manawphyulaySeptember 28, 20111min24412
အဲံဒီချိန်ကျမှ အိမ်ကလည်း Day ကနေ အဝေးသင်ပြောင်းထားမှန်း သိလိုက်ပါတယ်။ ဖေဖေကတော့ ပြောပါသေးတယ်။ သမီးရယ် ဖေဖေ တတ်နိုင်သလောက် ရှာပြီး ထားပါမယ် အလုပ်ထွက်လိုက်ပြီး Day ပဲ တက်ပါလားတဲ့။ ဒါပေမယ့် ကျွန်မက မိဘဆိုတာ အမြဲတမ်းကိုယ်နားမှာ မရှိနေနိုင်ဘူး။ နောက်ဆုံး လူတိုင်း ကိုယ်လမ်းကိုယ်လျှောက်ရမှာ ဒီတော့ ကိုယ်ရွေးထားတဲ့ လမ်းကို ဆက်လျှောက်ဖို့ ရွေးထားပြီးပြီဖြစ်တဲ့အတွက် အဝေးကို စပြီး တက်ခဲ့ပါတော့တယ်။ တစ်ခါတလေလည်း စဉ်းစားမိယ် ငယ်တုန်းကတော့ မစဉ်းစားမိဘူး။ အသက်ကလေးနည်းနည်းရလာမှ မောင်နှမတွေထဲမှာ ဘာလို့အကြီးဆုံးလာဖြစ်နေရတာလဲလို့ ကိုယ့်ဘာသာတွေးမိတယ်။ အဝေးသင်တက်က သိပ္ပံလိုင်းဆိုတော့ ပရယ်တီကယ်က ၂ ရက်လုပ်ရတော့ ပုံမှန်ပိတ်ရက်တစ်ရက်ကရှိတော့ အလုပ်ကနေ ခွင့်တစ်ရက်တောင်းရသေးတယ်။ ဒီတော့ အရင်က အလုပ်နှစ်ခုပဲရှိတာ ခိုု ကျောင်းတက်ဖို့အတွက် အချိန်ပါ […]


manawphyulayDecember 9, 20101min1418
ကားခတွေ ဈေးတက်လာတဲ့အချိန်ကျမှ လူတိုင်းလူတိုင်း မမကို သတိရလာကြတယ်နော်။ အင်းတစ်မျိုးတော့ မထင်လိုက်နဲ့ဦး။ မမဆိုတာ ဘယ်သူကိုပြောပါလိမ့်ဆိုပြီးတော့ မမလို့ အများခေါ်နေကြတဲ့ မြန်မာ့မီးရထားကို ခေါ်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ပါးစပ်ဖျားမှာ မမ မှီအောင် သွားရမယ်။ မမတော့ လွတ်ပါပြီတို့ ပြောဆိုနေကြတာကို ဒီ့နောက်ပိုင်း နေရာတော်တော်များများမှာ ကြားလာရပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကားခက ၂၀ဝ ကျပ် ဖြစ်လာတော့ လူအများစုက လက်လုပ်လက်စားတွေဆိုတော့လည်း ကြာတော့လည်း ဒဏ်ဘယ်ခံနိုင်ကြပါ့မလဲ။ အရင်တုန်းက ကားခက ဘယ်စီးစီး ၂ဝ ကျပ်ကိုး။ မိတ်ဆွေကော မယုံဘူးလား။ ခုထိ ကားတော်တော်များများမှာ အမှတ်တရအနေနဲ့ဘဲ ထားတာလား။ ဒါမှမဟုတ် မဖျက်ချင်လို့လားတော့ မသိဘူး။ ၂ဝ ကျပ်ဆိုတဲ့ ဈေးနှုန်းစာတန်းက ခုထက်ထိ တွေ့ရှိနေတုန်းလေ။ နောင်အနာဂတ်ကလေးတွေ […]