winkyawaungOctober 29, 20101min1315
တစ်နေ့လုပ်မှ တစ်နေ့စား ယောင်္ကျားက ဆိုက်ကားသမား မိန်းမက ဟင်းရွက်သည် သား၊သမီး ကလေးတွေ တစ်ကြိတ်နဲ့ အဖေ၊အမေပြန်မလာမီ တစ်ရေးအိပ်လို့စောင့်ကြရ။ အဖေမှာ ဆိုက်ကား အုံနာခ(၅၀၀)ကျပ်ကို အရင်ရှာ ပိုတဲ့ငွေ နဲ့ ဆန်ဝယ် ဆီဝယ် ညနေစောင်းလို့ အိမ်ကို အပြေးပြန်ခဲ့ရတယ်။ အမေဟင်းရွက်သည် နွမ်းလျှတဲ့ ကန်ဇွန်းရွက်ကို ရေလုံပြုပ်၊ ခေါင်းတစ်ရာသား ငါးအိုးကပ်ဟင်းကိုတည် အရင်း အနှီးငွေက တစ်ရာကို နှစ်ဆယ်အတိုးနဲ့ ဈေးဂေါင်းကတော် မစိန်ချယ်ဆီက နေ့ပြန်တိုး ချေးရပါတယ်။ အာဂ ဟင်းရွက်သည် သားသမီးတွေရှင်ပြုဖို့ တစ်ရက် ငွေငါးဆယ်နဲ့ နှစ်တော်တော်ကြာအောင် စုခဲ့တယ် တတ်အားသမျှ ဒါန သီလ ဘာဝနာကို လက်ကိုင်ပြုထားတယ် သာရေး၊နာရေး လူမှုရေးဆိုလည်း ပန်းကန်ဆေး၊ခွက်ဆေး ကူညီပါတယ်။ ဆိုက်ကားဆရာနဲ့ ဟင်းရွက်သည် သားရှင်ပြုတဲ့နှစ်မှာ […]