ဆူးMarch 17, 20111min611
အထက်အညာ လေ့လာရေး ခရီးထွက်တဲ့ အုပ်စုအဖွဲ့ ညအိပ်ညနေ တည်းခိုရန်အတွက် ရွာညောင်ပင်ကြီးရွာကို ဝင်လာခဲ့တယ်။ ရွာထဲ အဝင်မှာတော့ ရွာလူကြီးများက တည်းခိုစရာ အိမ်ကြီးတခုကို နေရာချပေးတော့ လူငယ်အဖွဲ့ အထုတ်တွေချ ပြီး ရွာထဲကို လျောက်သွားကြသည်။ ရွာတလျောက်မှာတော့ ဖုန်ထူထူနဲ့ လူတွေ သွားလာနေကြသလို ရွာကို အလည်လာတဲ့ လူတွေ ကို မြင်ချင် သိချင်လို့ လာတဲ့ ရွာက လူတွေကလည်း တဖွဲဖွဲနဲ့ လာကြတယ်။ တည်းခိုစရာ အိမ်ကြီးရဲ့ ဘေးနှစ်ဘက်မှာတော့ တဲအိမ်လေးတွေဘဲ ရှိပါတယ်။ ထိုအိမ်က သည် တရွာလုံးတွင် အကြီးဆုံး ဖြစ်ပြီး ရှေးဟောင်းအိမ်ကြီး ဖြစ်သည့်အလျောက် အိမ်ကြီးက နှစ်ထပ်အိမ်ဖြစ်ပြီး အိမ် အတွင်းပိုင်း အခန်းအလွတ်တွေ များစွာ ရှိပါသည်။ အခန်းလွတ်များစွာ ထဲကမှ […]