ဟက်ပီးနယူးရီးယာ

mr.dark bloodAugust 11, 20101min1313

ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ စာလေးပါ….။

ဝက်ဘ်ဆိုဒ်တစ်ချို့မှာ တင်ခဲ့ပေမယ့်

အမှတ်တရအဖြစ် ပြန်လည်တင်ပြရခြင်းဖြစ်ကြောင်း…..။

ဟက်ပီးနယူးရီးယား

ဒီည

ပဲကြီးလှော်နဲ့ရေနွေးကြမ်းသောက်ပြီး ဟက်ပီးနယူးရီးယားကိုကြိုဆိုမယ်။
ဘတ်စကားစပါယ်ရာကို အကြွေပေးပြီး ဒီထက်မက တိုးတက်နိုင်ပါစေလို့ ဆုတောင်းခိုင်းမယ်
မီးကိုလည်း မကြာခဏလာပါစေလို့ ဖယောင်းတိုင်သက်စေ့ထွန်းပြီး ဆုတောင်းမယ်
နှစ်သစ်မှာ တိုးတက်သွားတဲ့ ဖုန်းခတွေကို မော်ကြည့်ရင်း လက်ပြနှုတ်ဆက်မယ်။
ဒူးမခိုင်တဲ့ကွန်နက်ရှင်အတွက် ဆာဒူးကြီးရဲ့အကူအညီနဲ့ ကောင်းသွားပါစေလို့ ဆုတောင်းမယ်။
နပုန်းလိင်ဦးရေတိုးတက်လာတဲံ့ ဒီကမ္ဘာကြီးမှာ မိန်းမအစစ်ကို ခွဲလိုရတဲ့နည်းတွေ့ပါစေလို့ဆုတောင်းမယ်။
အမေရိကားထက် ငါးဆကွာနေတဲ့ မြန်မာနိုင်ငံကစာမူခတွေ အမြန်ဆုံး ရင်ဘောင်တန်းနိုင်ပါစေလို့ ဆုတောင်းမယ်။
ဘတ်ချောထွန်း(အော်ရယ်ဂျင်နယ်က ထွန်းထွန်း)၊ကင်တိုး(မောင်တိုး)တို့လို့ ကိုရီးယားဖက်စပ်နာမည်ပြောင်းမယ်။
ဗုဒဘာသာဆိုတာဘာလဲလို့မေးတဲ့ ဗုဒ္ဒဘာသာဝင်တွေကို ရုံသွင်းပြစားမယ်။
ခြေသလုံးတုတ်တုတ်၊ပေါင်လုံးတုတ်တုတ်နဲ့စကတ်တိုဝတ်တဲ့သူတွေကို လူအများအား ခြိမ်းခြောက်မှု၊ထိတ်လန့်မှုဖြစ်စေလို့ ထိရောက်စွာအရေးယူမယ်။
သူများသီချင်းခိုးချပြီးထုတ်တဲ့ကော်ပီအဆိုတော်တွေနဲ့ခိုးကူးခွေရောင်းတဲ့သူတွေကို သွေးသောက်ညီအစ်ကိုဖွဲ့ခိုင်းမယ်။
လီမင်ဟို၊ကင်ဘမ်စတဲ့ကိုရီးယားမင်းသား၊မင်းသမီးတွေကို ဆယ်ဖက်သက်ကြိုက်နေတဲ့သူတွေအတွက် ပြည်တွင်းဖြစ်ကိုသာ အားပေးပါဆိုတဲ့ စာသား တစ်နေ့ ဆယ်ခေါက်ကျက်ခိုင်းမယ်။
ဘရက်ပစ်နဲ့ဂျိုလီလို Living together စနစ်ကျင့်သုံးချင်တဲ့ပုဂိ္ဂုလ်တွေကို ဟောလိဝုဒ်အရောက် ကန်ထုတ်ပေးမယ်။
ဂျပန်စာ၊တရုတ်စာ၊အင်္ဂလိပ်စာမိုးမွန်နေအောင်တက်ပြီး အမိမြန်မာစာကျတော့
ဗျည်းနဲ့သရ ဘယ်နှစ်လုံးတောင်ရှိမှန်း မပြောနိုင်တဲ့ ပညာရှင်တွေကို
ကကြီးခခွေးကစပြီး သင်ခိုင်းမယ်။
နပိုလီယန်အရပ်ပုတာ၊စာဖတ်မြန်တာ သိပြီး သမိန်ဗရမ်းဘယ်နှစ်ယောက်ရှိတာတောင် မသိသေးတဲ့ပုဂိုလ်တွေကို မြန်မာ့သမိုင်း ပြန်သင်ခိုင်းမယ်။
ကံဆိုတာ ဇာတာနဲ့ဆိုင်တယ်လို့ဆိုတဲ့ပုဂိုလ်တွေကို နပုန်းလိင်စာရင်းထဲ သွင်းပစ်မယ်။
ညအရေးလအကွေးမှာ စောင်ကလေးထွေးပြီး နောင်အရေးတွေးပူနေတဲ့သူတွေအတွက် ပစ္စုပန်ကိုပဲရှု့ဆိုတဲ့ဘုရားစကား နားတော်သွင်းမယ်။
သူများဝန်ထမ်းပြီးအသက်ရှင်နေရတဲ့သူတွေအတွက် ကိုယ်ဝန်ကိုယ်ထမ်းပြီး အသက်ရှင်ရတာ မကောင်းဘူးလားလို့ မေးကြည့်မယ်။
အိုင်ဒီယာရှိပြီး အရင်းအနှီးမရှိလို့ဆိုတဲ့ သူတွေအတွက် သတိ္တရှိစမ်းပါလို့ ဆိုချင်တယ်။

(လွန်ခဲ့သော ဇန်နဝါရီညသန်းခေါင်ယံမှာ ရေးသားထားသည့် စာဖြစ်ပါသည်။)

ဖတ်ရှု့ပေးသူများအားလုံး ကျေးဇူးတင်ရှိပါသည်။

3 comments

  • Yin Nyine Nway

    August 11, 2010 at 9:29 am

    စိတ်ကူးလေးကောင်းပါတယ်

  • Bl@dE

    August 28, 2010 at 6:39 am

    ကောင်းတယ်ဗျာ!!!!!တကယ်ပါ…လေးလဲလေးစားပါတယ်
    ဒီနေ.ခေတ်ဖြစ်ပျက်နေတာတွေအကုန်လုံးကိုပြောထည်.လိုက်တာ ရှယ်ပဲ…
    idea ကိုလဲချီးကျူးမိတယ်ဗျာ…နောက်လဲဒီလိုမျိူးလေးတွေရေးအုံးဗျာ..ကောင်းလွန်းလို.ပါ

  • Gong Zhu

    September 14, 2010 at 11:15 pm

    (သူများသီချင်းခိုးချပြီးထုတ်တဲ့ကော်ပီအဆိုတော်တွေနဲ့ခိုးကူးခွေရောင်းတဲ့သူတွေကို သွေးသောက်ညီအစ်ကိုဖွဲ့ခိုင်းမယ်။) ကောင်းတယ် ။

    လီမင်ဟို၊ကင်ဘမ်စတဲ့ကိုရီးယားမင်းသား၊မင်းသမီးတွေကို ဆယ်ဖက်သက်ကြိုက်နေတဲ့သူတွေအတွက် ပြည်တွင်းဖြစ်ကိုသာ အားပေးပါဆိုတဲ့ စာသား တစ်နေ့ ဆယ်ခေါက်ကျက်ခိုင်းမယ်။

    ဟားဟား ဟုတ်တယ် ။ ။ ။ ကိုရီးယား ကားကိုတော်တော်ကြိုက်နေကြတာပဲနော် . . .

Leave a Reply