fattyAugust 22, 20111min28921
ကျနော့သားကြီး အခု ဖတ်စ်စမက်စတာ ဖြေနေရပြီ ပြီးရင် ကျောင်းတစ်လပိတ်မယ် ….။ ကျနော်ဖုန်းထဲကနေပြောဖြစ်တယ် …. မင်းပြန်လာမှာမှုတ်လား ….။ ကျနော်ပြန်မလာတော့ဘူးဖေကြီး … ဒီမှာဘဲအလုပ်ဆက်လုပ်ပြီးငွေစုလိုက်အုံးမယ်စိတ်ကူးတယ် …။ မင်းအဲဒီမှာနေတော့ ကုန်ကျစားရိတ် မများပေဘူးလား …။ ဖေကြီး .. သားပြန်လာလဲ လေယာဉ်ခ ကုန်အုံးမယ် … ပြီးတော့နေနေ မနေနေ အိမ်ငှားခကပေးရမှာဘဲလေ ..။ အမှန်ကတော့ ကျနော ်သားကိုလွမ်းနေခြင်းဖြစ်ပါသည်။ ပြန်လာစေချင်သည်။ သားမျက်နှာတွေ့ချင်သည်။ ကျနော် ဆင်ခြေဆင်လက်ရှာရပြန်သည်။ ဖေကြီးဆိုလိုတာက … မင်း exam အတွက် အတော်လေးပင်ပန်းနေပြီ ..။ ပြန်လာပြီးအနားယူပါလားကွ ချာချင်ပြန်သွင်းတာပေါ့ကွာ .. လိုအပ်တဲ့သင်တန်းတွေတက်ချင်ရင်လည်း စားရိတ်စားက နဲနဲနဲ့ တက်လို့ရတာပေါ့ … မဟုတ်ဘူးလား ..။ ဘာသင်တန်းမှမတက်ပါရစေနဲ့တော့ ဖေကြီးရာ […]