စေနNovember 24, 20101min1974
ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက “ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။ ခြေထောက်နှစ်ဖက်မှာလည်း ဆူးဒဏ်ရာတွေ ပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ….. ဘာဖြစ်လို့ တပည့်တော်ရင်ထဲက နေရောင်ခြည်ကို တပည့်တော် မတွေ့ရသေးတာလဲ ဘုရား?” လို့ လျှောက်တင်တယ်။ အဲဒီအခါမှာ ဆရာတော်က “ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ?”လို့ မေးတယ်။ လူငယ်က “အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း […]