moonpoemJanuary 25, 20131min24919
ကျွန်မတို ့အခုတလော ဖေ့စ်ဘုတ်စွဲသည့် ရောဂါဖြစ်နေကြသည်။ ဖေ့စ်ဘုတ်တွင် လှသည်ထင်သည် ့ဓာတ်ပုံတွေတင်ကြသည်။ တည့်တည့်ကြည့်ပြီး ဓာတ်ပုံရိုက်လျှင် မလှသည့်အားလျော်စွာ ဘေးတစောင်းရိုက်ခြင်း အပေါ်စီးမှ ရိုက်ခြင်း၊ ဘေးလှည့်ခြင်း၊ မျက်နှာအောက်ချ ရိုက်ခြင်းတို ့ဖြင့် ဖင်ဘူးထောင်းထောင်သည့် ပို ့စ်ကလွဲပြီး ဓာတ်ပုံရိုက်ကာ တင်ကြသည်။ ဖြစ်ဘူးကြမှာပါ ဖေ့ဘွတ်ကို ကြည့်သောအခါအချို ့သော သူငယ်ချင်းများက ရည်းစားနဲ ့စိတ်ဆိုးတာကအစ၊ အမေက ဆူလိုက်သည်က တစ်မျိုး၊ အရက်သောက်ဖို ု့ချိန်းသည်မှ စပြီး စတေးတပ်စ် တင်ကြသည်။ ကျွန်မသူငယ်ချင်းတချို ့လည်း ဖေ့ဘွတ်စ်ကို စွဲနေကြသည်။ မနက်မိုး လင်း လင်းချင်း မျက်နှာ မသစ်ဘဲ ဖုန်းနှင့် အွန်လိုင်းတက်သည်က စသည့်သူငယ်ချင်းများပင် ရှိကြသည်။ ဒါကြောင့်ပဲ ဂွတ်မောနင်း သူငယ်ချင်းတို ့နှင့် စတင်ပြီး […]