moonpoemMay 26, 20111min1319
သင့်ဘဝမှာ သင်ဘယ်လောက်ထိချမ်းသာ ချင်ပါသလဲ။ လွန်ခဲ့သော တစ်ပတ်က ကျွန်မ၏ မိတ်ဆွေတစ်ယောက်က ထိုမေးခွန်းကို မေးသော အခါ ကျွန်မကတော့ ခြံဝင်းလေးနဲ ့အိမ်တစ်လုံး၊ကားတစ်စီး၊ သိန်းတစ်ထောင်လောက်ရှိနေရင် ကျေနပ်ပါပြီ ဘဝမှာ အပူအပင်မများလိုပါဟု ဖြေခဲ့ပါသည်။ သူက ကျွန်မ၏ အဖြေကို သဘောကျပုံ မပေါ်ပါ။ ဘာကြောင့်လဲဟု ကျွန်မမေးတော ့သူက ဥပမာ တစ်ခုနှင့် ဖြေခဲ့ပါသည်။ ကျွန်မတို ့တွေစာမေးပွဲတွင် အမှတ်၁၀ဝရလိုသည့် စိတ်နှင့် စာကျက်ခဲ့ရင် အမှတ်၁၀ဝ အပြည့်ရသည့် အခြေအနေထက် အမှတ်၉၀ဝန်းကျင်လောက်သာ ရတတ်သည်က များလေသည်။ ၇ဝလောက်ရရင် ကျေနပ်ပါပြီ ဆိုလျှင်တော့ ၆ဝ ဝန်းကျင် အောင်ရင်ကျေနပ်ပါပြီဆိုလို ့ကတော့ တစ်ခါတစ်ရံ တွင် စာမေးပွဲ ကျသည်အထိဖြစ်တတ်ပါသည်တဲ့။ သူပြောတာမှန်ပါသည်။ ဒူးလောက်တင်မှရင်လောက်ကျသည်ဆိုတာကို ပြောနေတာဟု ကျွန်မနားလည်မိပါသည်။ […]