မောင်ဆန်းOctober 25, 20116min15910
ဒီပို့စ်ကို ခရီးသွားတွေ အရောက်အပေါက်နဲတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ဘူတန်ဆိုတာ ဘယ်လိုလို့ အကျဉ်းလောက်သိရုံ  ဓါတ်ပုံလေးတွေ ကို ကိုယ့် ရွာသားတွေအတွက် ဒေသန္တရ ဗဟုသုတအနေနဲ့ တင်ရုံလောက်လို့ တွေးထားခဲ့ပေမဲ့ တကယ်တင်မိတော့ ဓါတ်ပုံချည်းပဲဆို ပြည့်ပြည့်စုံစုံ မရှိနိုင်တာမို့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေ ထည့်ချင်သော်လည်း လွန်ခဲ့တဲ့ (၅)နှစ်က အကြောင်းအရာမို့ တော်တော်များများက ပြန်ဖော်လို့ မရတော့ဘူး ထုံးစံအတိုင်း အင်တာနက်ဆိုတာချည်းထဲ ဝင်မွှေရင်း ပြောရမှာမို့ သိပ်တော့ အားရ ပါးရ မရှိတာ အမှန်ပါ ဒါပေမဲ့ စာဖတ်သူတွေအတွက် အကျိုးအမြတ်မဖြစ်တောင် အကျိုးမဲ့တော့ မဖြစ်စေရဘူးဆိုတဲ့ စေတနာလေးနဲ့ ရေးဖြစ်တာအတွက်ကတော့ ကျေနပ်မိပါတယ်….. ဦးပါလေရာ မေးတဲ့ ဘူတန်စီးပွားရေးအကြောင်း နဲနဲ ရွှီးရရင် (:D) တိုင်းပြည်ရဲ့ဝင်ငွေက စိုက်ပျိုးရေး၊သစ်တော နဲ့ ရေအားလျှပ်စစ်ကို အိန္ဒိယနိုင်ငံဆီရောင်းတာတွေကနေ […]


မောင်ဆန်းOctober 21, 20118min30721
ပါရို မြို့က ဘူတန်ရဲ့ ဒုတိယမြို့တော်ဆိုပေမဲ့ ကျွန်တော်တို့ဆီက မြို့ငယ်လေးတစ်ခုသာသာပါ နေထိုင်တဲ့လူတွေရဲ့ အမူအကျင့်တွေကလဲ မြန်မာပြည်က နယ်မြို့လေးတစ်ခုကို ရောက်တဲ့အချိန် မြင်ရတဲ့ မြင်ကွင်းမျိုးလေးတွေပဲ  မပဒုမ္မာပြောသလို “နိုင်ငံလေးက အေးအေးချမ်းချမ်းရှိပြီး ရောင့်ရဲတတ်တဲ့သူတွေ နေနေကြသလိုဘဲ။ပုံလေးတွေကြည့်ရတာ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာဆိုတဲ့ ဝတ္ထုကို သတိရတယ်။တိဗက်တောင်ကြားမှာ အသက်ရာကျော်ရှည်အောင် လုပ်ပြီးနေကြတဲ့သူတွေအကြောင်းလေ” ဆိုတာ ကွက်တိဘဲလို့ ပြောရမယ် ကျွန်တော် ရောက်ခဲ့တဲ့ ၃၊၄ ရက်အတွင်း ရောက်ခဲ့တဲ့ နေရာ တွေ့ခဲ့ရတဲ့ သူတွေကတော့ အဲဒီပုံမျိုးလေးတွေပဲ  ၊ အဲဒါကြောင့်ပဲ Business Week မဂ္ဂဇင်း က ၂၀၀၆ မှာ တစ်ကမ္ဘာလုံးကို ကောက်ထားတဲ့ စာရင်းအရ ဘူတန်ဟာ အာရှမှာ ပျော်စရာ အကောင်းဆုံးတိုင်းပြည်  ကမ္ဘာမှာ ၈ နိုင်ငံမြောက် […]