– ကျွန်မရုပ်သွင် မောင်အမြင်ပဲ၊ ယခင်ရှေးက တွေ့ခါစပင် အလှမရှိခဲ့ပါ မောင်…….. – ရုပ်ဝါဆင်းပြင် အသွင်မလှ မြင်မလှလည်း ရင်လွှာထဲမှ အသည်းဖြူစင် မောင်တွေ့မြင်လို့ ကြင်နာယုယ မေတ္တာမျှတော့ ဘဝကုံလုံ ပြီးပြည့်စုံပြီ ယုံကြည်မှတ်ထင်ခဲ့သော်လည်း…. – အသည်းသာလှ လူမလှဟု မောင်က ငြိုငြင် အပြစ်တင်ပြီး ပြင်ပြင်စိမ်းကာ မေ့ကွက်ရှာတော့ မျက်နှာငယ်ရ ကျည်းတန်မမှာ ချေပစရာ ခွင့်မသာခဲ့…… – သေချာနှိုင်းဆ မှတ်ချက်ချသော် ခုမှမဆိုး ရှေးက ဆိုးသည့် ရုပ်ဆိုးကျွန်မ မလှပတာ မဆန်းပါဘူး…… မောင်သာ နှစ်လို အချစ်ပိုက ရွှေကိုယ်မိုးကျ နတ်မယ်လျလို ကျွန်မ လှနေမှာပေါ့ မောင်……….။ (မော်မော်အေး-မြန်မာစာ) ဒါလေး က စာအုပ်တအုပ်ထဲမှာ ဖတ်မိတာလေး ပါ […]