ခဲ့ပါသည်။ ကိုသစ်မင်း က ညဦးပိုင်းမှာပင် ချစ်ခင်ခဲ့ရပါသော အတိတ်တစ်ခု ခေါင်းစဉ်ဖြင့် အဆောင်ကို နောက်ဆုံးခွဲခွာခဲ့ရသော ကျောင်းသားတစ်ယောက်၏ ရင်ခုန်သံကို ရေးပြသွားခဲ့ပါသည်။ ကျေးဇူးပါ ကိုသစ်မင်းရေ။ ကျွန်တော် နောက် ကြောင်းပြန်နေတဲ့ မအောင်မြင်တဲ့ သီချင်းရေးဆရာ ဘလက် အကြောင်းက အဲဒီနောက်ဆုံးနှစ်မှာ ကျွန်တော့်ကို ကျောင်းမှာ မျက်နှာ ပွင့်စေခဲ့တဲ့ နှုတ်ဆက်ချိန် ဆိုတဲ့ သီချင်းလေးအကြောင်း ပြောချင်လို့ပါဗျာ။ လေးနှစ်လုံးလုံး ဘဝရဲ ့ အပျော်ရဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝရဲ့ နောက်ဆုံးအချိန်ဆိုတာ တွေးကြည့်ရင်တကယ် ဝမ်းနည်းစရာကြီးပါဗျာ။ ကိုသစ်မင်းရေ။ ကျွန်တော် တို့ နောက်ဆုံးနှစ်မှာ သမိုင်းဝန်း ထဲက မိန်းကလေးသူငယ်ချင်းတွေ အကုန်လုံး မာလာဆောင်ကို […]