Yin Nyine NwayAugust 29, 20101min701
ယနေ့ခေတ်ကာလဝေါဟာရမှာ ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မိတ်ဆွေ အဆွေဟူသော စကားဟာ ပါဠိဝေါဟာရ ” မိတ္တ ” ဟူသောစကားမှ ဆင်းသက်လာသောစကားဖြစ်ပါတယ် ။ မိတ္တရဲ့အဓိပ္ပာယ်ကတော့ တကယ်စစ်မှန်သော အချစ်စိတ် ဖြင့် ပေါင်းသင်းဆက်ဆံပြောဆိုသူလို့ အဓိပ္ပာယ်ရပါတယ် ။ ဤမိတ္တရဲ့ အနက်အဓိပ္ပာယ်အရ မိတ်ဆွေဆိုရာမှာ ချစ်ယောင် ဆောင်သူ ၊ အကျိုးလိုလားဟန်ဆောင်သူ ၊ ကိုယ်ကျိုးရှိမှုကိုသာ ပဓာနထားပြီး ဆောင်ရွက်သူ ၊ ပေါင်းသင်းသူများကို မိတ်ဆွေဟူ၍ မုချမဆိုနိုင်ပါဘူး ။ ထိုသူများသည် ဟန်ဆောင်မိတ်ဆွေတုများလို့သာ ခေါ်ဆိုရပါမယ် ။ မြန်မာစကားပုံ ဆိုရိုးစကားမှာ ” ဟန်ဆောင်သော မိတ်ဆွေသည် ရန်သူထက်ဆိုးရွားသည် ” လို့ ဆိုထားသည့်အတိုင်း ဟန်ဆောင်ချစ်ခင် ပေါင်းသင်းဆက်ဆံ ပြောဆို တတ်သောသူသည် ရန်သူထက်ပင် ဆိုးရွားလှပါတယ် ။ […]


Zaw WonnaJuly 27, 20101min22210
ကျနော်တို့ရဲ့ မသိစိတ်က ရင်းနှီးပြီးသား နာမည်တွေကို မှတ်သားထားပြီး စဉ်းစားလိုက်တာနဲ့ ချက်ခြင်း ထွက်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရဲ့နာမည်ကို ဘယ်တော့မှ သိပ်စဉ်းစားနေရာ မလိုသလိုပေါ့။ ဒါပေမဲ့ သူများနာမည်တွေကိုတော့ ဆက်စပ်စဉ်းစားပြီး မှတ်မထားမိရင် အလွယ်တကူနဲ့ ပြန်မေ့နိုင်ပါတယ်။ သူများတွေရဲ့ နာမည်ကို မှတ်မိခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးမှာ အလွန် အသုံးဝင်သလို အလွန်လည်း အရေးကြီးပါတယ်။ စီးပွားရေးအရ ဆက်ဆံနေရတဲ့ မိတ်ဆွေတွေနဲ့ မိမိရဲ့ဖောက်သည်တွေဟာ အရေးပေးဆက်ဆံတာကို ခံယူလိုကြတဲ့အတွက် နာမည်မေ့နေတတ်ခြင်းဟာ သူတို့ကို တန်ဘိုးမထားရာ ရောက်ပါတယ်။ နာမည်တွေကို မှတ်မိခြင်းအားဖြင့် တခါတရံမှာ ဖောက်သည်အဖြစ် မျှော်လင့်ချက်ရှိတဲ့ လူတစ်ယောက်ကနေ ဖောက်သည်ရင်းတစ်ယောက် ဖြစ်လာစေပါတယ်။ အများနဲ့ ပြိုင်ဆိုင်ပြီးလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်နဲ့ဆက်ဆံနေတဲ့ လူတွေရဲ့နာမည်ကို မှတ်မိနေတတ်ခြင်းဟာ အလွန်အရေးပါပါတယ်။ လူတွေရဲ့ […]