မကြာမီက .….မောင်ဆာမိတစ်ယောက် ထောင်မှထွက်လာသည် ။ အပြစ်ကတော ့ အခြားမဟုတ် ….. ရပ်ကွက်အတွင်းတွင် နားစွန်နားဖျား ကြားခဲ ့သော“ပြည်သူပိုင်ပစ္စည်း ခိုးလျှင် အပြစ်မရှိ”ဟူသောစကားကြောင့် ရထားလမ်းဘေးတွင် ပုံထားသော မီးရထားသံလမ်းများကို တောင်ဒဂုံ သံရည်ကြိုစက်သို ့ ရောင်းစားခဲ့ လေသဖြင် ့ အိုးဘိုထောင် သို့ ထမင်းစားကြွခဲ့ရခြင်းဖြစ်လေတော့သည် ။ မိမိနေထိုင်ရာ ရပ်ကွက်တွင်းသို့ ပြန်ရောက်သော် ထောင်ထွက်ဆာမိဟုခေါ်ကြသည် ။ ထိုမျှမကသေး …. အတိတ်က ဘဝစာမျက်နှာများကိုလှန်လှော၍ ကြာကူလီဆာမိဟုလည်း မကြားတကြား ပြောပြန်သေးသည် ။ အဖြစ်ကဤသို့တည်း……။ တစ်ခါက မင်းဓမ္မလမ်းဘေးရှိ ရေအိုင်ကြီးများထဲတွင်ပေါက်သော ကြာပင် ၊ ကြာရိုး များကို စည်းနှောင်ထမ်းပိုး၍ ဒညင်းကုန်းဈေးသို့ပို့သောအခါ ………ကုန်စိ်မ်းသည်မလေးများက ချစ်စနိုးဖြင် ့ ကြာပင်များထမ်းလာသောဆာမိကို …..ကြာကူလီဆာမိ […]