Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“”ရွှေပင်နားတော.ရွှေကျေး””

ေမာင္ရိုးAugust 22, 20121min149160

MGရွာထဲကပုံပြောကောင်းတဲ.ဦးဦးပါလေရာကိုအားကျလို. ပုံပြင်လေးတစ်ပုံလောက်တော.ပြောချင်ပါရဲ.ဗျာ ….။
ပုံပြင်ဆိုလို.ထူးထူးဆန်းဆန်းတော.မဟုတ်ပါဘူး ။ ကြားဖူးပြီးသားဖြစ်တဲ.မူလတန်းဖတ်စာထဲက ပုံပြင်လေးပါပဲဗျာ ….။

တစ်ခါက ….ကျေးညီနောင်နှစ်ကောင်ရှိသတဲ. ..။
တစ်နေ.မှာလေပြင်းမုန်တိုင်းတိုက်လို.တစ်ယောက်တစ်နေရာစီလွင်.မျောခဲ.ပါတယ်။တစ်ကောင်ကအကျင်.သီလကောင်းတဲ.
ရသေ.ကြီးထံပါးမှာရောက်ရှိပြီး ၊ တစ်ကောင်ကတော.ခိုးသားဓားပြတွေဆီမှာနားခိုမိတာပေါ. …..။ အဲ …..ဆာမိ
စဉ်းစားမိတာတော.အကျင်.သီလကောင်းတဲ.ရသေ.ကြီးဆီမှာရောက်သွားတဲ.ကျေးသားလေးကဆင်းရဲမှာပါ…ခိုးသားဓားပြ
တွေဆီမှာရောက်ရှိခဲ.တဲ.ကျေးသားလေးကတော. ချမ်းသာရှာမပေါ. ။ ဒီလိုနဲ. ……ခုလဲ …..
ပုံပြင်ထဲက ကျေးညီနောင်နှစ်ကောင်ဟာ လေဘေးသင်.ပြီး ရန်ကုန်မြို.ကိုရောက်ရှိလာပြန်ပါတော.တယ် ……..။

====== ======= ======== ========== ===========

အခုရာသီကတော.စိုစိုစွတ်စွတ် မိုးရာသီပါ ။ ဒီဇတ်လမ်းရဲ.အစပျိုးချိန်ကတော. ပြီးခဲ.တဲ.ဆောင်းရာသီကပေါ. …။
ရန်ကုန်ဆောင်းဟာသိတော်မူတဲ.အတိုင်းသိပ်မချမ်းပါဘူး ။ အနွေးထည်အမိုက်စားလေးတွေလက်ဆောင်ရရင်တောင်မှ
မဝတ်ရဘဲသိမ်းထားရတဲ.ဆောင်းဥတုပါ ။ နောက်ပြီး ရန်ကုန်သားတွေအိပ်ယာထချိန်ကလည်း မနက်(၈)နာရီ ဆိုတော.
သိပ်မချမ်းတော.ဘူးပေါ.ဗျာ …..။ဒါပေမဲ. နှစ်စဉ်လိုလို မြောက်ဘက်ကလေအေးတွေ ဝင်တဲ.အခါတိုင်းတော. တစ်ပတ် ဆယ်ရက်လောက်

ချမ်းတတ်ပါတယ် ….။ အဲဒီအခါကျရင်တော. အနွေးထည်လိုပြီပေါ. ….။ ဆာမိလည်း ထိုနည်း၎င်းပါဘဲ ….ဒီနှစ်ဆောင်းမှာ (၇)ရက်

လောက်ချမ်းလိုက်တော. အနွေးထည်းလေး ဘာလေး လိုလာပြန်ပြီလေ  ….။

မနက်မနက် အလုပ်သွားရင် အချမ်းသက်သာအောင် ထမင်းချိုင်.ပူပူ လေးကိုဖက်ထားရတာအမော ….။ဒီတော. အနွေးထည်ဝယ်ဘို.

စဉ်းစားရပါတော.တယ် …။ အဲ … .အနွေးထည်ဈေးကလည်းကောင်းသဗျ ။ တော်ရုံ သင်.တင်.လျောက်ပတ်တဲ. အနွေးထည်လောက်ဆို

ရင်ဘဲ နှစ်သောင်းခွဲ သုံးသောင်း …..ဒါမှမဟုတ် Brand ကောင်းတဲ.အနွေးထည်ဆိုရင် ခြောက်သောင်းနဲ.အထက် ……။

ဒီလိုဆိုတော.လဲ …(၇)ရက်လောက်အချမ်းပြေဘို.အရေး ဆာမိတစ်ယောက်မသုံးရက်ခဲ.ပါဘူး …..ထုံးစံအတိုင်း ….ငယ်ချစ်ဟောင်း

ထမင်းချိုင်. ပူပူလေးကိုဘဲ ခတ်တင်းတင်းဖက်ပြီး လာခေါ်မဲ.ကားကိုစောင်.နေရပါတော.တယ် …………………..။

ဒီအကြောင်းတွေကိုစကားစပ်မိလို. ပြောကြရင်း အလုပ်ထဲက ကောင်လေးတစ်ယောက်ကအကြံပေးသဗျ ။ ကြည်.မြင်တိုင်ညဈေးလမ်းမှာ

ညနေဘက်ဆိုရင် လေဘေးထည်တွေဈေးပေါပေါနဲ.ရောင်းတယ်တဲ. ….အရင်လို အဟောင်းထည်တွေချည်.မဟုတ်ဘဲ ရီဂျက်တို.

ဆိုင်လက်ကျန်တို. လိုအသစ်ထည်တွေလည်းရွေးတတ်ရင်ရတယ်ဆိုဘဲ ….။ အနွေးထည် တစ်ထည်ကို ကြိုက်တာယူ (၂၅၀၀)ကျပ် တဲ. ..။

ဆာမိလည်းနဲနဲတော.စိတ်ဝင်စားသွားပါတယ် …..ဟုတ်တယ်လေ  ….(၇) ရက်လောက်အချမ်းပြေဘို. လေးငါးခြောက်သောင်း မသုံးနိုင်

ပါဘူး ….၂၅၀၀  လောက်ဆို မဆိုးဘူးပေါ. ။ ကိုယ်မပြောရင်ဘယ်သူသိတာမှတ်လို.နော ….။

ဒီတော.မေးစရာရှိပါတယ် ….မောင်ဆာမိလေဘေးထည်ဝတ်တာမရှက်ဘူးလားဆိုတော. ….ဟုတ်ကဲ. မရှက်ပါဘူးဗျာ …။

မဆလ ခေတ်တုန်းကတောင် သွားစရာလာစရာရှိရင် အဟောင်းဆိုင်ကငှားဝတ်ခဲ.ရသေးတာဘဲ  ….အခုအစိုးရလက်ထက်မှာ ၂၅၀ဝ ကျပ်

တန် လေဘေးထည်ကို ကိုယ်ပိုင်ဝယ်ဝတ်နိုင်တယ်ဆိုတော. ဒီအစိုးရလက်ထက်မှာ  စီးပွားရေးများကောင်းလာသလားလို. ….

ဒီလိုနဲ.တစ်ညနေ …..အလုပ်ကအပြန်မှာ မဒမ်ဆာမိကိုအဖေါ်ခေါ်ပြီးဘေထုပ်တန်းကို ချီတက်ခဲ.ပါတော.တယ် …….။

ဟိုလဲရောက်ရော သတင်းကြားထားတဲ.အတိုင်း ကြိတ်ကြိတ်တိုးလို.ဗျာ ….။ဈေးပွဲတော်ထက်တောင်မှစည်ကားသေး ..။ဒီကြားထဲကားတွေ

နဲ.လာဝယ်ကြတဲ.သူတွေတောင်ရှိသေးတယ် ။ သူတို.ကားတွေကိုခတ်လှမ်းလှမ်းမှာရပ်ထားပြီးဝင်ရွေးနေလိုက်ကြတာ  အလုအယက်ဘဲဗျို.

သဌေးစီးဇိမ်ခံကားတွေဖြစ်တဲ. ရွှေငါးမတ်တူး ၊ဟာရီယာ ၊ KZN ဆတ်ဖ်  တို.တောင်ပါသေးသဗျ ။ ဆာမိလည်း  သူတို.ကိုကြည်.ရင်း

သင်္ဘောချကားတွေနဲ.ဘေထုပ်တန်းမှာ လာပြီးဗိုလ်ကျနေတာ ဘာလုပ်မလို.ပါလိမ်.လို.လဲတွေးမိပါသေးရဲ.ဗျာ ….. အဲ …ခတ်သဲ.သဲ.တော.

ကြားမိသား ” ပြန်ရောင်းမလို.” တဲ. …..။

ဆာမိလည်းလိုတဲ.အနွေးထည်ရခဲ.ပါတယ် ….အဲ  …အပိုဆုအနေနဲ. နိုင်ငံခြားဖြစ်ရှပ်အကျီင်္အသစ်လေး (တံဆပ်မှာဂျပန်စာတွေနဲ. ) ကို

၂၅၀ဝ ကျပ်နဲ.ရခဲ.သဗျ ။ အသစ်အဟောင်းကတော. ဆာမိကောင်းကာင်းခွဲတတ်ပါတယ် ….ဘာဖြစ်လို.လဲဆိုတော.ဆာမိကိုယ်တိုင်က

တစ်ချိန်ကလမ်းဘေးမှာ  ပုံပုံ စတိုး ဖွင်.ခဲ.ဘူးလို.လေ…..အဲဒီအကျီင်္ အသစ်လေးကိုလည်း မဝတ်ရက်ပါဘူး ၊ သေချာလျှော်  မီးပူတိုက်ပြီး

သွားစရာလာစရာရှိရင် ဝတ်ရအောင်လို. သိမ်းထားခဲ.တာ ။

ဒီလိုနဲ.  ရက်တွေလတွေပြောင်းလို. နွေရာသီကျောင်းပိတ်ရက် ရောက်ခဲ.ပါပြီ ။ အိမ်က ကလေးတွေလဲဆော.ချင်လွန်းလို. ကစားကွင်းတွေ

လိုက်ပို.ရတာအမော ….။ တစ်နေ.မှာတော. အလုပ်သမားဆေးရုံကြီးရှေ.မှာဖွင်.ထားတဲ. ရှော.ပင်းစင်တာကြီးကိုရောက်ခဲ.ပါတယ် ။

အပေါ်ဆုံးထပ်က ကစားကွင်းမှာ ကလေးနှစ်ယောက်ကိုထားခဲ.ပြီး ဆာမိတို.လင်မယားနှစ်ယောက်လဲ လျောက်ပတ်ကြည်.ကြတာပေါ. ။

 

အဲဒီမှာ စတာဘဲဗျို. …..။ ဒီလိုစူပါစင်တာကြီးတွေမှာ ဆိုင်ခွဲလေးခုလောက်ဖွင်.ထားပြီး နိုင်ငံခြားဖြစ်အကျင်္ီတွေရောင်းတဲ.ဆိုင်တစ်ဆိုင်ကို

ရောက်ခဲ.ပါတယ် ။ ဆိုင်က ဝန်ထမ်းကောင်မလေးတွေက မဒမ်ဆာမိကိုအတင်းခေါ် ……အထဲမှာအကျီင်္တွေ တထည်ပြီးတထည်ထုပ်ပြ

ဘယ်နိုင်ငံကလာတာ ….ဘာညာဘာညာ ..။ အဲ …ဆာမိကိုကျတော. ဆိုင်ရှင်က ကိုကာကိုလာတစ်ဗူးဖေါက်ပြီး အတင်းတိုက်သဗျ ။

ပြီတော.စကားတွေ ဖောင်ဖွဲ.ပြော ….ဆာမိလည်းတော်တော်လေးတော.အားနာလာစပြုလာပါပြီ ။ တစ်ခုခုတော.ဝယ်လိုက်မယ်လို.

စိတ်ကူးရင်း  ချိတ်ထားတဲ.ရှပ်အကျီင်္ လေးတွေကို ရွေးနေမိပါတော.တယ် ……။

—————————————————————————————-

ရုတ်တရက် ဆံပင်တွေထောင်ထသွားလောက်အောင်အံဩမိပါတယ် ….အကျင်္ ီတံဆိပ် ၊ အမျိုးအစား နဲ. အသားအနားဆိုရင် နောက်ဘဝထိအောင်မှတ်မိနေတတ်တဲ. ဆာမိတစ်ယောက် ဟုတ်ရဲ.လားလို. အကြိမ်ကြိမ်

မျက်မှန်ကိုချွတ်လိုက် ၊ ပြန်တပ်လိုက်နဲ. ကြည်.မိပါရဲ.  ….။ ဟုတ်ပါတယ် ….နောက်ဆုံးတော.တွေ.လိုက်ရပါပြီ။

ညဈေးတန်းက ၂၅၀ဝ နဲ.ဝယ်ထားတဲ.လေးဘေးထည်အကျင်္ ီလေးရဲ. အမွှာညီအစ်ကိုတစ်ထည်ဟာ ဒီဆိုင်ပေါ်

မှာရောက်နေခဲ.ပါပြီ။ဒီအချိန်မှာပဲမဒမ်ဆာမိတစ်ယောက်မျက်နှာခတ်ပျက်ပျက်နဲ.ထွက်လာပြီးဆာမိကိုသွားဖို.

အချက်ပြတာပေါ.  ……။တစ်ဝက်လောက်သောက်ထားတဲ. ကိုကာကိုလာဗူးလေးကိုလည်းအားမနာနိုင်

တော.ပါဘူး…….ဆာမိတို.နှစ်ယောက် ခတ်သွက်သွက်ပဲ အပြင်ပြန်ထွက်လာခဲ.ပါတော.တယ်  ……………။

 

အပြင်ရောက်မှ မဒမ်ဆာမိက သူ.အဖြစ်ကိုပြောပြတာပါ …..။

ကောင်မလေးတွေကမေးသတဲ. “ ရှေ ့ကဘဲအိုကြီးနဲ့  တွဲနေတာကြာပြီလား”တဲ.  ပြီးတော.ကလေးနှစ်ယောက်

အမေဖြစ်တဲ.မဒမ်ဆာမိကိုလည်း ရာထူးချလိုက်သေးတယ် …..ဘာတဲ. …

“ယောက်ကျားတွေက တစ်နေ. တစ်ယောက်တွဲနေတာ ၊ တွေ.တုန်းလိုချင်တာ အကုန်ဝယ်ခိုင်းလိုက်” တဲ.

ကဲ ကဲ စဉ်းစားသာကြည်.လိုက်ပါတော. ဗျာ …..လင်တော်မောင်အမိုက်စားလေးကိုလည်း “ ဘဲအိုကြီး” တဲ.

သူ.ကိုလည်း “မယားငယ်” ဘဝ ပို.လိုက်သေးရဲ. ……။တစ်ကယ်တော. ဆာမိရဲ.လက်တစ်ဆုပ်စာလောက်

ရှိတဲ. ဆံပင်ဖြူတွေရယ်  ၊ မျက်နှာပေါ်က လကမ္ဘာအရေးအကြောင်းတွေက ပေ (၂၀)လောက်ကကြည်.ရင်

မမြင်ရပါဘူးဗျာ  (ဟဲ ဟဲ) ….။သူတို.မို.ပြောရက်ပလေတယ် …။ကဲ ကဲ ထားပါတော.  ……………

အဲဒီနေ.ကစပြီး မဒမ်ဆာမိတစ်ယောက်လည်း “စတိုးဆိုင်က ၃၅၀၀ဝ တန် အကျင်္ ီတွေကို ဘေထုပ်တန်းမှာ

၂၅၀ဝ နဲ.ရတယ ်တော. ”လို.ပြောပြီး ရုံးအပြန်ညဈေးမှာ ဝင်မွှေနေပါတော့တယ် ………………….။

အဲ …………ပုံပြင်လေးထဲက သနားစဖွယ်လေဘေးသင်.ခဲ.ကြတဲ့ ကျေးညီနောင်နှစ်ကောင်ထဲက တစ်ကောင်

ကတော. ဆာမိဆီကို ၂၅၀ဝ ကျပ်နဲ.ရောက်လာပြီး …….ကံကောင်းလှတဲ.နောက်ထပ်ကျေးသားလေး

တစ်ကောင်ကတော ့ ရှော ့ပင်းစင်တာကြီးပေါ်မှာ ခန်.ခန်.ကြီးနဲ.စတိုင်ထုပ်ပြီး  ၃၅၀၀ဝ ကျပ်နဲ.ဝယ်ယူမဲ.

ဘောစိ တစ်ယောက်ကိုစောင်.မျှော်နေရင်း  ………………………………………….။

60 comments

  • pooch

    August 22, 2012 at 12:46 am

    မှတ်သားမိတာလေးကတော့ မဒမ်ဆာမိဟာ ရှိရင်းစွဲထက် ပိုငယ် ပိုလှပြီး ကိုဆာမိကတော့ နဂိုထက် ပိုရင့်နေတယ် ပေါ့ ဟုတ်လား :mrgreen:

    ဖြစ်နိုင်တာကတော့ ကိုဆာမိက အိမ်ဦးနတ်ကောင်း ပီသစွာ ဘဝကို ဒူပေဒါပေ ခံအောင် ဖြတ်သန်းလာခဲ့ ရှာဖွေကျွေးမွေးခဲ့ပြီး အိမ်က မိန်းမကိုတော့ နေရိပ်ထဲမှာ ကောင်းကောင်းစောင့်ရှာက်ပေးခဲ့လို့ စိတ်ချမ်းချမ်းသာသာနေခဲ့ ရလို့ပဲဖြစ်မှာပါ။

    ကျမဦးကြီး စုုံတွဲကတော့ ပြောင်းပြန်။ သူ့အမျိုးသမီးက သူ့ထက် ၁ဝ နှစ်လောက်ငယ်ပေမဲ့ အားလုံးက ရွယ်တူထင်ကြတယ်။

    ဒီလိုမျိုး လေဘေးထည်တွေ ကို ဆိုင်တွေက သိမ်းတယ်ဆိုတာကို ဟိုးအရင်ကတည်းကတော့ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ မကြုံဖူးသေးဘူး။ ကြုံလည်း ခွဲတတ်မယ် မထင်ဘူး။

    • Mလုလင်

      August 22, 2012 at 1:03 am

      ဝယ်တော့မယ် ဆို .. Size ရှိလား .. အရောင် ရှိလား ဆိုပြီး မေးကြည့်ဗျ .. အဲဒါတွေ ထွက် လာရင်တော့ စိတ်ချ ရပြီ .. အဲ့လို မှ မဟုတ် တစ်ထည် ထည်း ပဲရှိတာပါ . တစ်ထည် ပဲ ကျန်တာ ပါဆို ရင်တော့ … လိုချင်လွန်းရင် ယူ သာ ယူ လိုက် ….။

  • YE YINT HLAING

    August 22, 2012 at 12:52 am

    ပုံ ဥပမာ လေးနဲ့ စိတ်ကိုဆွဲခေါ် သွားပြီး ရေးပြသွားတာ ဖတ်လို့ ကောင်းတယ်ဗျာ ! ၂၅၀ဝ နဲ့ ဝယ်ပြီး ၃၅၀၀ဝ နဲ့ ပြန်ရောင်းတာ ဆိုတော့ သိပ်မမြတ်လောက်ဘူးနော် ! ဥပမာ ပေးပုံလေးက ထိမိပါပေတယ် ။ ဖတ်ရှုအားပေးသွားပါတယ် ဦးဆာမိ ခင်ဗျား !

  • Mလုလင်

    August 22, 2012 at 1:06 am

    ပိုစ့် ကိုဖတ်ပြီး လုံးဝ ထောက်ခံ သွားပါတယ်။
    နောက်ပိုင်း အခက်အလက် ခုတ်ရှင်းတဲ့ ခောတ် မှာ Branded (Import) တွေ authorized ယူပြီး ဖြန့် ပြီဆိုရင်တော့ .. ဒင်းတို့ .. အခု နဲ့ အရင်ကလောက် စားပေါက် ချောင် မှာ မဟုတ်တော့ဘူး ….။
    ZARA တို့ MANGO တို့ ကို Local မှာ ဝယ်လို့ ရနေပြီဗျိုးးးးးးးးးးးးးးးးးးးးးးး

    • etone

      August 22, 2012 at 4:56 pm

      ဝေးဟေး ဟေး .. အဲ့ဒီ MANGO ပေါ့ …… ဒွတ်ခလာပေးသွားတာ …
      ရှုပ်ရှပ်ကို ခတ်သွားတာပဲ ……. ။ 🙁

  • marblecommet

    August 22, 2012 at 1:22 am

    ဆရာသမား
    ပြောချင်တာလေး ကို
    ခေါ်ယူသွားတာများ
    ဖျားလောက်ပါတယ်…
    …..
    နောက်လ
    စာပေဆုအတွက်…..
    အနော် လက်မထောင်ခဲ့ပြီ
    အစ်ကိုရေ့…

    • surmi

      August 22, 2012 at 10:07 am

      ဒေါ်ပုချ်ရေ
      ခွဲခြားဖို ့ခက်တာကတော ့အမှန်ပါပဲဗျာ
      ယေဘူယ အားဖြင် ့တော ့ ကိုလုလင်ပြောသလိုလုပ်ရမှာဘဲဗျ
      ဆိုင်တွေကလည်းမှိုလိုပေါက်လာတော ့မျက်စိတွေလည်း လည်ကုန်ရော

      ကိုလုလင်ရေ
      ဒီမှာတော ့သိတဲ ့အတိုင်းဘဲ အချဉ်မရှားဘူးလို ့ဆိုသကိုး
      ဒီတော ့ Branded မှပဲစိတ်ချရမှာ
      ခက်တာက ဒီကိုရောက်လာတဲ ့ပစ္စည်းတွေက ကွာလတီလျော ့သလိုပဲ

      ကိုရဲရင် ့လှိုင်ရေ
      ဒီလိုလုပ်နေကြတဲ ့သူတွေတကယ်ရှိသဗျ
      မြို ့သစ်တွေမှာဆိုရင် အဟောင်းတောင်မီးပူတိုက်ရောင်းကြတာ

      ဗျို ့ကိုကမ်း
      အိပ်ရေးပျက်ခံပြီးဖတ်သွားတာရော အားပေးသွားတဲ ့လက်မအတွက်ရော
      ကျေးဇူးဘဲဗျို ့
      ကိုကမ်း ပေးတဲ ့ဆုအတွက်လဲအထူးဝမ်းမြောက်ပါတယ်
      တနေ ့ ရခဲ ့ရင်တော ့ ဟေ ဟေ ့

  • kai

    August 22, 2012 at 4:25 am

    ၃၅၀၀ဝ ကျပ်ဆိုတော့.. ဒေါ်လာ၄ဝကျော်သပေါ့..
    ဘယ်လိုအကျင်္ ီများပါလိမ့်ဗျာ..

    Kenneth Cole ဒီဇိုင်နာဘရမ်းတောင်.. ဒေါ်လာ၃ဝပဲကို…

    • PEACEMAKER

      August 22, 2012 at 4:44 am

      အဲဒါပြောတာပေါ့သူကြီးရေ။ ကွာလတီကော လက်ရာပါထူးထူးခြားခြားမကောင်းတဲ့ တစ်ချို့မိတ်အင်မြန်မာတွေ ဈေးနှုန်းကျတော့ ပြည်ပကနာမည်ရတံဆိပ်တွေနဲ့ နင်လားငါလားလုပ်ချင်တယ်။ နိုင်းယှဉ်စရာတွေများလာရင်တော့ မျက်စိတွေ နားတွေပိုပွင့်လာမှာပါ။

      • kai

        August 22, 2012 at 5:39 am

        တကယ်က…
        အရင်မြန်မာပြည်ထဲချုပ်ဖူးတဲ့.. အဲရိုးရှပ်တွေလို… ဘရန်းနိမ်းတွေ.. လာချုပ်ထုတ်လုပ်ကြတော့မှာ..
        နိုင်ငံခြားရင်းနှီးမြုျတ်နှ့မှုတွေပေါ့..

        ယူအက်စ်က.. မြန်မာကုန်အသွင်းမခံသေးဖူးလုပ်လိုက်တာနဲ့.. ရပ်ကုန်တာ..
        အင်း..
        လိုဦးမယ်..
        နောက်နှစ်…

        • surmi

          August 22, 2012 at 10:21 am

          သဂျီးခင်ဗျ
          သဂျီးပြောတဲ ့ အဲရိုး ဆိုတာကိုက ၃၀၀၀ဝ ကျော်လောက်ရှိပါတယ်
          ဒါပေမဲ ့ သဂျီးသိတဲ ့ကွာလတီမဟုတ်ဘူး
          အများကြီးလျော ့တယ် ။ ဘယ်ကဘယ်လိုချုပ်ပြီးဝင်လာလဲမသိ
          ဒေါ်အိတုန်တို ့တော ့သိမယ်ထင်တယ်
          ဆိုတော ့ ကျနော်တို ့မှာကငွေကုန်သလောက် တန်ရာတန်ဘိုးမရဘူးဗျ

          @ Peacemaker
          အစ်ကိုပြောသလိုပါဘဲ တနေ ့ကြရင်တော ့မျက်စိဖွင် ့ပြီး
          လမ်းလျောက်နိုင်မှာပါ ခုတော ့

        • etone

          August 22, 2012 at 10:40 am

          Polo တွေလည်း ဘာထူးလို့လဲ …… ဒီနိုင်ငံမှာ ချုပ် ဒီနိုင်ငံမှာပြန်ရောင်းနဲ့ .. ဒါတောင် မိတ်အင် ဘာညာဘာညာက .. ထည့်ရေးချင်သေးတယ် …. ။ ကွာလတီကျတော့ …. အင်ပို့လုပ်လာတာနဲ့ … သိသိသာသာကြီးကွာနေပေမယ့် .. ဈေးကတော့ တတန်းတည်းကို ပြေးနေတာပဲ … ဟီးဟီး ။ မသိလျှင် မသိသလို ခံရနိုင်တယ် … 😀

        • surmi

          August 22, 2012 at 11:02 am

          ဒေါ်အိတုန်ရေ
          တောင်းဆိုပါတယ်ဗျ
          အထည်ချုပ်နဲ ့ဈေးကွက်အကြောင်း ပို ့စ်တစ်ပုဒ်လောက်တင်ပေးပါလား
          ကျနော်တို ့အပါအဝင် သိချင်တဲ ့သူတွေလည်းသိရအောင်လို ့
          ဒေါ်အိတုန်ရေးရင် ပိုပြီးအသေးစိတ်နဲ ့အချက်အလက်ပိုစုံပြီး
          ပိုလှသွားမယ်ဗျ ။

        • etone

          August 22, 2012 at 12:06 pm

          အထုပ်ဖြည်သလိုဖြစ်လျှင် …သက်ဆိုင်သူတွေက ရွှေစိတ်တော်များ ငြိုငြင်သွားမလားလို့ …. တွေးရင်းနဲ့ .. မရေးဖြစ်တာပါ ကိုဆာမိရေ … ရေးတော့ရေးပါမယ် …. ဒါပေမယ့် .. လာမယ် ကြာမယ်ပေါ့နော် .. ဟီး ။ :mrgreen:

        • etone

          August 22, 2012 at 1:48 pm

          တွေ့လား .. တွေ့လား … ဒါတာင် ပြောရုံအဆင့်ပဲ ရှိသေးတယ် ..မ ရေးသေးဘူး … နှုတ်ခမ်းနီမတွေ Kiss လာပေးသွားတယ် .. ခွိခွိ … 😳

        • surmi

          August 22, 2012 at 2:02 pm

          စောင် ့ကြည် ့နေတယ်ထင်ပ
          ရေးများရေးရင်
          မတွေးရဲစရာဘဲ

        • etone

          August 22, 2012 at 4:58 pm

          စောင့်ကို ကြည့်နေပါဧ။် … ဒါလည်း သိပါဧ။် .. သို့သော် .. လုံး ဝ မကျွတ်ပါ … ။
          ဟိဟိ ရန်စလိုက် ပြီ 😆

        • surmi

          August 22, 2012 at 7:47 pm

          ကြည် ့ရတာ ဒေါ်အိတုန်ရဲ ့ မိတ်ဆွေဟောင်းကြီးများဖြစ်တဲ ့
          မမကြီး တို ့အဖွဲ ့များလားပဲဗျ

  • အရီးခင်လတ်

    August 22, 2012 at 4:39 am

    အဲဒီ လေဘေး ထည် ဆိုတာ အရင် ရခိုင်လေဘေး အတွက် လှူတဲ့ အထုတ်တွေကို မဝေဘဲ ပြန်ရောင်းစားပြီး နာမည်တွင်ခဲ့တာလားလို့။
    အခုလဲ နိုင်ငံခြား ဟိုဟိုဒီဒီ ချာရတီ တွေကနေ စီးပွါးဖြစ်လုပ်စားပြီး ပို့နေတာတွေ ဖြစ်မယ်ထင်ရဲ့။
    ကျွန်မတောင် တစ်ချို့အဝတ်အစား မဝတ်သလောက် တွေ ကို လှူလေ့ရှိတယ်။
    တစ်ချို့သူများ လှူတာဆို တံဆိပ်တောင်မဖြုတ်ရသေးတာ။

    အရင်ကတော့ စကော့ဈေးထဲမှာ မင်းသားမင်းသမီး အကျ အဝတ်တွေ ကို ကြော်ငြာပြီး ရောင်းတဲ့ဆိုင်ရှိတယ်။
    အခု ဆို အကျလို့တောင် မပြောဘဲ အသစ်လို ရောင်းနေကြပြီလားမသိ။ 👿

    ကဆာမိ ရဲ့ ”ရွှေပင်နားတော ရွှေကျေး” ဆိုတဲ့ တွေးမိတဲ့ အိုင်ဒီယာလေး ကို အတော်သဘောကျပါ၏။ 🙂

  • ကိုရင်မောင်

    August 22, 2012 at 5:33 am

    ရွှေပင်နားတော့ရွှေကျေးတဲ့လား…
    နာမည်နဲ့ပို့စ်ကတော့ ကွက်တိပါဘဲ..
    အဲ့ဒါပြောတာပေါ့ ကိုဆာမိရဲ့ ရိုက်စားကောက်ထည့်ဆိုတာလေ…

  • ကြောင်ကြီး

    August 22, 2012 at 7:22 am

    လေဘေး
    ရွှေသွေး
    အေပေး
    တွေငေး
    ဗွေထွေး
    နွေအေး
    ကြွေဆွေး
    ဂွေဝေး..။

  • MaMa

    August 22, 2012 at 7:55 am

    ကြည့်ရတာ ကိုဆာမိရဲ့ဥပဓိရုပ်ကြောင့် ဘောစိဆိုပြီး အချဉ်ဖမ်းလိုက်တာ ဖြစ်မယ်။
    မဒမ်ဆာမိကလည်း မော်ဒယ်ဂဲလ် ဖြစ်ရမယ်။
    ပေးချင်တဲ့ ရသကို ရသွားတဲ့အပြင်…
    ဥပဓိရုပ်ကောင်းပုံကို မြင်သွားပါတယ် ဗျို့…….. [:))]

  • မောင်ပေ

    August 22, 2012 at 10:12 am

    ဖတ်လို့အရမ်းကောင်းဗျာ
    ကိုဆာမိ တစ်ယောက်သာ အချိန်များများရခဲ့ရင် ကျွန်တော်တို့ စာကောင်း ဇါတ်လမ်းကောင်းတွေ ဒီထက်ပိုဖတ်ရမှာပဲ

    • surmi

      August 22, 2012 at 11:11 am

      အစ်ကိုအညာရေ
      ဘုရားပေးပေးကျမ်းပေးပေးပါ တစ်ယောက်ဆိုတစ်ယောက်ပါဘဲဗျာ ဟဲ ဟဲ
      သူတို ့ဆိုင်ကိုက အဲဒီလိုသူတွေကို ဖဲ ့ နေကျမို ့လေ

  • ahnyartamar

    August 22, 2012 at 10:46 am

    ဟုတ်တယ် ကိုဆာမိ ရေ ပြောင်ပြောင်မြင်တိုင်း ရွှေတော့မဟုတ်ဘူးဗျို့၊ brand ချင်း တူရင်တောင်မှ ငွေကြေးတတ်နိုင်သူတွေဝတ်ရင် brand အစစ်၊ ဆင်းရဲသားဝတ်ရင် ဟာ….အတုကြီးပါကွာလို့ ပြောနေကြတာဆိုတော့…………..
    ဒါနဲ့……မေးပါရစေအုံး..

    “ ရှေ ့ကဘဲအိုကြီးနဲ့ တွဲနေတာကြာပြီလား”တဲ. ပြီးတော.ကလေးနှစ်ယောက်
    အမေဖြစ်တဲ.မဒမ်ဆာမိကိုလည်း ရာထူးချလိုက်သေးတယ် …..ဘာတဲ. …
    “ယောက်ကျားတွေက တစ်နေ. တစ်ယောက်တွဲနေတာ ၊ တွေ.တုန်းလိုချင်တာ အကုန်ဝယ်ခိုင်းလိုက်” တဲ.

    ကိုဆာမိက မဒမ်ဆာမိ မပါပဲ ဘယ်သူနဲ့ အဲဒီ ရှော့ပင်းမော သွားခဲ့လားမှမသိတာ…ဟား…ဟား…

  • surmi

    August 22, 2012 at 10:47 am

    အရီးလတ်ခင်ဗျ
    အရီးပြောသလိုဖြစ်မယ်ထင်တယ် ၁၉၈ဝ ရခိုင်လေဘေးအလှူက စတဲ ့အခေါ်အဝေါ်
    ခုတော ့ တရုပ်ကရောင်းမစွံတဲ ့ အထည်တွေတောင် ဘေထုပ်အဖြစ်ဝင်လာကြပြီ

    ကိုရင်မောင်ရေ
    ရိုက်စားခံရပေါင်းလဲများလှပေါ ့။ အချဉ်မှမကုန်တာကိုး

    ဦးကြောင်ရေ တစ်နေ ့ကျရင်တော ့ တန်ရာတန်ရာ ဖြစ်ချင်ပေါ ့ဗျာ

    အန်တီမမ
    မဒမ်ဆာမိကတော ့မော်ဒယ်မဟုတ်ပါဗျာ
    တစ်ချို ့ ဆိုင်တွေရဲ ့ ညစ်တီးညစ်ပတ်မတ်ကက်တင်းတမျိုးပါ
    ဒီလိုနည်းနဲ ့ တချို ့ စမောနဲ ့ရှော့ပင် ထွက်တဲ ့ ဘောစိတွေကို ဖဲ ့ တာပေါ ့
    သမီးလေးတွေရှေ ့ဆိုတော ့ ဘောစိကလည်း အင်း အင်းအင်းနဲ ့
    ပြီးမှ တက်မတတ် ချက်မတတ် နှာနှပ်ရတော ့တာဗျို ့

    ဗျို ့ကိုပေ
    ကိုပေတို ့တတွေအားပေးနေလို ့လဲ ကျနော်အားတက်ရတာပေါ ့
    ဒီလိုရေးဖြစ်တာကလည်း ဖတ်ပေးတဲ ့သူတွေရဲ ့ ကျေးဇူးကြောင် ့ပါဗျာ
    လာမည် ့စနေမျှော်နေမယ်နော

  • ဦးဦးပါလေရာ

    August 22, 2012 at 10:47 am

    ဒီ ဘေထုပ်လို့ခေါ်တဲ့ အဝတ်ဟောင်းထုပ်တွေ ပီနံလှေနဲ့ဝင်လာတဲ့အခါ
    ဘယ်နိုင်ငံကအထုပ်ဆိုတာပေါ်မူတည်ပြီး ဈေးဖွင့် ရောင်းဝယ်ကြပါတယ်။
    အလတ်စား ၁ဝထုပ် ၁၅ ထုပ် ခွဲနိုင်တဲ့သူတွေကစလို့(တသုတ်အရင်း သိန်း၂၀၀-၄၀၀)
    အသေးစား တထုပ်ပြီးမှ တထုပ်ဝယ်ခွဲနိုင်သူတွေအထိ
    အရင်ဆုံး ပစ္စည်းကောင်းတွေခွဲခြားပြီး ဈေးကောင်းပေးမယ့်သူတွေကို သွင်းရပါတယ်
    အဝတ်အထည်ဆိုင်တွေနဲ့ ဖက်ရှင်ဆိုင်တွေပေါ့
    ပြီးမှ တဆင့်စီခွဲပြီး ဈေးအဆင့်ဆင့်နဲ့ရောင်းရပါတယ်။
    အဲသလိုရောင်းရာမှာ အဝတ်အထည်ရောင်းသလို ဈေးကိုင်ပြီး စောင့်မရောင်းဘူး
    တထုပ်မြန်မြန်ကုန် တထုပ်မြန်မြန်ထပ်ခွဲ ဆိုတဲ့
    ကုန်စိမ်းရောင်းတဲ့နည်းဗျူဟာနဲ့ရောင်းရတာဖြစ်ပါတယ်။

    ဆိုတော့ ဘေထုပ်ကဝယ်ပြီး အသစ်ဈေးနဲ့လိမ်ရောင်းတဲ့ ဆိုင်တွေကို လက်ညှိုးထိုးချင်ရင်တော့
    မေးခွန်းလေးတခု အရင်ဖြေရပါမယ်။
    “ ခင်ဗျားမှာ လက်ညှိုး ဘယ်နှစ်ချောင်းရှိလို့လဲ … ?? ”

    ကိုဆာမိရေ
    ကျုပ်လဲ မကြာခဏအလိမ်ခံနေရလို့
    အခုကြုံတုန်းလက်တို့ပြီးမေးပါရစေ…..
    အဲ့ဒီဖျာပုံသည်က ဘယ်နားမှာလဲဟင်.. ? 😀

    • surmi

      August 22, 2012 at 11:31 am

      ဦးဦးပါလေယာပြောမှပဲရှင်းတော ့တယ်
      လူတစ်ချို ့ ကလက်မခံချင်ဘူးဗျ ကိုယ်ကဘဲ မနာလိုလို ့ပြောသလိုလို
      လက်ညှိုးထိုးရင်လည်း ၃၆ဝံ ဒီဂရီ ပတ်ပြီးထိုးရလိမ် ့မယ်
      ဆိုတော ့ အရင်လည်းခံပေါ ့ မအရင်လည်းခံပေါ ့
      ဒါဘဲရှိတာပဲလေ
      အခုဟာက တရုပ်ကပါဝင်လာတယ်ကြားတာပဲ
      တရုပ်ထည်အကြမ်းဝတ်တထည်ကို ၁၅၀ဝ နဲ ့ ၂၅၀ဝ ဒါကအသစ်ဈေး
      ဘေထုပ်မှာရောင်းဈေးကျတော ့လည်း ပစ္စည်းသစ်ရင် ၂၀၀ဝ /၂၅၀ဝ
      ဒီတော ့ရောင်းတဲ ့သူတွေက ငွေရတာဘာမှမကွာဘူး
      ပိုတောင်ရောင်းကောင်းနေသေး
      ဈေးကွက် ဈေးကွက် ဟောင်းတာလေးမှရွေးရွေးကြိုက်တယ်

  • ပစ်ပစ်ချန်

    August 22, 2012 at 11:35 am

    ခုနောက်ပိုင်း အနော်တော့ ချုပ်ဝတ်တာများပါတယ်
    ရယ်ဒီမိတ်တွေတော့ လည်မှဝယ်လို့ကောင်းတဲ့အနေပဲ
    စတိုးဆိုင်တွေမှာ တစ်ဆိုင်နဲ့တစ်ဆိုင် ပစ္စည်းချင်း ကွာလတီချင်းတူရင်တောင် ဈေးကမတူဘူး
    ဒီမှာချုပ်တဲ့ စပို့ရှပ်ချင်းတူတူ မိတ်အင်ထိုင်းလန်တပ်ပီး ဈေး၂ဆလောက် ပိုတင်ထားတာ တွေ့ဖူးတယ်
    ဆိုင်အနေအထားအပြင်အဆင်နဲ့ပဲ ဈေးတွေပြောင်းပစ်လိုက်ကြတာကော
    ဆိုင်ဆိုင်မဆိုင်ဆိုင်ပြောရဦးမယ်
    အနော့်မောင်လေး ဖိနပ်ဝယ်ဖို့သွားတာ အိမ်မက်စိမ်းက ဝယ်ခဲ့ပါသတဲ့
    ဒဂုံစင်တာမှာ အဲ့ဖိနပ်ကိုပဲ အိမ်မက်စိမ်းထက် ၆ထောင်ကျပ်တိတိ ပိုပါသတဲ့
    အွင်း……….ဘယ်လောက်တောင် ဘယ်လိုတွေ ဘာလုပ်ထားကြတယ်မသိ 🙄
    အနော်စီးတဲ့ကြက်ပေါင်ဖိနပ်ကတော့ မင်းလမ်းဈေးထဲကဝယ်တာ
    ၁၅၀ဝဆိုဈေးကို လိုချင်ရင် ၁၃၀ဝနဲ့ယူဆိုလို့ ဝယ်လိုက်တယ်
    အဲ့ဖိနပ်ပဲ မြို့ထဲပန်းဆိုးတန်းက စတိုးဆိုင်တစ်ဆိုင်(fashion shop)မှာ အများကြီးချိတ်ထားတော့ ဈေးမေးကြည့်သပေ့ါ
    ၃၅၀ဝတဲ့ ၃၅၀ဝ 😀

    • surmi

      August 22, 2012 at 11:54 am

      သိပ်ဟုတ်သပ ဒေါ်ပန်ပန်ရေ
      အစားအသောက် အသုံးအအဆောင် ပြီးတော ့ဆေးဝါး
      ဘာတစ်ခုမှစိတ်မချရတဲ ့အနေအထားဗျ
      အခု တစ်ချို ့ဆေးဝါးအတုတွေ ကလည်းဈေးကွက်ထဲပြန် ့နေတော ့
      ဆရာဝန်တွေလည်း နာမည် ပျက်ကိန်းဆိုက်နေပြီ

      ကိုသန်းထွဋ်ဦးရေ
      အခု ကားတွေအဝင်များလွန်းလို ့ ဘာတွေမှန်းတောင်မသိတော ့ပါဘူးဗျာ

      • “ယောက်ကျားတွေက တစ်နေ. တစ်ယောက်တွဲနေတာ ၊ တွေ.တုန်းလိုချင်တာ အကုန်ဝယ်ခိုင်းလိုက်” တဲ.
        ကားအသစ်လေး တစ်စီးလောက်ပါ ကိုဆာမိ နော် နော်လို ့

  • etone

    August 22, 2012 at 11:51 am

    ကိုဆာမိရေ …

    မနက်မနက် အလုပ်သွားရင် အချမ်းသက်သာအောင် ထမင်းချိုင်.ပူပူ လေးကိုဖက်ထားရတာအမော ….

    ဆိုတဲ့ စာလေးဖတ်မိပြီး.. ကိုဆာမိ အခုပုံနဲ့ အဲ့ဒီအရေးသားပေါင်းစပ်ကြည့်လိုက်တာ …. ဟီးဟီး … ရယ်မိသွားပါတယ် …. ။ 😆

    ဘဲအိုကြီးတဲ့လား ….. ဒီကောင်မလေးတွေ မျက်စိမှုံနေလို့ဖြစ်မယ် ။ လူလတ်ပိုင်းအသက်ရွယ် ၊ ဖြူဖြူ ခန့်ခန့် ဥပဓိရုပ်ကောင်းကောင်း ၊ ဘောစိမျက်နှာပိုင်ရှင်ကိုတောင် …. ပြောရက်လိုက်တာနော် … ဟီးဟီး :mrgreen:

    အထည်ကတော့ .. မသိလျှင် မသိသလို အင်ထုကြတာပါပဲ … ။ အခုလည်း .. ဈေးကွက်ထဲ …နာမည်ကြီးနေတဲ့ ကိုရီးယားဘရန်း (ကြော်ငြာအားကြောင့်နာမည်ကြီးတာပါ) တစ်ခုဆိုလျှင် …. မိတ်အင်ကိုရီးယားသာ လုပ်ထားတယ် ။ ဒီနိုင်ငံက စက်ရုံတကာ လှည့်အပ်ထားတာတွေချည်းပဲ …. ။ ကိုရီးယားကားတွေ ခေတ်စားလာတာနဲ့ လူတွေလည်း ကကြီး ရူး ရူးကုန်ကြတော့ … နာမည်ယူလုပ်စားလို့ကောင်းနေတဲ့ အချိန်ပေါ့ ….. ။ ကြော်ငြာတွေ ၊ ပိုစတာတွေထဲက ဒီဇိုင်းတွေကတော့ .. အလန်းလေးတွေချည်းပဲ .. တကယ်တမ်း ဆိုင်မှာ သွားကြည့် … စိတ်တိုင်းမကျစရာပုံစံတွေတွေ့ပါလိမ့်မယ် … ။ စက်ရုံတွေမှာ ချုပ်တာတွေကို95%~ 100% အရည်သွေးမှီလျှင် သူတို့နိုင်ငံကို ပြန်ပို့ပါတယ် .. ကွာလတီ 70% ~ 80% acceptable လောက်ကို … ဒီမှာ ချန်ခဲ့ပြီး အခုလို ဆိုင်တွေဖွင့်ရောင်းတာမျိုးပါ ။ reject တွေပုံနေလျှင်တော့ လျော့ဈေးဆိုပြီး … တမူးရရ တပဲရရ ထုတ်ရောင်းတတ်ပါသေးတယ် ။

    မြန်မာ့ အထည်ဈေးကွက်မှာက ကွာလတီကို .. စံနှုန်းမရှိသလောက်ပဲ လို့ ပြောလျှင် … လွန်သွားမှာ စိုးလို့ .. အားနာနာနဲ့ပဲ …ကွာလတီ အမြင့်ကြီးမရှိဘူးလို့ပြောပါမယ် ။ … ပြည်တွင်းသုံးဖို့အတွက်ဆိုလျှင် … အသားလေးကောင်း ၊ အဆင်လေးလှ ၊ ပုံစံလေးကျနေတယ်ဆိုလျှင် နိုင်ငံတွင်းမှာ အရောင်းသွက်နိုင်တာမျိုးပေါ့နော် … ။ export အတွက်ကျတော့ .. အဲ့ဒါမျိုးတွေမရတော့ဘူး … သူတို့က ပိုက်ဆံပေးပြီးဝယ်ရတဲ့ ပစ္စည်းကို စိန်ဝယ်သလိုများရွေးကြတယ်မှတ်တယ် ။ လုံးစေ့ပတ်စေ့ကြည့်ပြီးမှ .. Passed ဖြစ်ပေးတာ ။ဥပမာပြောရလျှင် ဒီနိုင်ငံမှာ တော်တော်များများ လျစ်လျူရှုထားတဲ့ ပိတ်စရဲ့ composition၊ care label instruction ဆိုတာမျိုးကို သူများ နိုင်ငံမှာ အလေးထားကြတယ် … ။ ပိတ်စကြောင့်ဖြစ်တဲ့ အသားယားယံမှုတွေ ၊ ဓါတ်မတည့်မှုတွေကို compositionကြည့်ဝယ်ရုံနဲ့ ကြိုကာကွယ်နိုင်တဲ့သဘောပါ ။ care label inst; ဆိုတာမျိုးကလည်း ဒီနိုင်ငံကို ဝင်နေတဲ့ တရုတ်အထည်တွေမှာ ပါလိုက် မပါလိုက်ပါ … ဒါပေမယ့် … ကိုယ့်ဘက်က ပြန်export ပို့တော့မယ်ဆိုလျှင် .. အဲ့ဒီဟာကလည်း အရေးကြီးသွားပါပြီ ။ အဲ့ဒီမှာဖော်ထားတဲ့ သင်္ကေတတွေက အလကား မဟုတ်ဘူးလေ ….. လက်နဲ့လျှော်လား ၊ စက်လျှောက်လား .. မီးပူတိုက်ခံလား .. ဘာလား ညာလား တစ်ခါတည်း ရေးထားပြီးသားပါ ။ အဲ့ဒီမှာဖော်ထားတာနဲ့ ပတ်သတ်လို့… ဝယ်ခဲ့တဲ့လူလက်ထဲရောက်လို့ အမှားယွင်းဖြစ်လျှင် .. အလျှော်စားလုပ်ပြီး responsible လုပ်ပေးပါသတဲ့ ။ ဆိုလိုချင်တာကတော့ … ထွက်သွားတဲ့ အထည်တွေက … လုံးဝကို ငွေနဲ့ တန်တဲ့ ကွာလတီမျိုးဖြစ်ပြီး ။ ကျန်ခဲ့တာတွေကတော့ …… သေမထူး ၊ နေမထူး အထည်မျိုးတွေလို့ ပြောချင်တာပါ ။ ဟိုလည်း ပို့လို့ မရ … လက်ထဲလည်း အများကြီးကျန် … raw materials တွေအတွက်ကလည်း … ပိုက်ဆံရှင်းပြီးသားမို့ ….. ၊လက်ထဲ ကျန်တဲ့ ဒီစံမမှီတဲ့ အထည်တွေကို ငွေပေါ်ဖို့ လှုပ်ရှားရပြီပေါ့ ။ (သူများနိုင်ငံကိုပို့ဖို့ မမှီပေမယ့် … ဒီမှာဝတ်လို့တော့ … ရနိုင်တာပဲလို့ တွေးပြီး ) ဒါကြောင့် Export ဆိုင်တွေ … အများကြီးဖွင့်လာကြတာပါ ။
    ဘရန်းတူတိုင်း ကွာလတီ မတူဘူးဆိုတာလေးလည်း .. သိစေချင်လို့ပါ … ။ တစ်ချို့သော အထည်တွေက ဒီမှာ ချုပ်တယ် .. ဟိုဘက်ရောက်သွားတယ် .. ပြီးလျှင် ဈေးတင်ပြီး .. ပါကင်ပြောင်း ပြန်ဝင်လာတယ် ….။ အဲ့လိုလေးတွေ လုပ်စားနေကြတာလည်း မြင်ခဲ့ဖူးပါတယ် ။Export ပို့ဖို့ ကွာလတီမမှီတာကို လိမ်များပို့ကြည့် ….ဟိုက အားနာလို့ ယူထားတာမျိုးမရှိဘူး ၊ စရိတ်ဘယ်လောက်ကုန်ကုန် ကွန်တင်နာ အလုံးလိုက်ပြန်ရောက်လာတဲ့ အဖြစ်မျိုးလည်း ရှိတယ် ။ ဒီလောက် စိစစ်ထားတဲ့ အထည်ကို .. သူတို့ သင့်တော်တဲ့ နှုန်းနဲ့ ရောင်းတာကို အားကျပြီး .. ဒီမှာ ကျန်နေခဲ့တဲ့ .. စံမမှီဘာမမှီအထည်တွေကပါ ဈေးတွေ စွတ်တင်လာကြတာပါ …… ။

    အဝတ်ထည်ဝယ်တော့မယ်ဆိုလျှင် … အချိန်ရလျှင် ရသလို .. လှည့်ပတ်ကြည့်သင့်ပါတယ် ။ တဆိုင်နဲ ့တဆိုင်ဈေးနှုန်းချင်းမတူကြောင့်ပါ … တစ်ခါတစ်လေများ ထက်ဝက်လောက်ကွာအောင်ပေးဝယ်ခဲ့ဖူးတဲ့ အဖြစ်တွေလည်းရှိတယ် ….. ။ ဒါပေသိ ….. ဈေးကြီးကြီးပေးပြီး …. တံဆိပ်ကြည့်ပြီးဝယ်လာတာ ….. ကွာလတီမမှီတဲ့ အထည်မျိုးမှန်းသာ သိလျှင်တော့ ….. အသည်းကွဲပြီပေါ့ …. ဟိဟိ 😆

    • surmi

      August 22, 2012 at 12:11 pm

      ကျေးဇူးဘဲဒေါ်အိတုန်
      ဒီလိုအကြောင်းအရာမျိုးက အပြင်လူတွေအနေနဲ ့ ရှင်းမပြရင်မသိနိုင်ပါဘူး
      ဒေါ်အိတုန်ရဲ ့ကွန်မန် ့ကို ဖတ်မိကြသူတွေ အကျိုးများကြမှာမို ့
      တကယ်ကိုဝမ်းမြောက်မိပါကြောင်း

    • Liquid_Sn@ke

      August 22, 2012 at 12:20 pm

      သည်လိုကြုံဖူးတယ်… အူးလေးဆာမိ နဲ့ ဆုံသင်းတုန်ရေ …

      တခါက ဖြစ်ပါတယ်…
      ကျနော်နဲ့ အတူနေကြတဲ့ ဘော်ဒါ ၃ယောက် ပြည်တော်ပြန်ခါနီး …
      ရှော့ပင်းမော ပတ်ကြတယ်.. အဲ့ဒါ ထူးထူးဆန်းဆန်း ..
      အရင်အပါတ်တွေက ယန်း-၂၅၀၀-၁၉၈၀- ၁၅၀၀- ၉၈ဝ အသီးသီး ချလာလိုက်တဲ့
      စတိုင်ပင်န် တွေဟာ သည်နေ့က စလို့ ယန်း၄၀ဝ တဲ့….

      အိုး ..ပွဲတော်ဂျီးပဲ …။ စိန်ဗိုက်ဗိုက် စကားငှားပြောရရင် ချယ်ပဲ ချယ်ပဲ ပေါ့…
      ဟုတ်တယ် အရင်က အထက်ဈေးတွေနဲ့ (မရှိမဖြစ်မို့ ဝယ်ထားတာလေးတွေကိုတောင် )
      နှမျောတသစွာနဲ့ လက်စားပြန်ချေမယ်ပေါ့ … တွေးတာ တွေးတာ ..
      (အောက်ဈေးနဲ့ ခုရေများများရထားရင် … ပါကော့စ် ကျတယ်ပေါ့… အဟိ..)
      အဲ့ဒါ သူတို့ ၃ယောက် ကလည်း အပြတ် ..ကျုပ်ကလည်း အပြတ်…
      ကိုယ့် ခါးဆိုက်တော်တဲ့ ဟာတွေ အပြတ်ဆွဲကြတာ ပြောပါတယ်…။
      ၁ယန်း ကို ဗမာငွေ ၁ဝကျပ် ခည ..။ အင်တွေ လည်းမ ဟုတ်. .အရင့်အရင်အပါတ်တွေက
      ရောင်းတဲ့ ဈေးတွေကို ကိုယ် လည်း သိထား ဝတ်လည်း ဝတ်ကြည့်ထား ဝတ်နေဆဲ ကိုး …။

      ဘယ့်နှယ့် ပုံမှန်ဈေး ၂သောင်းခွဲလောက် တန်မယ့် ဘောင်းဘောင်းကို ၄ထောင်နဲ့ ရမယ့်ကိန်းကိုဗျ…
      အဲ့လိုနဲ့ … ဝိုင်းဆွဲလိုက်တာ ..ငွေရှင်းမယ် ဘောင်းဘောင်းတွေ တိုင်းပြီး ဖြတ်ပေး ပါပေါ့…
      ဆိုတဲ့ အချိန်ကျတော့မှ ..အထူး ဒစ်စကောင့်မို့ …
      အပြောင်ရှင်း ဈေးမို့ ..မဖြတ်ပေးတော့ပါဘူးတဲ့ ..ဟိုမှာရေးထားပါတယ်တဲ့ … အော် ..အင်း …ဟုတ်ကဲ့ပေါ့..
      (ယန်း၁၀၀ဝ အထက်တုန်းက အလကား ဖြတ်ပေးတယ်ဗျ- ဆားဗစ် ဆားဗစ်)…
      ဖြတ်ခက ယန်း-၄၀ဝ ပေးရင်တော့ ဖြတ်ပေးပါတယ်တဲ့ … အဲ့မှာ ၄ယောက်သား ခေါင်းချင်းဆိုင်ရဘီ …။
      ဟို-၃ယောက်က ရဒယ် … ရန်ကုန်ရောက်မှ ဖြတ်မယ် …၁၀၀ဝကျပ် လောက်ပဲ ကုန်မှာ ဆိုပီး
      ပျော်ရွှင်စွာ ပြန်သွားကြလေရဲ့ … ။ ကျုပ်မှာတော့ ..အီလည်လည်ကြီး….
      အဲ့သည့်မှာ ဈေးဝယ်သူရဲ့ ဆိုက်ကော်လော်ဂျီကို ဘွားကနဲ သွားတွေ့တော့တာပါပဲ … ယန်း၂၅၀ဝ ဆိုရင်
      ဖြတ်ခ ၄၀ဝ ပေးရမယ် ဆိုလည်း ကျုပ် ဖြတ်ဖြစ်မှာပဲ …အဲ …၄၀ဝတန် ဘောင်းဘောင်းကို ဖြတ်ခ ၄၀၀
      ပေးပြီးတော့တော့ မဖြတ်နိုင်ပေါင်…။ ကိုယ့်ဟာကိုယ် မီးပူတိုက်ပီး ကပ်ရတဲ့ ဘောင်းဘောင်းဖြတ်တဲ့ ကော်ပိတ်စ
      လေး ၁၀ဝ ပေးပြီး ၂စုံ ဝယ် ပြန်လာခဲ့တယ်….

      အိမ်ရောက်တယ် ဆိုပါတော့ …သည်ဘဲတွေ ..က ဘောင်းဘောင်းတွေ ကပ်ကြည့်ကြ .. ဝတ်ကြည့်ကြပေါ့….
      အဲ့မှာ အတွင်းက စာကို ဖတ်မိတော့မှ ..လားလား..

      Made in Myanmar တဲ့…
      ကျုပ်တို့ ၄ယောက်စလုံး ပြည်တွင်းမှာ မမြင်ဖူးခဲ့တဲ့ ပုံစံတွေ ..။ အဆင်တွေ .. အသားတွေ ..။
      ဒေါ်တုန်တုန်ပြောတဲ့ ၉၅%-၁၀၀% ကျူစီ ပါ့စ် ဖြစ်တဲ့ အထည်တွေပါ…။
      အော်… လုပ်ရက်ပါပေ့ကွယ်… ။ ဘောင်းဘောင်းတထည် ၂သောင်းခွဲ ၃သောင်းလောက်ကတော့
      (အထက်တန်းစား ထားပါတော့ဗျာ ..) အလယ်အလတ်တန်းစား ရော ..လက်လှမ်းမီတဲ့ ဈေး ဖြစ်သလို
      နည်းနည်းနိမ့်မယ်ဆိုရင်တောင်ပွဲနေ့ပွဲထိုင်အတွက် တထည်တလေ ဝယ်ယူနိုင်မယ့် ငွေပမာဏမှာ…

      ကိုယ့်ပြည်တွင်းကို ဒါမျိုး မရောင်းပေးလေခြင်း ..။ ရွေးချယ်စရာ နည်းလေခြင်း ဆိုပြီး .. စိတ်အတော်နာသွားဖူးပါတယ်.
      ကျုပ်တို့ အမျိုးတွေ လက်နဲ့ ကျုပ်တို့ မြေပေါ်လာ လုပ်သွားတဲ့ ဘောင်းဘောင်းတွေလေဗျာ..။
      ပြန်တဲ့ သူတို့ ၃ယောက်လည်း .. တက်ခေါက်ကြသလို …။

      ကျုပ်လည်း စောင့်ဂျီးအောင့်ဂျီး နဲ့ မီးပူထိုး ကော်ကပ် ရင်း … တိုင်လေးလုံးကို ဖရုတ်သဝါစာ မေတ္တာပို့ပါတော့တယ်…။

      အော် … ပြောရဦးမယ် ဈေးချတာဆိုလို့ .. နောက်တပါတ်ကစပြီး ဆောင်းဦးရာသီ ဝင်တော့မှာမို့ …
      ရောင်းမကုန်သေးတဲ့ နွေအတွက် အံကိုက်ဖြစ်အောင် ထုတ်ထား တဲ့ အသား .. အဆင် ရှိတဲ့ အဝတ်တွေမို့ .. ဈေးချတာပါ တဲ့ ..
      ရီဂျက်မို့လို့ မဟုတ်ရပါတဲ့ဗျား …။
      (လိုကယ်က အချို့ ဆိုင်ဂျီးဒွေက ဆရာသမားတွေ ..အဲ့လို ကာလ ရှော့ပင်ထွက် ကြပါတယ်..)
      ကျပ်ငွေနဲ့ ပြောရင် ၄-၅၀၀ဝ နဲ့ ရလာမယ့် ဘောင်းဘောင်းကို ရန်ကုန်မှာ ၃-၄သောင်း အသာလေး တင်ရောင်းနိုင်တာကိုးဗျာ..
      သယ်ယူမှုစရိတ် ထည့်တွက်ဦး ..။ (နွေ-ဆောင်းဦး-ဆောင်း-နွေဦး) အဲ့သည့် ဥတုရာသီ ကို နားလည်တာနဲ့တင်
      အမှန်အကန် ပစ္စည်း ကို ရောင်းတာတောင် နော .. ခေါက်ချိုးမက ကျန်ပါကြောင်း…။
      (ဗေထုပ် ဆြာတွေထက်စာရင် သူတို့ကတောင် ပို သမာသမတ် ရှိသယောင်…)
      (အဲ့ဆြာတွေ ပိုသိတယ်.. မိတ်အင်မြန်မာ ဘယ်လို ရှောင်ဝယ်ရမယ် ဆိုတာ ..ညင်းညင်း..)

      တော်သေးဘီ
      ဒက်ဂလောက်ပီ….

      ဒက်ဂလောက်..ဒက်ဂလောက်

  • surmi

    August 22, 2012 at 2:12 pm

    ကိုဂီ့အဖြစ်က ရယ်ရအခက် ငိုရအခက်ပါလား
    ကျားကို ခွေးကိုက်တဲ ့အပေါက်
    ကိုဂီရဲ ့ အအတွေ ့အကြုံကတော ့ အဖိုးတန်ပ
    ပြောမယုံ ကြုံမှသိဆိုသလိုပဲဗျ

    • Liquid_Sn@ke

      August 22, 2012 at 2:31 pm

      နောက်ဆက်တွဲ အတွေ့အကြုံကတော့ ..
      နွေမှာ အပါးသားနဲ့ ချုပ်ထားတဲ့ ဘောင်းဘောင်းတွေ
      ပိုက်ဘောမိထားတော့ ..ဆောင်းလဲရောက်ကော …အားပါးတရ ချမ်းပါသည်ခင်ဗျား ….။
      :mrgreen:

      ရွှေပဲဗျာ …အတွင်းကနေ ယောက်ျားဝတ် စတော့ကင်တွေ ပဂျားမားတွေ ခံဝတ်ပီးတော့ကို
      အားပါးတရ ဖြတ်သန်းပစ်လိုက်ပါတယ်ဗျား …
      😳

  • ကို ခင်ခ

    August 22, 2012 at 2:23 pm

    ကျွန်တော်ရန်ကုန်မှာ Custom Clearing (ဆိမ်ကမ်းရှင်းလင်းရေး ) လုပ်တုံးက ဂါးမန့်အိတ်စပို့ အနွေးထည် နဲ့ ဂျာကင်ထည်တွေကိုလည်း အေးဂျင့်လက်ခံပြီး အကောက်ခွန်အစစ်ခံလို့ ပို့ပေးဘူးတယ်။ အိတ်စပို့ မို့လား မသိဘူး ချုပ်ထားတာအတော်ကောင်းပါတယ်။ အဲဒီတုံးက လက်ဆောင်ရတဲ့ ဂျာကင်တွေ အခုထိဝတ်လို့ကောင်းနေစဲပါ။ အဲဒီတုံးက ကုမ္မဏီ ကသူကပြောတယ် အိတ်စပို့ ပို့ဖို့ စစ်ဆေးပြီး ပယ်တာတွေကိုကျတော့ ပြည်တွင်းဈေးကွက်ကို ရောင်းရတာပေါ့တဲ့လေ၊ ဒါပေမယ့်လည်း ရှပ်ဆိုင်မှာ သွားချုပ်တဲ့ ချုပ်ခ သာသာလေးလောက်နဲ့ အဆင့်သင့်ဝတ်ရတာမို့ ပြည်တွင်းမှာလဲ ရောင်းနေရတာဘဲတဲ့။ အဲဒီတော့ သူမူ သူဟန် နဲ့ လုပ်နေကြတာ မြန်မာပါ လို့ဘဲကောက်ချက်ချမိပါတယ် ကိုဆာမိရေ။

  • surmi

    August 22, 2012 at 2:30 pm

    အမှန်ဘဲကိုခ ရေ
    အိတ်စပို ့ ထည်တွေက သူ ့ဈေးနဲ ့သူတန်တယ်ဗျ
    အဲ မှန်လုံခန်းထဲထည် ့ပြီး ဆော်မှသာ မတန်တော ့တာ

  • မဟာရာဇာ အံစာတုံး

    August 22, 2012 at 3:13 pm

    ကိုယ့်အကြိုက် လက်ဖက်ရည်ဆိုင် ..
    ကိုယ့်အကြိုက် ပေါ့ဆိမ့် လက်ဖက်ရည် ရယ် …
    ပီးဒေါ့ ဇွန်းလေး တပ်ထားတာရယ် ..
    စီးကရက်လေး တစ်ပွဲရယ် …
    ဒါတွေ ပြည့်စုံနေချိန်ဟာ ကိုယ့်အတွက် အကောင်းဆုံး အချိန်တစ်ခုပါပဲ ..
    ခုလည်း ဒီလိုပဲ ..
    လက်မဂျီး ထောင်သွားပါတယ်ဗျာ ..

    • surmi

      August 23, 2012 at 12:01 am

      ပြောမှပြောတတ်ပလေ ကိုအံစာရေ
      ဒါနဲ ့ လက်ဘက်ရည်လေးတောင်သောက်ချင်လာပြီ

  • padonmar

    August 22, 2012 at 10:39 pm

    အိတုန်ရှင်းတာ မောင်ဂီရှင်းတာတွေဖတ်ကြည့်တော့
    ကိုဆာမိရဲ့ ကျေးလေးတွေက လေဘေးခေါ်တဲ့ charity ပစ္စည်းထက် ဒီမှာ ချုပ်တဲ့ export ထည် ဖြစ်ဖို့များပါတယ်။
    လေဘေးက အထည်တူ ဖြစ်ဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲမို့်လို့ပါ။
    ကမာ္ဘကျော် သူဌေးကြီး Warren Buffette ကတော့ ဘယ်တော့မှ branded မဝတ်ပါဘူးတဲ့။

    • surmi

      August 23, 2012 at 12:06 am

      အစ်မပဒုမ္မာပြောတာ ပိုဖြစ်နိုင်သဗျ ။
      ခုဟာတွေက ကျွမ်းကျင်သူမှခွဲနိုင်တာဆိုတော ့
      ဒါကြောင် ့လဲ ရွာထဲအားကိုးတကြီးတင်ပြရတာ ၊ သူတို ့ရှင်းပြမှ စုံသွားတာလေ ….

  • Shwe Ei

    August 23, 2012 at 2:12 pm

    ဟယ် သများရွေးထားတာလေး ဟိုအူးလေး လုတွားဘီ။ ဂယ်ဘဲ လူတွေများ မပြောလိုက်ချင်ဝူး။ အပုံထည်ရွေးနေတာချင်းတူတူ နဲနဲလောက်ကျောလိုက်ရမှ။ ဟွန်း။ ရန်တွေ့လို့လဲ မဖြစ်သေးပါဘူး။တော်ကြာ ရွာထဲက အူးဆာမိဖစ်နေရင် အားနာစရာ။ 😀

    • surmi

      August 23, 2012 at 2:21 pm

      အဲဒါပြောတာပေါ ့
      ယူမဲ ့ဟာငွေမြန်မြန်ရှင်း
      မနိုင်မနင်းနဲ ့ထွက်ကျတော ့မှနှမျောနေပြီး
      ဒီက ဒါမျိုးတွေစောင် ့နေတာ

  • ခပ်မိုက်မိုက် ကောင်မလေး

    August 23, 2012 at 2:41 pm

    မှတ်သားလိုက်စရာလေး တစ်ခုပါနော်…
    အားပေးဖတ်ရှုသွားပါတယ်…။

    • surmi

      August 23, 2012 at 2:57 pm

      လာရောက်ဖတ်ရှုှုအားပေးတာကျေးဇူးပဲ ခတ်မိုက်မိုက်ရေ
      တစ်ခုခုရသွားတယ်ဆိုရင်ဘဲ မန် ့ပေးကြရသူတွေ ဝမ်းမြောက်ကြမှာပါ
      ရွာထဲပြန်လာတဲ ့အတွက်လည်း ကြိုဆိုပါတယ်

  • ကို ခင်ခ

    August 23, 2012 at 2:57 pm

    ခပ်မိုက်မိုက်လေးရေ ( Long time, no see ) နော်။

  • ခပ်မိုက်မိုက် ကောင်မလေး

    August 23, 2012 at 3:52 pm

    မိုက်လေး….
    ဂေဇက်ကို သတိရလို့…
    စာလေး ဝင်ဖတ်ကြည့်တာပါ…။

    • surmi

      August 23, 2012 at 4:11 pm

      ဖတ်လည်းဖတ်
      ရေးလည်းရေးပါဦး
      လူစုံရေးတော ့ စာလည်းအစုံဖတ်ရတာပေါ ့ဗျာ
      ဒီရွာမှာတော ့ငြင်းလိုက်ခုံလိုက်နဲ ့
      သဂျီးပြောတဲ ့ငြင်းခုံခြင်းအနုပညာပေါ ့

      • ဖိုးအောင်ထွန်း

        August 23, 2012 at 10:14 pm

        ငြင်းခုံခြင်း အနုပညာမြောက်တယ်ဆိုတာ
        ပညာရှိတွေ၊ လူလိမ္မာတွေရဲ့ ငြင်းခုံနည်းပဲ ဖြစ်လိမ့်မယ်ထင်တယ် ..
        လူမိုက်တွေ ငြင်းခုံရင်တော့ သိတဲ့အတိုင်းပဲ ..
        ထ သတ်ကြတာပဲ .. ငှဲ .. ငှဲ .. 😀

        • surmi

          August 23, 2012 at 11:52 pm

          ဓားပြကြီးဖိုးအောင်ထွန်းရယ်
          ကျုပ်ကတော ့ မသတ်ဘဲနဲ ့ငြင်းဆိုလဲ မငြင်းနိုင်ပါဗျာ
          မောလွန်းလို ့

  • Foreign Resident

    August 23, 2012 at 4:58 pm

    MK လောက်ဆိုရင်ရော စိတ်ချရမလားဟင် ။
    မြန်မာပြည်ထဲမလဲ လှုပ်ကို မလှုပ်ရဲအောင်ပါပဲ ။
    ဟိုတစ်ခါ အဘ ဂျင်းဘောင်းဘီ ဝယ်တုံးကလည်း ၊
    ဒီတစ်ထည်ပဲ ကျန်တော့တယ်လို့ အပြောခံခဲ့ရတယ် ။
    ဒုက္ခ ။ ဒုက္ခ ။

    နောက်ဆို ၊ စိတ်ချချင်ရင် ၊ ချုပ်ဝတ်ရတော့မယ် ထင်တယ် ။

  • surmi

    August 23, 2012 at 6:20 pm

    အဘရေ
    MK ဆိုရင်တော ့ စိတ်ချရလောက်ပါတယ် ဒါပေမဲ ့
    ဒီဇိုင်းတွေကတော ့၃နှစ်လောက်ကြာနေရင်လဲ ဈေးမချဘူး
    အားလုံးရောပြီးရောင်းတာ
    သူတို ့လဲ နှစ်ကုန်ပိုင်းမှာ ယိုးဒယားသွားပြီး ဒစ်စကောင် ့ထည်သွားဝယ်ကြတာ
    ဒီတော့ အဘရေ အပြင်ကသာဝယ်လာခဲ ့ပေတော ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 23, 2012 at 10:08 pm

    တစ်ခါသော်ဝ် မင်းတြားဂျီးဆြာမိ သည် တစ်ဦးတည်းသော မစိမဲ့စိမဲ့မဒမ်ဆြာမိဂိုအဖော်ပြုခါ 😀
    ကုန်တိုက်ဖက်သို့ကြွချီတော်မူ၏
    ကုန်တိုက်တို့တွင် အပြည်ပြည်ဆိုင်ရာ တိုလီမိုလီဘရာစီယာများမှသည် စပ်စပိုင်တာများအထိ
    ဘရန်းနိမ်းမျိုးစုံကို ရောင်းချစားသောက်နေကြကုန်လေ၏
    မင်းတြားကြီးဆာမိသည် တစ်ခုသောကုန်တိုက်သို့ရောက်သော်
    ဆိုင်တစ်ဆိုင်၏အတွင်းရှိ တစ်ထည်သော အင်္ကျ ီသည်
    အရောင်းတာဝန်ခံ အပျိုဒေါ် တို့အားနှိုးဆော်လေ၏
    ဤဘဲအိုဂျီး၏ စကီလေးကို 😀 မြှောက်ထိုးပင့်ကော်၍ ရှိသမျှကိုဖြုန်းတီးကြလော
    ဤဘဲကြီးကို မွဲအောင်လုပ်ကြလော
    မင်းတြားကြီးဆာမိမှ ထိုသို့အသံကိုကြားလတ်သော်
    ဤသောအရပ်သည် အနေကြာလတ်သော် ငါအဘတ်ခံရလတ္တံ့ဟု ပညာဖြင့်ဆင်ခြင်မိသော်ဝ်
    ဘေထုတ်မတ်ကက်သို့လစ်လေ၏
    ဘေထုတ်စင်တာသို့ရောက်၍ လှည့်လည်ကြည့်ရှု့လေ့လာစဉ်
    တစ်ခုသောဆိုင်မှ တစ်ထည်သော အင်္ကျ ီသည် ဤသို့ဆိုလာ၏
    အရှင်မင်းကြီးကြွဘာ အပမ်းဖြေဘာ အေးမြသောရေကိုသောက်ပါ ဤသစ်သီးတို့ကိုသုံးဆောင်ပါ
    ကုန်တိုက်အတွင်းမှ အင်္ကျ ီများသည် ဘေထုတ်များနှင့်ထူးမခြားနားသာဖြစ်လေသည်ဟု
    ဆိုစကားပြု၏
    မင်းတြားကြီးဆာမိလည်း
    အသင်ဘေထုတ်အင်္ကျ ီ ယခင်ငါတွေ့ခဲ့ဘူးသော ဘေထုပ်အင်္ကျ ီသည်ကား သင့်ကဲ့သို့မဟုတ်
    ဘတ်မည့်သဘောရှိ၏
    သင့်မှာမူကား လောကဝတ်ပြူငှာနှင့် ချိုသာသောစကားကို ဆိုတတ်ပေ၏ဟု ချီးမွမ်း၏
    ထိုအခါ ဘေထုတ်အင်္ကျ ီမှ
    အရှင်မင်းတြားကြီးဆာမိ ယခင်သင်တွေခဲ့ဘူးသော ကုန်တိုက်မှအင်္ကျ ီမှာ အခြာသူမဟုတ်
    ကျွန်ုပ်၏ အမွှာပင်တည်း
    ကျွန်ုပ်တို့ညီနောင်သည် မြန်မာနိုင်ငံ အညာဒေသမှထွက်သောဝါဂွမ်းမျိုးရိုးဖြစ်၏
    တရုပ်နိုင်ငံမှာချည်ထည်များကို ဂျပန်နိုင်ငံသို့ရောက်ပြီး အင်္ကျ ီဖြစ်ကြသူများဖြစ်၏
    ကျွန်ုပ်တို့ညီနောင်သည် ဂျပန်ဆူနာမိအလွန်တွင်ဒီရေဖြင့်မျောပါသွား၏
    ကျွန်ုမှာကား ဒေါပုံချောင်းမှတစ်ဆင့် သမ္ဗာန်ဆိပ်သို့ဆိုက်ကာ ဘေထုတ်ဆိုင်သို့ရောက်၏
    ကျွန်ုပ်၏အမွှာမှာ သီလဝါဆိပ်ကမ်းမှတစ်ဆင့် ကုန်တိုက်သို့ရောက်၏

  • surmi

    August 23, 2012 at 11:47 pm

    မိုက်တယ် မိုက်တယ်
    ကိုပု မမှပဲ ရုပ်လုံးကြွသွားတော ့တာ ဟားဟား
    မနက်ကတည်းက ကိုကြောင်ပို ့စ်နဲ ့ စပြီးဟားနေရတာ
    ဗိုက်ကြောတောင်အောင် ့နေပြီ
    ဒါနဲ ့ စကားမစပ်
    ကိုပုနဲ ့ ဦးကြောင်ကို ဒုက္ခနည်းနည်းပေးတဲ ့အနေနဲ ့
    အကူညီတောင်းရဦးမယ် ။နောက်မှပါ ကြိုပြောထားတာ

  • ကြောင်လေး

    August 24, 2012 at 6:47 am

    ရွှေပင်နားတော့ရွှေကျေး
    ငွေပင်နားတော့ငွေကျေး
    ဗူးပင်နားတော့ ဘောက်ဖတ် ဆိုလားပဲ။

    • surmi

      August 24, 2012 at 9:57 am

      ကျန်သေးတယ်ဦးကြောင်လေးရေ
      ဘာတဲ ့ လက်ပံပင်မှာနားတော ့ လဒ(ဠင်းတ ) ဟုတ်စ

      • ကြောင်လေး

        August 25, 2012 at 9:51 pm

        အော်…..လဒ….. လဒ ရေးစရာလေးတစ်ခု သတိရသွားသပ။

  • အလင်းဆက်

    August 25, 2012 at 7:27 pm

    ခေး..တို ့ရေ…

    ပုံပြင်လေးကတော့….” ဒါ ” ပါပဲ.ကွယ်…
    😀

Leave a Reply