unclegyi1974October 18, 20103min1835
သီတင်းကျွတ်လ ဆန်း ၁ဝရက်၊ 2010 oct 18 မန္တလေးမြို့ရဲ့ဘုးရားပွဲအစ ဘုရားသုံးဆူကတဲ့ ဒီနေ့ဘုရားသုံးဆူပွဲစပါပြီ ၂၉လမ်းနဲ့လမ်း၃ဝကြား ၈၃လမ်းနဲ့၈၂လမ်းကြား သည်ဘုရာ းသုံးဆူဝင်းဖြစ်ပါသည်။ ဝင်းအတွင်းရှိမူလစေတီသုံးဆူကိုမောင်နှမသုံးဦးမှ တည်ထားခဲ့တယ်လို့ပါးစပ်ရာဇဝင်ရှိပါတယ် မြန်မာသက္ကရာဇ် ၁၁၂၉ ခုနှစ်တွင်ကုန်းဘောင်ဆင်ဖြူရှင် မင်းတရားကြီးလက်ထက်က ယိုးဒယားမင်းနှင့်တကွနိုင်ငံ အလုံးကိုအောင်နိုင်ပြီး ယိုးဒယားလူမျိုး ၁၀၆၁၀ဝ ကို ရတနာပူရ အဝမြို့သို့ခေါ်၍သင့်ရာအမှုထမ်းစေ၏ ထိုအဆက်အနွယ်မှမောင်နှမသုံးဦး သည်စေတီသုံးဆူကို တည်ခဲ့သည်ဟု နတ်မောက်ထွန်းရှိန်ရေးသည့် ဝင်းတွေနဲ့ တည်ခဲ့သည့်မင်းနေပြည် စာအုပ်တွင်မှတ်တမ်းတင်ထား သည်ကိုလည်းဖတ်ရှု ရပါသည် စေတီသုံးဆူကိုကာ၍လမ်းမတန်း (၈၂လမ်း)မေးတင်၍ နောက်မှဆောက်လုပ်ထားသောဓမ္မရုံပင်လျှင် မြန်မာသက္ကရာဇ် ၁၂၉၄ ခုတွင်ဆောက်လုပ်ထားကြောင်း တွေ့ရှိရပါသည် ဓမ္မာရုံတွင်းလှူထားသောဘုရာ တဆူတွင် မြန်မာသက္ကရာဇ် ၁၃၀၈တွင် ဦးခြုံ ဇနီးဒေါ်စောမှလှူဒါန်းသည် ဟုမှတ်တမ်းတင်ထားကြောင်းတွေ့ရှိရပါသည် ဘုရားသုံးဆူ ပွဲသည်သိတင်းကျွတ်လဆန်း ၁ဝ ရက်နေ့မှစသော်လည် ဈေးသည်များသည်တော်သလင်းလကတည်းက ဆိုင်များဖွင့်ပြီးရောင်းချနေကြတာပါ […]