fattyJune 2, 20111min41232
ချိန်းထားတဲ့နေရာတော့ရောက်ပြီ …။ အချိန်ကြည့်လိုက်တော့ နာရိဝက်လောက်စောနေသေးသည် ..။ ဘယ်သူမှ မရောက်သေးလဲ တယောက်ထဲ ထိုင်စောင့်ရင်း နဲနဲမော့ထားလိုက်တာပေါ့ .. စိတ်ကူးလေးနှင့် …. နေရာကား တညင်မြို့အထွက် ကားလမ်းလေးညာဘက်ဘေး .. စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းလေးဖြစ်အောင် ဖန်တီးထားသော …. ထန်းရည် ဆိုင်ကလေး …………….။ တဲလေးထဲဝင်လိုက်တော့ … သကောင့်သား ကိုအောင်ပု ကိုကြောင်ကြိးတို့က ရောက်နှင့်နေကြပြီ … အော်လူဆိုးတွေ လူဆိုးတွေ …။ အရှိန်တောင်အတော်မြင့်နေကြပြီ ………။ ကိုအောင်ပုမှာ မြေကြီးပေါ်က ပဲကြီးလှော် စေ့များကို … တစ်စေ့ချင်း ယက်ပြီးရှာနေတော့၏ ….။ လာ ကိုဖက်လာ … တယ်နောက်ကျတာကိုး .. ကျနော်တို့ လေးအိုးရှိပြီ … ကြောင်ကြီးကား …. ပြောပြောဆိုဆို […]