စဆရ ႀကီးApril 6, 20121min58625
ကျွန်တော် လမ်းလျှောက်နေပါသည်.. အတော်လေးကို ခပ်ဝေးဝေးရောက်အောင် လျှောက်နေပါ၏။ မွန်းကျပ်မှုများနှင့်ဝေးရာ၊ မြို့ပြ၏ သက်ပြင်းရှိုက်သံများနှင့်ဝေးရာသို့…. ++++++++++++++++++++++++++++ ကြာတော့ကြာခဲ့ပါပြီ.. ++++++++++++++++++++++++++++++++++++ တစ်ကယ်တန်းပြန်တွေးတော့လည်း မနေ့တစ်နေ့ကလိုပင်၊ အရာရာသည် ခပ်ဝါးဝါး ပုံပမာအလားရှိနေဆဲပါပဲ။ သို့သော် ပြတ်ပြတ်သားသား ခံစားနေရတုန်းပင်။ ထိုစဉ်တုန်းက အတော်လေးပင် နုနယ်ခဲ့သည့် နှလုံးသားတစ်စုံကို ပိုင်ဆိုင်ခဲ့ဖူးသည်မို့ ပိုလို့ခံစားနေမိသလားထင့်။ ထိုနေ့က ကျွန်တော့်အမေနှင့်အစ်မ အိမ်မှ သေတ္တာတစ်လုံးကို ယူပြီး တောင်ပေါ်မှ ရန်ကုန်သို့ လွတ်လွတ်လပ်လပ်ကြီး ထွက်ခွာသွားသောနေ့ဖြစ်သည်။ ပေ ၁၀ဝ ပါတ်လည်ခြံဝန်းအတွင်း ထီးထီးကြီးရှိနေသော အိမ်တွင်ကား ၁၄ နှစ်သားကျွန်တော်နှင့် ၈ နှစ်သားညီလေးမှာ ငွေ၂၀ဝ ကျပ်၊ ဆန်နို့ဆီဗူးနှစ်လုံးဖြင့် ဘယ်တော့ပြန်လာမည်မှန်းမသိသည့် မိဘနှစ်ပါးအား ငေးမော စောင့်ဆိုင်းလျက်သား။ ဖခင်ဖြစ်သူသည်ကား နိုင်ငံဝန်ထမ်းပေမို့ ဘယ်ဆီဘယ်ဝယ်မှန်းမသိသည့်နေရာသို့ သွားရောက်တာဝန်ထမ်းဆောင်နေရပေသည်။ အိမ်ကြီးတစ်လုံးထဲတွင် […]