ေမာင္ရိုးFebruary 10, 20141min42148
ဂဇက်ရွာက ရွာသူတွေ ချက်ပြုတ်ရာမှာ တော်ကြတယ်ဗျ   ချက်ပြုတ်တာတွေတော်ကြတယ်ဗျ မခိုင်ဇာရဲ့ ထမင်းဆိုင် မြိုင်မြိုင် ဆိုင်ဆိုင်သွားစို့သွားစို့   မြိုင်မြိုင်ဆိုင်ဆိုင်သွားစို့သွားစို့ စားဖိုဆောင်မှာချက်သူတွေ သိတဲ့ သူတွေပြောကြပါဦး   သိတဲ့သူတွေပြောကြပါဦး ရွာသူရွာသား စားဖိုမှူးတွေ သူ့ထက်ငါ အပြိုင်ကျဲကြ   သူ့ထက်ငါ အပြိုင်ကျဲကြ ဗိုက်ကွဲအောင်ဟေ့ စားကြမယ် ကောင်းတယ်ဆိုရင် လက်တို့ကြဦး   ကောင်းတယ်ဆိုရင်လက်တို့ကြဦး ချက်တဲ့ပြုတ်တဲ့ မမတွေ သန့်ရှင်းရေးကိုဂရုစိုက်တယ်ဗျ   သန့်ရှင်းရေးကိုဂရုစိုက်တယ်ဗျ ဘယ်သူပြောလို့ သိကြတယ် ဟောဒီမှာကွယ် ဖတ်ကြည့် ဖတ်ကြည် ့   ဟောဒီမှာကွယ်ဖတ်ကြည့်ဖတ်ကြည့် အသိပညာပေးတဲ့ဆောင်းပါးရှင် ကျေးဇူးတင်လျှင် လိုက်နာကြစို့   ကျေးဇူးတင်လျှင်လိုက်နာကြစို့ ကိုက်လံစည်းတွေ ဖင်ခုထိုင် စားသောက်ဆိုင်က မမတွေတဲ့   စားသောက်ဆိုင်က မမတွေတဲ့ […]


ေမာင္ရိုးFebruary 8, 20143min38322
      ဪ…… လောက …လောက ….. မတည်​့အတူ​နေ သတ္ထဝါ​တွေထဲမှာ ​မော်​​တော်​ပီကယ်​နဲ့ ဒရိုင်​ဘာ လည်​းပါ​နေ​လေ​တော့ ​မောင်​ဆာမိတို့များ ဘဲဥမြင်​တာ​တောင်​ ​လေချဉ်​မတက်​​တော့ဘူးဗျို့ …။ ရှိပါ​စေ​တော့ .. ကိုယ်​မမှားဖို့အ​ရေးသာအဓိကလို့မှတ်​ယူပြီး ငါး​ထောင်​တန်​​လေး​ဆောင်​ထား အဲ အဲမှားလို့ … စည်​ကမ်​းများ သတိထား​နေတာကြာ​ပေါ့ဗျာ။   ​ဟော….. ဘာတဲ့ … Cctv ဆိုလား ပြီးခဲ့တဲ့ဂျူလိုင်​က မီးပွိုင်​့တချို့မှာတပ်​ပါ​လေ​ရော …။ တပ်​​ပေါ့ ..ဘာအ​ရေးလဲ … ဒါမှ တက္ကစီ ​တွေ ဘတ်​စ်​ကား​တွေ အဖမ်​းခံရမှာ… ဒီလို ..ဒီလို ​တွေးပြီး ​မောင်​ဆာမိတ​ယောက်​ အကုသိုလ်​ပွါး​နေမိသ​ပေါ့ဗျာ ..   ဟိုတရက်​က ​မောင်​ဆာမိလည်​း ယဉ်​သက်​တမ်​းတိုးသွားလုပ်​ရပါတယ်​။ မှတ်​သားဖမ်​းဆီးအဖွဲ့​တွေနဲ့လည်​း ပြဿနာမရှိ​လေ​တော့ ခတ်​​အေး​အေးဘဲ […]


မန်းဂဇက်ဆိုတဲ့ရွာကြီး က ဒီရက်ပိုင်းအတွင်းထူးထူးခြားခြား လှုပ်လှုပ်ရွရွ နဲ့ တစ်ရွာလုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့…ဘယ်သူမှငြိမ်နေတာမတွေ့ရပဲ တောင်ကလူမြောက်သွား..မြောက်ကလူတောင်ကူးနဲ့..တကဲ့ကို တစ်ခုခုအတွက် အားကြိုးမန်တက်လှုပ်ရှားနေကြတာကလား…အကြောင်းကလည်းရှိပေတာကိုး….ဒါနဲ့ မန်းဂဇက်ရွာ ဆိုလို့ လူတော်တော်များများက သိပ်တိတိပပသိသေးကြပုံမရဘူး… ဒီတော့ ရွာအကြောင်းမြင်သာအောင်သရုပ်ဖေါ်ရရင်..အင်း..အဲ..အဲ..ကျုပ်လည်း သိပ်သရုပ်ပေါ်အောင်မပြောတတ်ဘူးဗျ…နေအုံး..နေအုံး..ရွာထဲ အပ်ကျတာတောင်သိတဲ့ ကာလသားဂေါင်း..ကျုပ်က အမြဲ `နီပေပါ´လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့. .`မောင်ရဲစည်´ကိုခေါ်ပီးပြောခိုင်းမယ်..ဟဲဟဲဟဲ…သူပြောတဲ့..မန်းဂဇက်ဆိုတဲ့ရွာကြီးဆိုတာ…. ဒီလိုပါတဲ့ဗျာ…သူ့လေသံမူရင်းအတိုင်းသာ နားထောင်ကြည့်ကြပါကုန်…….  ကျွှန်တော်တို့ ရွာကြီးတွင် ……. စနစ်ဆိုး အုပ်ချုပ်သူဆိုး မရှိပါ။ တောတောင်ရေမြေ သဘာဝ သယံဇာတများကို နည်းမလည်ပါးမလည်ဖြင့် လက်ညှိုးထိုး ရောင်းစားသူမရှိပါ။ လယ်ယာမြေတွေ အသိမ်းမခံရပါ။ စစ်ပွဲများ ကလေးစစ်သားများ မြေမြုပ်မိုင်းများ မရှိပါ။ ဘူဇွာ၊ အရင်းရှင်၊ ခရိုနီ များမရှိပါ ဈေးမီးရှို့သူများမရှိပါ။ ကလေးလုပ်သားများ ပြောင်းရွှေ့အလုပ်သမားများ ဆင်းရဲမွဲတေသူများမရှိပါ။ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံမှုများမရှိပါ။ နိူင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံအကျဉ်းသားများ ယုံကြည်ချက် အကျဉ်းသားများမရှိပါ။ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ ကပ်ဘေးဒုက္ခများ မရှိပါ။ စသဖြင့် […]


Ma MaDecember 12, 20122min2010146
အကြိုက်တူ အမှတ်များလို့ ဆုရသူ ဘယ်သူလဲ ဆိုတာကို သိချင်နေကြပြီလို့ ထင်ပါတယ်။ (ပြောချင်တာတွေ ပြောပြီးသွားပြီဆိုတော့ :harr: ) ၂၀၁၂ နိုဝင်ဘာလအတွက် မန်းဂဇက်ချစ်သူများ စာပေဆု ရရှိသွားတာကတော့………. (အနောင်စာ လေသံဖြင့် ဖတ်ပါရန်။) ဦးကျောက်ခဲ ရေးသားတဲ့ အာဝေနိက ချစ်ဒုက္ခ ဖြစ်ပါတယ်။ ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး (ကမာ္ဘ့အရှည်ကြာဆုံး လက်(၁။ ခုပ်/ခုတ်)သံကို စံချိန်ချိုးသွားသည်ဟု မှတ်ယူကြပါလေ……..) :hee: ဆက်လက်ပြီးတော့………. ဘယ်သူတွေက ဘယ်စာတွေကို ဘယ်လိုကြောင့် ကြိုက်တယ် ဆိုတာလေးတွေကို…. ဖတ်ရှု့အားပေးကြပါအုံး။ ပထမဆု ၁၊ ၁။ အာဝေနိက ချစ်ဒုက္ခ ရေးသူ- ဦး ကျောက်ခဲ ” အာဝေနိက ချစ်ဒုက္ခ” […]


မြစပဲရိုးOctober 8, 20128min778120
အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။  😉 ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။ သချာင်္ ဆိုလို့ မျက်လုံးအရောင်တောက် သွားမည့်သူများ ရှိက မှားပါမည်။ လူ သချာင်္ မဟုတ်ပါ။ ကိန်းဂဏန်း များကို ဆိုလိုခြင်းဖြစ်၏။။   “လစဉ် အကြိုက်ဆုံး စာမူ ကြေညာပွဲ နဲ့ ကိန်းဂဏန်းများ ဘာဆိုင်လို့လဲ” လို့ ထင်နိုင်ပါ တယ်။ မှန်ပါတယ်။ ဘာမှ မဆိုင်ပါ။ ရှေ့က စာရေးကောင်းသူ တွေရဲ့ အဖွဲ့အနွဲ့ အသော အရွှန်း ကောင်း လေးတွေ လို ရေး ချင်ပေမဲ့ ဘယ်လို စရေးရမှန်း ကို မသိတာ […]


padonmarJuly 26, 20121min100879
ကိုဘလက်ချော စလိုက်တဲ့ ဇာတ်လမ်းလေးပါ။မှတ်မိကြမယ်ထင်ပါတယ်။ ဂေဇက်မှာ တစ်လတာ တင်တဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတစ်ပုဒ် ရွေးပြီး စာပေဆုလေးပေးကြမယ်ဆိုတဲ့ အစီအစဉ်လေးပါ။ ဂေဇက်မှာ လက်သွေးကြတဲ့ ကလောင်တွေအတွက် မြေတောင်မြှောက်(အားပေး)ချင်တဲ့ စေတနာလေးနဲ့ ကျမတို့စုပေါင်း အကောင်အထည်ဖော်ကြပါမယ်။ လောလောဆယ်မှာ အစပျိုးတဲ့ အနေနဲ့ ကျမတို့(သက်ကြီး)လူကြီးပိုင်းတွေက ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ ရွေးပေးကြပါမယ်။ အခု ဖွဲ့ထားတဲ့အဖွဲ့လေးရဲ့ အဖွဲ့ဝင်တွေကတော့ ၁။ Foreign Resident ၂။ ဦးဦး ပါလေရာ ၃။ ကိုပေါက် (မန္တလေး) ၄။ ကိုကြီးမိုက် ၅။ ကိုထူးဆန်း ၆။ ကိုနိုဇိုးမိ ၇။ ကိုလင်းဝေ ၈။ ကိုအင်ဇာဂီ ၉။ ဘလက်ချော ၁၀။ အရီးခင်လတ် ၁၁။ မပဒုမ္မာ ၁၂။ မမ […]


black chawJuly 5, 20121min71697
ဘလက်ချော မြွေဖမ်းမလို့ဗျ..။ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး ဟိုလျှောက်ဖတ်ဒီလျှောက်ဖတ် ဟိုလျှောက်ရေး ဒီလျှောက်ရေး အဆင်လေးပြေနေတာကို မနေတတ် မထိုင်တတ် နဲ့ အစတစ်ခုဆွဲထုတ်ဦးမလို့ ပါဗျာ။ ကဲ မပြောမပြီး မတီးမမြည်တဲ့။ ပြောမှပြီးမှာ မို့ ပြောခွင့်ပြုတော့ ကျောင်းအစ်မရယ်။ ဒီလိုရှိပါတယ် လူကြီးမင်းများခင်ဗျာ…။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပို့စ်တင်ခဲ့သူတွေထဲက PERSON Of THE MONTH အဖြစ် ဖက်တီးကက် ကို ကျွန်တော် ရွေးခဲ့တာ အားလုံး အသိပါ။ ကျွန်တော်တစ်ယောက်တည်း ရွေးနေလို့တော့ ရွာသူရွာသားတွေအနေနဲ့ ရော အရွေးခြယ်ခံ ပို့စ်တင်သူအနေနဲ့ရော ဖီလင်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူးခင်ဗျာ…။ အဲဒီအတွက် ကျွန်တော်တို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပါမယ်။ အဖွဲ့ဝင်တွေအားလုံး တက်လာသမျှ ပို့စ်တွေကို ဖတ်ကြပါမယ်။ လကုန်ရက် ရောက်လာတဲ့အခါ အဖွဲ့ဝင် […]