Yin Nyine NwayAugust 29, 20101min1622
ဘွဲ့နှင့် လျော်ညီသော အလုပ်အကိုင် ရရှိမှုများ ယခု နောက်ပိုင်းတွင် နည်းပါးလာပြီး တက္ကသိုလ်များ၌ နေ့ကျောင်းတက်ရောက်ပြီး ဘွဲ့ရရှိထားကြသူ လူငယ်အချို့သည် ပညာအရည်အချင်းများစွာ မလိုအပ်သော ယာဉ်နောက်လိုက်၊ လုံခြုံရေးဝန် ထမ်း၊ အရောင်းမြှင့်တင်ရေး ဝန်ထမ်း အစရှိသည်တို့ကိုပင် လုပ်ကိုင်နေကြကြောင်း သတင်းရရှိပါသည်။ ယခင်ကမူ အလုပ်အကိုင် ရှာဖွေရာတွင် များသောအားဖြင့် ရရှိထားသည့် ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် ရရှိမှုများ ရှိခဲ့ကာ ယခု နောက်ပိုင်းတွင်မူ အလုပ်အကိုင် အတွေ့အကြုံ၊ အခြား ကျွမ်းကျင်မှုလက်မှတ်များ စသည်တို့ ပါရှိမှသာ အလုပ် လျောက်ထားနိုင်ခြင်း၊ အလုပ် ခန့်ထားနိုင်မှုများကလည်း အကန့်အသတ်ရှိလာခြင်း စသည်တို့က လူငယ်များအား အလုပ်ရွေးချယ်ခွင့် နည်းပါးမှုကို ကြုံတွေ့လာစေသည်ဟု သိရှိရသည်။ ”စီးပွားရေးတက္ကသိုလ်မှာ နေ့ကျောင်းတက်ပြီး ဘွဲ့ရထားတဲ့ တစ်ယောက်ကို အထူးယာဉ်လိုင်းတစ်ခုမှာ ယာဉ်နောက်လိုက်အဖြစ် […]