koyegyiOctober 14, 20101min44921
မြန်မာရုပ်သံလိုင်းတွေမှာ မြန်မာစာတမ်းထိုးနဲ့ လွှင့်နေကြတဲ့ ကိုးရီးယားရာဇဝင်ဇာတ်လမ်းတွဲတွေကိုကြည့်မိရာက ဒီအတွေးလေးကိုရခဲ့တာပါ။ သူတို့ ရာဇဝင်ဇာတ်လမ်းတွေဟာ သမိုင်းမှာ တစ်ကယ်ရှိခဲ့တဲ့ အဖြစ်အပျက်တွေလားဆိုတာ သေသေချာချာ မသိပေမယ့် ကြည့်မိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါတဲ့ သူရဲကောင်းတွေ ဘုရင်တွေဟာ လေးစားလောက်စရာ အားကျလောက်စရာ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတာကိုသတိပြုမိပါတယ်။ ကိုးရီးယားဇာတ်လမ်းတွဲထဲက ဂျူမုံ ဆိုလည်းဂျူမုံမို့လို့၊ ဒယ်ဂျိုယောင်းဆိုလည်း ဒယ်ဂျိုယောင်းမို့လို့ ယုတ်စွအဆုံး မိန်းမဘုရင်မ ဒုံမန်း တောင်မှ ကြည့်မိသူကိုလေးစားအားကျ စေနိုင်တဲ့ ရိုက်ချက်တွေ၊ ဇာတ်ကွက်တွေနဲ့ ကိုးရီးယားသမိုင်းဆိုတာ ပါချီပါချဲ့မဟုတ်ဘူး ဒီလိုကြီးကျယ်ခမ်းနားပြီး ဒီလိုဘုရင်မျိုးတွေအုပ်ချုပ်စိုးစံခဲ့တာလို့ ပြောနေသလိုပါပဲ။ တရုတ်ရုပ်ရှင်ကား curse of the golden flowers ထဲက ချောင်ယွမ်ဖတ် ကြီး ဘုရင်လုပ်သရုပ်ဆောင်သွားတာဘယ်လောက် ခန့်ညားသလဲဆိုတာ ကြည့်ဘူးသူတွေသိကြမှာပါ။ ကျွန်တော်တို့ မြန်မာရာဇဝင်ကားတွေထဲက ဘုရင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ […]