ခါးပိုက်နှိုက်ဖမ်းခြင်း..။။ ရုံးကထွက်လာကတဲ့ လူကပုံမကျ ပန်းမကျဖြစ်နေတာဗျ တစ်ဖက်ကအိတ်တစ်လုံး တစ်ဖက် အိတ်နဲ့မဆံလို့ ဖိုင်တွဲနဲ့ ထည့်ထားတာကတစ်ဖက် သူများကုမ္ပဏီ ကိုပေးရမယ့် ဒေါ်လာ သုံးထောင်ကျော်က အိတ်ထဲမှာ  ဒီကြားထဲ FEC နဲ့ရှင်းရမယ် invoice တွေကတစ်ထပ်ကြီး FEC ကနည်းတော့ င်္အကျီ အိတ်ကပ်ထဲပဲ ထည့်ထားလိုက်တယ် လူတစ်ကိုယ်လုံးကြည့်လိုက်ရင် လက်နှစ်ဖက်လုံးကမအား င်္အကျီ စင်ပယ် တွေကတစ်ထုပ် သိတ်စိတ်ရှုပ်ဖို့တော့ကောင်းသားဗျ..ကျုပ်ကလဲ ဒီအဖြစ်မျိုးဖြစ်မယ်လို့ကို ကြိုမတွေးထားတာ.. လမ်းထိပ်ရောက်တော့ ပိုက်ဆံသက်သာခြင်တာနဲ့ ကားမငှားတော့ပဲ ရွှေပေါက်ကံစက်မှုဇုံဘက်သွားတဲ့ (၁၀၂) လိုင်းကား ကလဲ ချောင်နေတာနဲ့ ခပ်သွက်သွက်ပဲ တက်လိုက်တယ်လေ …ဒီကောင်ကျုပ်ကိုဘယ်အချိန်ထဲက ကြည့်နေတယ်မသိဘူးဗျ ကားထွက်ခါနီးမှ ခုန်တက်လိုက်တာသတိထားမိတယ်လေ င်္အကျီက လက်ရှည် အစိမ်းရောင် နဲ့ လွယ်အိတ်တစ်လုံးလွယ်ထား သေးတယ် လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားက […]