etoneFebruary 16, 20111min1788
ဒီတစ်ခါ ကိုဖတ်တီး ရေးတဲ့ ပို့စ်နဲ့ ခပ်ဆင်ဆင်လေး ဖြစ်ခဲ့ဖူးတာ ရေးပါမယ် ။ မှတ်မှတ်ရရ ၂၀၁၁ ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကပေါ့ …. ကျမချစ်သူ ဆေးရုံ အတတ်ပြပြီး အပြင်ပြန်ထွက်ကာ ဗိုလ်တထောင်ဘုရားကို သွားခဲ့ပါတယ် ။အော်ပရေးရှင်းက နောက်နေ့မနက်ဆိုတော့ မနက် စောစောမှ ဆေးရုံပြန်ဝင်နေလိုက်မယ်ဆိုပြီး လစ်လာတာပါ ။ စားချင်တာတွေ လျှောက်စားပြီး ၊ညနေစောင်းတော့ ဗိုလ်တထောင်ဘုရားဝင်တာပေါ့ …။ ကုသိုလ်လေးဘာလေးလည်း လုပ်ချင်လို့ပါ … ။  ဘိုးမင်းခေါင်ကို တိုင်တည်ပြီး ရလာတဲ့ ပိုက်ဆံတွေထဲက စာကလေးလွှတ်မယ်လို့ ရည်ရွယ်ထားတာ ရှိတဲ့အတွက်ကြောင့်ပါ ။ ဘုရားရောက်တော့ ခြောက်နာရီခွဲလောက်ရှိပြီမို့ စာကလေးသည်တွေ ပြန်သွားမှာစိုးလို့ ဘုရားအရင် ဝင်မကတော့ပဲ ဝင်ဝင်ခြင်း မုဒ်ဝ ထိပ်မှာ စာကလေး လွှတ်ပါတယ်…. […]