ထော် လေးDecember 6, 20131min1659
အလံဖြူမပါတဲ့ အိမ်မက်ရထားနဲ့ စရွေးကိုက်အံဝှက်လေးထဲ (ငါ့ကိုယ်ငါ) သော့ခတ်ထားတယ်….. ငါ့သက်ပြင်းရှည်တွေ ငါပြန်ရှုရှိုက်ရင်း မှန်ပြတင်းရဲ့အခြားတစ်ဖက်က လွပ်လပ်ခြင်းတွေ အားကျရင်းပေါ့….. ရက်ရာဇာမပါတဲ့ ပြက္ခဒိန်ကို ခေါင်းအုံးအိပ်မိမှတော့ အိပ်မက်တွေခါးနေတာ မဆန်းပါဘူး….. နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ တစ်ဖက်တစ်ချက်က ကြိုဆိုပါ၏ ဆိုတဲ့စာသား ဘာလို့များ (ငါ) မေ့နေပါလိမ့်…,