shwe niMarch 12, 20111min1373
မဝေဝေ တင် ထားတဲ့ ရန်ကုန်မှာပွင့်တဲ့ Cherry post ကို်ဖတ်ရင်း ဒေသကိုလိုက်ပြီး အခေါ်အဝေါ်လေးတွေမတူတာကိုသတိရလို့ ၂၀၀၂ April-June မှာ တာဝန်တခုနဲ့ စစ်တွေဖက်ကိုရောက်တော့ ကြားဖူးတဲ့ဒေသအခေါ်လေးတွေပါ . အဲတုန်းက အရင်ရောက်တဲ့ စီနီယာက ညီမ ပဒက်ခါ သီးသုတ်သိတ်ကောင်းတယ်ဆိုပြီး မှာကျွှေးတာ သဘောင်္သီးသုတ် ပါ။ တစ်ရက်တော့ စုတ်ဖွားသီး ဝယ်ကျွေးဦးမယ်ဆိုပြီးမှာပေးတာ ကြည့်လိုက်တော့ လိုင်ချီးသီးကို သူတို့ဒေသကခေါ်တာပါ။ တစ်ခါ မြို့ထဲ လက်ဖက်ရည်သောက်ရင်း ယနေ့ ပူဒိန် ရသည်ဆိုတော့ ထူးဆန်းတာနဲ့ ဘာလဲလို့မေးကြည့်တာ ကြက်ဥပူတင်း ကိုခေါ်တာဖြစ်နေရော . ထားဝယ်ဖက်က သူငယ်ချင်းတွေ ဇင်းကန်းထောင်းရမ်းကောင်းတယ် ဆိုတုန်းက ထူးဆန်းလို့ယူစားတာ မရမ်းသီးသေးသေးလေးတွေ ငပိနဲ့ထောင်းတာကိုခေါ်တာကိုး။ ကျမကတော့မြေလတ်သူဆိုတော့ သူတိုု့အသံထွက်ကို ကိုနားလည်သလိုရေးပြတာပါ . နယ်အရပ်ရပ်မှာ သူငယ်ချင်းတွေရှိတာ […]