ဆူး says: ယပ်တောင် ရိုက်မယ် ဆိုပြီး စိတ်ကူး ရခဲ့တာကို အကောင် အထည်ဖော် ခဲ့ပါတယ်။ သဂျီးလိုဂိုကို ယူပြီး အကောင်အထည်ဖော် ခဲ့တယ်။ ပြီးတော့ သေချာပေးပြီး အပ်လိုက်ပါတယ်။ ယပ်တောင်က တခါ အပ်ရင် ၁ပတ် အတွင်းရမယ် ဆိုလို့ ယပ်တောင် အပ်ခဲ့ပြီး နောက် တနေ့မှာ ယပ်တောင်အပ် လက်ခံတဲ့ ကောင်မလေးက ခရီးထွက်လို့ သူများနဲ့ လွှဲခဲ့တယ် ဆိုလို့ စိတ်က တော်တော်လေး ကသိကအောက်နဲ့ စိတ်ထဲမတင်မကျ.. အပ်ပြီးသား ပြန်သွားယူမယ် ဆိုတော့လည်း မကောင်းဘူးလေ.. ဒါနဲ့ ကောင်မလေးက ၃ရက် ခရီးထွက်သွားပြီး သူ ပြန်မလာခင် နေ့မှာမှ သူ လွှဲထားခဲ့တဲ့ သူက ယပ်တောင် စာရိုက်ဖို့ လုပ်ပါတယ်။ […]