အဇဋာJuly 3, 20121min56512
အဖြူအမည်း အိပ်ခန်း လာဗန်ဒါပန်းတွေနဲ့ စိမ်ထားတဲ့ အခင်းတွေနဲ့… ကြမ်းတမ်းမာကြောတဲ့ အိပ်ယာ။ အိပ်ခန်းမျက်နှာကျက်ပေါ် ကန္တာရပန်းတွေ နောက်ထပ်…လိမ္မော်ရောင်ပန်းတွေ တသီတစ်တန်း။ ရှက်ရွံ့ အားငယ်စိတ်တွေ၊ ထိတ်လန့်မှုတွေ မရှိဘူး… ငါ…ထင်တယ် ဒါဟာကောင်းတဲ့ မျှော်လင့်ချက် လက္ခဏာပဲ…။ စိတ်အစဉ်ဟာ သော့ခတ်မထားတဲ့ ဒိုင်ယာရီတစ်ခုလို… အံဆွဲထဲမှာ။ စာမျက်နှာတွေကတော့… လေပြေထဲမှာ တစ် ရွက် ချင်း၊ တစ် ရွက် ချင်း။ စိတ်ကူးထဲက ထွက်ကျလာတဲ့… ပန်းပွင့်ရုပ်ပုံလွှာတွေ အတိုင်း။ ချိန်းကြိုးပေါ်မှာ အဖိုးတန်ကျောက်တစ်တုံး ဒါ…နှလုံးသားအပိုတစ်စုံလည်း ဖြစ်နိုင်ရဲ့။ ငါကြည့်နိုင်တာက ဘိုးဘွားပိုင်ပစ္စည်းတစ်ခု… နောင်တတွေမပါဘဲဒါမှမဟုတ် နောင်တနဲ့ ငိုကြွေးခြင်းတွေမပါဘဲ… ဒူးထောက်အရှုံးပေးခြင်းတွေမပါဘဲ… ရှည်မျောမျော ခြင်းတောင်းထဲမှာ။ ရေဖန်ခွက်တစ်ခု၊ ငါ့ရဲ့ နေကာမျက်မှန် နောက်…ဖွင့်ဟထားတဲ့ ငါ့လက်မောင်းတွေ… စောင့်ဆိုင်းနေတဲ့ ထွေးပွေ့မှုအောက်.. ငါ့ရဲ့ယောက်ျားဆန်တဲ့ […]


အဇဋာJune 3, 20121min2285
အရာအားလုံးဟာ ငါတို့ရဲ့ဥပဒေသတွေအောက်မှာ ငါတို့… ကိုယ့်တိုးတက်မှုအတွက်ပဲ သွားခဲ့ကြတယ် မျှော်လင့်ချက် ပြူတင်းတခါးတွေက ငါတို့ကို ရပ်တန့်စေခဲ့ နောက်ထပ်ကမ္ဘာတစ်ခုကိုလည်း ရွေ့လျားသွားစေခဲ့တယ်။ တိုက်ခန်းငါးခုစာလောက် သိမ်းဆည်းပြီးသွားပြီ။ သံထည်တွေ၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေ နောက်ထပ်မြို့တစ်ခုရဲ့ သင်္ချိုင်းထဲမှာပေါ့။ အများကြီးပဲ… ဂေါ့ဖ် သင်ရုံးညွန်းတမ်းတွေ၊ ဇိမ်ခံအိမ်တွေရော။ စိမ်းပြာရောင် လယ်ကွင်းတွေ၊ ရှုမျှော်ခင်းတွေ အတိတ်တွေကို သိမ်းဆည်းရင်း… မိုးတိမ်လွင်ပြင်တွေနဲ့သာ… စစ်ပွဲတွေဟာ ရလဒ်မသိရဘဲ အနီရောင်တွေအဖြစ် ကျန်ရှိနေလေရဲ့။ ဟုတ်တယ်… အဲဒါဟာ ခင်ဗျားဧည့်ခန်း သေဆုံးသွားခြင်း။ ကဲ…ဘယ်လိုကြည့်မလဲ? အမှားမဟုတ်တဲ့အရာတွေနဲ့လား? မသေစေတဲ့အရာလား? အနမ်းမခံတဲ့အရာလား? ကြည့်လိုက်… ခင်ဗျားပြောသလိုပဲ… မြင်ကွင်းတစ်ခုလုံး ငါတို့အပေါ်မှာပဲလေ။ ငါတို့ မလှုပ်ရှားရင် ငါတို့ မလွဲနိုင်တော့ဘူးပေါ့။ (Heather McHugh ၏ Glass House ကို ပြန်ဆိုပါသည်) […]