mr.dark bloodAugust 11, 20101min1292
ဒီစာလည်း ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ ကြိုက်လို့ ပြန်တင်ပေးတာပါ။ ကိုယ်ပိုင်ရေးစာမူဖြစ်ကြောင်း။ Version ပြောင်းထားသော အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေးတစ်ယောက်သို့ သူငယ်ချင်းများအတွက် လွမ်းပြီးရင် ရယ်ရအောင် ကျွန်တော်ရေးထားတဲ့ အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေး ကဗျာလိုလို စာလိုလိုအား စာသားစာပိုဒ်အဖြစ် ဗားရှင်းပြောင်း သီကုံးပြီးရေးထားပါတယ်။ဖော်ပြဖူးထားတဲ့စာသားမို့ တစ်ဝက်ကိုသာ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။ ညီငယ်က လွမ်းအောင် လုပ်နေရင် ကျွန်တော်က ရီမောပျော်ရွှင်ရအောင် လုပ်ပေးပါမယ်။ အားလုံးကို ချစ်တဲ့၊လေးစားတဲ့ မိုက်ခဲ အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေးတစ်ယောက်သို့ အမဆို ခြင်မတောင် ခြင်ထောင်တဲ့ မသွင်းခဲ့တဲ့ မောင်ဟာ မနဲ့ကျမှ ခြင်ဆေးခွေတောင် မထွန်းရက်လောက်အောင် မချစ်ကြီးဖြစ်နေ မိပြီ။မ.ချောင်းရိုက်လိုက်တဲ့ မောင့်အသည်းနုလုံးလေးဟာလည်း အခုဆိုရင် အလွမ်းဆေးရုံပေါ်မှာ မျှော်လင့်ချက်ကင်ဆာရင်ဝယ်ပိုက်ရင်း အော်ပရေးရှင်းဝင်နေရပြီ။နေက်ပြီး […]


mr.dark bloodAugust 11, 20101min1413
ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ စာလေးပါ….။ ဝက်ဘ်ဆိုဒ်တစ်ချို့မှာ တင်ခဲ့ပေမယ့် အမှတ်တရအဖြစ် ပြန်လည်တင်ပြရခြင်းဖြစ်ကြောင်း…..။ ဟက်ပီးနယူးရီးယား ဒီည ပဲကြီးလှော်နဲ့ရေနွေးကြမ်းသောက်ပြီး ဟက်ပီးနယူးရီးယားကိုကြိုဆိုမယ်။ ဘတ်စကားစပါယ်ရာကို အကြွေပေးပြီး ဒီထက်မက တိုးတက်နိုင်ပါစေလို့ ဆုတောင်းခိုင်းမယ် မီးကိုလည်း မကြာခဏလာပါစေလို့ ဖယောင်းတိုင်သက်စေ့ထွန်းပြီး ဆုတောင်းမယ် နှစ်သစ်မှာ တိုးတက်သွားတဲ့ ဖုန်းခတွေကို မော်ကြည့်ရင်း လက်ပြနှုတ်ဆက်မယ်။ ဒူးမခိုင်တဲ့ကွန်နက်ရှင်အတွက် ဆာဒူးကြီးရဲ့အကူအညီနဲ့ ကောင်းသွားပါစေလို့ ဆုတောင်းမယ်။ နပုန်းလိင်ဦးရေတိုးတက်လာတဲံ့ ဒီကမ္ဘာကြီးမှာ မိန်းမအစစ်ကို ခွဲလိုရတဲ့နည်းတွေ့ပါစေလို့ဆုတောင်းမယ်။ အမေရိကားထက် ငါးဆကွာနေတဲ့ မြန်မာနိုင်ငံကစာမူခတွေ အမြန်ဆုံး ရင်ဘောင်တန်းနိုင်ပါစေလို့ ဆုတောင်းမယ်။ ဘတ်ချောထွန်း(အော်ရယ်ဂျင်နယ်က ထွန်းထွန်း)၊ကင်တိုး(မောင်တိုး)တို့လို့ ကိုရီးယားဖက်စပ်နာမည်ပြောင်းမယ်။ ဗုဒဘာသာဆိုတာဘာလဲလို့မေးတဲ့ ဗုဒ္ဒဘာသာဝင်တွေကို ရုံသွင်းပြစားမယ်။ ခြေသလုံးတုတ်တုတ်၊ပေါင်လုံးတုတ်တုတ်နဲ့စကတ်တိုဝတ်တဲ့သူတွေကို လူအများအား ခြိမ်းခြောက်မှု၊ထိတ်လန့်မှုဖြစ်စေလို့ ထိရောက်စွာအရေးယူမယ်။ သူများသီချင်းခိုးချပြီးထုတ်တဲ့ကော်ပီအဆိုတော်တွေနဲ့ခိုးကူးခွေရောင်းတဲ့သူတွေကို သွေးသောက်ညီအစ်ကိုဖွဲ့ခိုင်းမယ်။ လီမင်ဟို၊ကင်ဘမ်စတဲ့ကိုရီးယားမင်းသား၊မင်းသမီးတွေကို ဆယ်ဖက်သက်ကြိုက်နေတဲ့သူတွေအတွက် ပြည်တွင်းဖြစ်ကိုသာ […]