ဆူးMay 27, 20111min46033
ကျောင်းက အပြန် အိမ်မှာ အမေကိုတွေ့တော့ အဖေကော မေးတဲ့ အခါ နေမကောင်းလို့ အိပ်နေတယ်တဲ့.. အခန်းထဲကို အပြေးအလွား သွားကြည့်တဲ့ အခါ အိပ်ယာထဲမှာ လှဲအိပ်နေတယ်။ ဘာဖြစ်တာလဲ အမေ…. ဒီနေ့ အလုပ်ကိစ္စနဲ့ ၃ထပ်တိုက်ကို ၂ခေါက်လောက် တက်လိုက်တာ ဖျားသွားတာပါပဲ။ အသည်းရောဂါ အခံရှိတဲ့ လူတွေက အဲဒီလို အကြမ်းပတမ်း မရဘူး။ ဆရာဝန်ပေးတဲ့ ဆေးကကော မကောင်းဘူးလား။ ဆရာဝန်က အသည်း ပြန်ကောင်းတဲ့ ဆေးမရှိဘူး အသည်းအားဆေးပဲ ရှိတယ် ဆိုပြီး အားဆေးပဲ တိုက်တာပဲ.. ကောင်းသလိုလို ရှိပေမဲ့ အပင်ပန်း လုံးဝ မခံနိုင်ဘူး ဖြစ်နေတယ်။ နေမကောင်းတဲ့ အဖေ ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ အဖေ နေမကောင်းတာကို […]