weiweiMay 29, 20111min1435
သန်လျင်မြို့မှ ဘုံပျံပရိယတ္တိစာသင်တိုက်မှ တည်ထောင်ထားသော ဘက ကျောင်းတစ်ကျောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ သူငယ်တန်းမှ ၈ တန်းအထိ ပညာသင်ပေးနေပြီး ကျောင်းသားပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ သန်လျင်တံတားမှ ဆင်းဆင်းချင်း အောင်သုခ မီးရထားဘူတာ ဘေးမှာ တည်ရှိပါတယ်။ မနှစ်က ကျောင်းအပ်လက်ခံတဲ့ မေလမှာ ကျွန်မတို့မိသားစုကလဲ ဆရာတော့်ကို အလှူပင့်ဖိတ်ဖို့သွားရင်း ကျောင်းလာအပ်တဲ့ ကျောင်းသားများနဲ့ မိဘများအခြေအနေကို တွေ့မြင်ခဲ့ရပါတယ် … (ဓါတ်ပုံမရိုက်ခဲ့မိလို့ ပြစရာမရှိပါ) ဦးဇင်းတစ်ပါးက စားပွဲလေးတစ်လုံးနဲ့ ထိုင်နေပါတယ်။ ကျောင်းသားမိဘတွေက သူတို့ကလေးတွေကို လက်စွဲလို့ ဘုန်းကြီးကျောင်းပေါ်တက်လာပြီး ကျောင်းအပ်ကြပါတယ်။ ဦးဇင်းက စာရင်းစာအုပ်ထဲမှာ ဘယ်နှစ်တန်းလဲ? နံမည်ဘယ်သူလဲ? အဖေနံမည်ဘယ်သူလဲပဲမေးပြီး ကျောင်းအပ်ခြင်း ပြီးဆုံးသွားပါတယ်။ စေတနာရှိလျှင် အလှူငွေထည့်ဝင်နိုင်ပြီး မလှူနိုင်လဲရပါတယ်။ ဘာစာအုပ်ဖိုးမှလဲ ပေးစရာမလိုပါဘူး။ ကျောင်းဖွင့်လျှင် ဆရာတော်မှ ကျောင်းသားအားလုံးအတွက် စာအုပ်အလကားပေးဝေမှာဖြစ်ပါတယ်။ […]