manawphyulaySeptember 28, 20111min4319
ဘဝဆိုတာ စကတည်းက တိုက်ပွဲတစ်ခု ဆိုတာ တွေ့ရှိလာခဲ့ရတာပါပဲ။ မွေးလာပြီးနောက်ပိုင်း ကျောင်းစတက်ရရင်ပဲ ကျောင်းစာတွေနဲ့ တိုက်ပွဲစခဲ့တာ မသေခင်အဆုံး တောက်လျှောက်လို့ ဆိုလို့ရတာပေါ့နော်။ ငယ်တုန်းကတော့ ဘဝအကြောင်း ဘယ်သိဦးမလဲ။ စားမယ်။ ဆော့မယ်။ သွားမယ်ဆိုတဲ့အတွေးတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတာ ၁ဝ တန်းရောက်လာတဲ့အထိပါပဲ။ ဘဝဆိုတာကို ထဲထဲဝင်ဝင်သိလာခဲ့တဲ့အချိန်ကတော့ ၁ဝ တန်းအောင်တဲ့အချိန်လို့ပဲ ပြောရတော့မှာပေါ့။ ၁ဝ တန်းအောင်တော့ အရင်ဆုံး အလုပ်တစ်ခု စလုပ်ခဲ့တယ်။ ကိုယ့်မိသားစုအခြေအနေကို သဘောပေါက်လာပြီဆိုတော့ ကိုယ်ခြေပေါ် ကိုယ်ရပ်နိုင်ဖို့ အရင်ဆုံးစကြိုးစားခဲ့ပါတယ်။ အရင်ဆုံး စလုပ်ခဲ့တာကတော့ မြန်မာဆေးရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ လစာ အဲချိန်တုန်းက ၁၈၀ဝ ကျပ်ဆိုတဲ့လစာလေးနဲ့ စပြီး ဝင်ခဲ့ပါတယ်။ အဲမှာ လုပ်ရင် ဆေးအကြောင်းတွေသိခဲ့ရတယ်။ မြန်မာဆေးဆိုင်ဆိုပေမယ့် အင်္ဂလိပ်ဆေးလည်း အနည်းအကျဉ်းရောင်းချပါတယ်။ အဲဒီလိုနဲ့ နောက် ကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ရပါတော့တယ်။ […]