ဆူးOctober 29, 20101min30018
ဟိုတနေ့က ဘုန်းကြီးကျောင်းသွားရင်းနဲ့.. ကြားခဲ့ရတဲ့ တကယ့် အဖြစ်အပျက်ဟာသလေးပါ.. ဘုန်းကြီးက မြို့မှာ ကျောင်းထိုင်ပေမဲ့ ဇာတိဖြစ်တဲ့ ရွာက ဒကာ ဒကာမတွေ လာပြီး ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လုပ်နေကြတယ်။ ကပ္ပိယ လုပ်တဲ့ အထဲမှာ ကိုရဲလို့ ခေါ်တဲ့ လူငယ်လေး တယောက် ပါတယ်။ အမှန်တော့ ရွာမှာ ထားရင် အသုံးကမကျ ကျပ်မပြည့် ကျပ်မပြည့်ဘူး ပြောရအောင်လည်း သိပ်ပိန်းလွန်းတာ မဟုတ် သူ့အတွက်သူက ပြည့်ရှာပါတယ်။ ရွာက မိဘများ မရှိကြတော့ ဘုန်းကြီးကျောင်းပို့ထားတယ်။ ဦးကြီး ဒေါ်ကြီးတွေက ကျွှေးရသက်သာအောင် ကျောင်းအလုပ်လည်း ဖြစ်အောင် ဆိုပြီး ပို့ထားတယ်။ အရွယ်ကလေး တက်သစ်စဆိုတော့ သူများတွေ ရည်းစားထားတာ မြင်တော့ သူလည်း ထားချင် ရှာပုံရတယ်။ သူပေးတဲ့ […]