ခင္ခOctober 28, 20131min36111
” တစ်ခါတုန်းက အဖေ့စကားတစ်ခွန်း”   ငယ်ရွယ်တုန်းကပေါ့ အိမ်ကိုအဖေ့ဧည့်သည်လာလည်တော့ မုန့်ပုံးထဲကမုန့်ကိုပုဂံနဲ့ထဲ့ပြီး ဧည့်သည်ကိုဧည့်ခံတယ်၊ အဲဒီဧည့်ခံတဲ့မုန့်ကို စားချင်နေတဲ့စိတ်က ကျွန်တော်မှာမုန့်ပုဂံ ဧည့်ခန်းဆီသွားပို့စဉ်ဖြစ်မိတယ်။ ဒါနဲ့ဘဲ ဧည့်သည်လည်းပြန်လို့ အိမ်ရှေ့ပေါက်ဝမှာ အဖေ့ကိုနုတ်ဆက်နေတုန်းဘဲရှိသေးတယ် ကျွန်တော်က ခုနမုန့်ပုဂံဆီသွားပြီး မုန့်ကိုယူစားလိုက်တယ်။ အဲဒါကို အဖေ့ကလှမ်းမြင်တယ်လေ။ အဲဒီတော့ ဧည့်သည်လည်း ကားမောင်းထွက်သွားတယ်ဆိုရင်ဘဲ အဖေက ခုနမုန့်ပုံးကို ကျွန်တော်ရှေ့မှာချပြီး သားစားစမ်း ကြိုက်သလောက်လို့ ကျွေးတော့ စားတာပေါ့။ ခဏလည်းနေရော ဗိုက်ကပြည့်တော့ ဆက်မစား နိုင်တော့ဘူး တော်ပြီလို့အဖေ့ကိုပြောလိုက်တယ်။ ကျွန်တော်စားတာထိုင်ကြည့်နေတဲ့ အဖေက အဲဒီမုန့်ပုံး ကုန်အောင်ဆက်စား မကုန်ဘဲရပ်ရင်ရိုက်မယ်ဆိုပြီး ကြိမ်လုံးယူလိုက်တယ်ဆိုရင်ဘဲ ဆက်စားပေမယ့် တစ်ခု နှစ်ခုလောက်ဘဲစားပြီးဆက်မစားနိုင်တော့ စားနိုင်တော့ဘူး အဖေလို့လည်းပြောလိုက်ရော အဖေက ဆက်စား မလား အရိုက်ခံမလား ကြိုက်တာရွေးတဲ့ အဖေကရွေးခိုင်း တော့ လက်လေးပိုက်ပြီ […]