“ဘီလူး”….ခါးပိုက်နှိုက်ဖမ်းခြင်း။။။

ခါးပိုက်နှိုက်ဖမ်းခြင်း..။။
ရုံးကထွက်လာကတဲ့ လူကပုံမကျ ပန်းမကျဖြစ်နေတာဗျ
တစ်ဖက်ကအိတ်တစ်လုံး တစ်ဖက် အိတ်နဲ့မဆံလို့ ဖိုင်တွဲနဲ့ ထည့်ထားတာကတစ်ဖက် သူများကုမ္ပဏီ ကိုပေးရမယ့်
ဒေါ်လာ သုံးထောင်ကျော်က အိတ်ထဲမှာ  ဒီကြားထဲ FEC နဲ့ရှင်းရမယ် invoice တွေကတစ်ထပ်ကြီး FEC ကနည်းတော့
င်္အကျီ အိတ်ကပ်ထဲပဲ ထည့်ထားလိုက်တယ် လူတစ်ကိုယ်လုံးကြည့်လိုက်ရင် လက်နှစ်ဖက်လုံးကမအား င်္အကျီ စင်ပယ်
တွေကတစ်ထုပ် သိတ်စိတ်ရှုပ်ဖို့တော့ကောင်းသားဗျ..ကျုပ်ကလဲ ဒီအဖြစ်မျိုးဖြစ်မယ်လို့ကို ကြိုမတွေးထားတာ..
လမ်းထိပ်ရောက်တော့ ပိုက်ဆံသက်သာခြင်တာနဲ့ ကားမငှားတော့ပဲ ရွှေပေါက်ကံစက်မှုဇုံဘက်သွားတဲ့ (၁၀၂) လိုင်းကား
ကလဲ ချောင်နေတာနဲ့ ခပ်သွက်သွက်ပဲ တက်လိုက်တယ်လေ …ဒီကောင်ကျုပ်ကိုဘယ်အချိန်ထဲက ကြည့်နေတယ်မသိဘူးဗျ
ကားထွက်ခါနီးမှ ခုန်တက်လိုက်တာသတိထားမိတယ်လေ င်္အကျီက လက်ရှည် အစိမ်းရောင် နဲ့ လွယ်အိတ်တစ်လုံးလွယ်ထား
သေးတယ် လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားက ညိုပါတယ်  ကျုပ်လဲ နီးစပ်အဆင်ပြေရာနေရာမှာဝင်ရပ်လိုက်တယ်
ကားကချောင်တယ်ဆိုပေမယ့် ဘေးခုံတွေကတော့ အပြည့်ပဲလေ ကျုပ်မတ်တပ်ရပ်နေရာ ရှေ့မှာထိုင်နေတဲ့ အဖိုးကြီးခဗျာ
ကျုပ်အထုပ်တွေ ကူကိုင်ပေးရှာပါတယ် ။။
ကားကမှတ်တိုင်ကစထွက်တယ်ဆိုရင်ပဲ ဒီကောင်ဟာ လူဒီလောက်ချောင်ပြီး မတ်တပ်ရပ်စီးသူနည်းနေတာတောင် ကျုပ်ဘေးနားကို တိုးကပ်ခါ လာစီးပါတော့တယ် လွယ်ထားတဲ့အိတ်နဲ့တိုက်မိတော့ ကျုပ် စပြီးသတိပြုမိတာပဲလေ
လူတွေချောင်တယ်  ဘာလို့ကျုပ်နားမှာလာယှဉ်ရပ်တာလဲ  ကျုပ်လဲ အိတ်ကိုအရှေ့ဘက်ပို့လိုက်တယ် ဒီကောင်မျက်လုံးကို
တစ်ချက်စိုက်ကြည့်လိုက်တော့မျက်နှာလွှဲသွားတယ် ဒီအထိမသင်္ကာမဖြစ်သေးပါဘူး ဒီလိုနဲ့ ကျုပ်ရှေ့ကအဖိုးကြီး (၆)ကွေ့
မှတ်တိုင်မှာဆင်းတယ်လေ ကျုပ်လက်ထဲကိုအိတ်တွေဖိုင်တွဲပြန်ပေးတော့ ကျေးဇူးတင်ကြောင်းပြောလိုက်ရသေးတယ်
ကျုပ်လဲအဖိုးကြီးနေရာဝင်ထိုင်လိုက်တယ် ဒီကောင်ကျုပ်ရှေ့တည့်တည့် မှာလာရပ်တယ် ဒီအထိပြဿနာမရှိပါဘူး  ကျုပ်လဲ
င်္အကျီစင်ပယ်ထုပ်တွေ ထိုင်ခုံအောက်သွင်းပြီးထိုင်နေလိုက်တယ် အိတ်နဲ့ဖိုင်တွေကို ရင်ဘတ်ရှေ့ ပေါင်ပေါ်တင်ပြီး
အေးအေးလူလူ ပဲလိုက်လာလိုက်တယ်လေ။။
ကျောင်းလမ်းမှတ်တိုင်အရောက်မှာ ကျုပ်နဲ့လူတစ်ယောက်ခြားက အမျိုးသမီးထပြီးဆင်းသွားတယ် ဒီအချိန်မှာဒီကောင်က
လွတ်သွားတဲ့နေရာမှာမထိုင်ပဲ ကျုပ်ဘေးက အဒေါ်ကြီးကို လွတ်သွားတဲ့နေရာကို ရွှေ့ခိုင်းပြီး ကျုပ်ဘေးမှာလာဝင်ထိုင်လိုက်
ချိန်မှာတော့ ကျုပ်သိသွားပြီလေ ဒီကောင် ကျုပ်ကိုနှိုက်တော့မယ်ဆိုတာ တစ်ချိန်လုံးမတ်တပ်စီးပြီး ကျုပ်အိတ်ကပ်ထဲက
အက်ဖ်အီစီတွေ ကိုဒီကောင်ချက်နေတာဖြစ်မှာပေါ့  ကျုပ်ပထမတော့ စဉ်းစားတယ်ဗျ  ဒီကောင်မနှိုက်နိုင်အောင်ကျုပ်မှာ
ကာကွယ်နိုင်တဲ့ နည်းလမ်းရှိပြီးသား သတိနဲ့စောင့်ကြည့်နေလိုက်ရင်ရပေမယ့်  ကျုပ်အဲလိုကြီး လူတစ်ယောက်ကို
မယုံသင်္ကာကြီးနဲ့ ကြည့်မနေခြင်ဘူးလေ အိတ်ကပ်ပေါ်ကိုတံတောင်ဆစ်နဲ့ဖိပြီး စီးလာလိုက်တယ် ကားက ရွှေပေါက်ကံအဝင်
လမ်းတွေဆိုးလွန်းလို့ ဘယ်ညာလူးနေတော့တာပဲလေ ကျုပ်လဲ အိတ်ကိုမဖိနိုင်တော့ဘူး ဒီကောင်လဲ ကျုပ်အလစ်ကို
တချိန်လုံးချောင်းနေတာ သိသာလွန်းလာတယ်လေ ကားကမှတ်တိုင်ဂိတ်ဆုံးကိုရောက်တော့မှာ ရှေ့  မှတ်တိုင်လေးတိုင်
လောက်ပဲလိုတော့တယ်  ပထမ မိတစ်ချက်မမိတစ်ချက် ဖိလာတဲ့ အိတ်ကို လွှတ်ပေးလိုက်တယ် တံတောင်ကိုအသာလေး
ဟထားလိုက်တယ် မျက်နှာကို ဒီကောင်ဘက်မလှည့်တော့ပဲ ကားအရှေဘက်ကိုမျက်နှာပြုထားလိုက်တယ် မျက်စေ့ကတော့
အိတ်ကပ်ကို စောင်းကြည်နေလိုက်တော့တယ် ““ကျုပ်စစ်ဆင်ရေး”” စပြီလေ။။
ဒီကောင်လဲ စစ်ဆင်ရေးစတော့မှာပါ သူသာခါးပိုက်နှိုက်အမှန်ဆိုသေချာပေါက် သူကျုပ်ကိုအလွတ်ပေးမှာမဟုတ်ဘူးလေ
ကားကချိုင်ဆောင့်လိုယိမ်းထိုးလေတိုင်း ဒီကောင်ဟာလိုတာထက်ပိုပြီး ကျုပ်ဘက်ကိုဖိလာတတ်တယ် အင်းစလာပြီပေါ့
သူလွယ်ထားတဲ့ လွယ်အိတ်လေးကို သူရင်ဘတ်နားကိုကပ်ထားလိုက်တာ သတိထားလိုက်မိတယ် ဒါဟာ နှိုက်တဲ့လက်
ကိုမမြင်အောင်အကာအကွယ်ယူလိုက်တာပဲဗျ ခါးပိုက်နှိုက်တွေဟာ သူတို့ရဲ့ နှိုက်မယ့်လက်ကို ဘယ်တော့မှ အမြင်မခံဘူး
တစ်ခုခုနဲ့ဖုံးကွယ်ထားတတ်တယ်လေ ကျုပ်လဲ မသိမသာသတိထားလိုက်တယ် ဒီကောင်လုပ်ငန်းစတော့မယ် ကျုပ်ရဲ့ သူ့
ဖက်အခြမ်းက တံတောင်ဆစ်ကို အသာလေးဟထားပေးလိုက်တယ် ဒါမှ လက်လျှိုဝင်လာပြီနှိုက်လို့ရမှာပေါ့ ကျုပ်လက်ပေါ်က
ကျော်ပြီးတော့ နှိုက်မှာတော့မဟုတ်ဘူးလေ ပထမအကြိမ် ချိုင်းအောက်လက်ဝင်လာတယ် ကားအလှုပ်နဲ့ တိုက်ဆိုင်သွားလို့
ကျုပ်ချိုင်းကိုလာထိတယ် အသာလေးလှည့်ကြည့်လိုက်တယ် ဒီကောင်မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်နေတယ်လေ
ညံလိုက်တဲ့ကောင်  ကျုပ်လဲ မသိချင်ယောင်ဆောင်ပြီးဒီဘက်ပြန်လှည့်လိုက်တယ် မကြာပါဘူးနောက်တစ်ကြိမ် သူလက်ထပ်
ဝင်လာတယ် ကျုပ်လဲနည်းနည်းတော့စိုးရိမ်စိတ်ဝင်သွားမိတယ် ဘယ်လိုတိုက်ခိုက်ရမလဲပေါ့ သူဝင်လာတဲ့လက်က င်္အကျီ
လက်ရှည ်အစိမ်းရောင်ကို ကျုပ်မြင်နေရပြီ အသာကြည့်နေသေးတယ် သူရဲ့ လက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းဟာ
ကျုပ်အိတ်ကပ်ထဲက ပိုက်ဆံအထပ်ကလေးကိုစတင် ညှပ်ယူလိုက်တဲ့အချိန်မှာတော့…။။။။
စာရေးပြနေတာကမှ ကြာပါအုံးမယ် ကျုပ်ရဲလုပ်ဆောင်ချက်ဟာ လျှပ်တစ်ပျက်ရှိလွန်းလှတယ်  ကျုပ်အိတ်ကိုနှိုက်နေတဲ့
သူ့လက် တံတောင်နဲ့ ချိုင်းအောက်မှာ အသေညှပ်ထားလိုက်တယ် သူလက်တစ်ဖက်ရုန်းကန်လို့ မရတော့တဲ့ အချိန်မှာ
ကျုပ်သူဘက်ကိုလှည့်လိုက်တယ် သူရဲ့ လွတ်နေတဲ့လက်တစ်ဖက်က ချုပ်မိနေတဲ့လက်ကို လွတ်မြောက်စေဖို့ အတင်း
ဆွဲဖြေနေတယ် ဘယ်ရမလဲ ကျုပ်လဲ သူမျက်နှာပေါ်ကို ညာဘက်လက်နဲ့အုပ်ပြီးအားကုန်ရိုက်ချလိုက်တယ် ..
““အောင်မလေးဗျာ””
ဒီကောင်အော်တဲ့အသံ ကျုပ်သိတယ် သူမျက်လုံးတွေပြာသွားပြီလေ သူ့အော်သံအဆုံးမှာပဲ ကျုပ်လဲမတ်တပ်ရပ်လိုက်ပြီး
သူဆံပင် ဦးဆံဖုတ်ကိုဆွဲကိုင်ပြီ မျက်နှာကိုဒူးနဲ့ အားကုန်တိုက်ချလိုက်တယ် ဒီကောင်လဲ ကားကြမ်းပြင်ပေါ်ကိုခွေခွေလေး
လဲကျသွားတယ်လေ  ကျုပ်ကားခေါင်မိုးကတန်းကိုကိုင်ပြီး မျက်နှာပေါ်ကို ဖိနပ်နဲ့နောက်တစ်ချက်ဆောင့်နင်းလိုက်ချိန် မှာ
တော့ ငနဲသားတော်တော် ခံစားသွားရပြီလေ  ပြီးမှ သူလည်ပင်ပေါ်ကို ဖိနပ်နဲ့တက်နင်းထားရင်း..
““ဟေ့ကောင်စပယ်ယာ နီးရာ ရဲကင်းမောင်းခိုင်းစမ်း ””
ဒီအချိန်မှာပဲ ကားရဲ့ အတက်အဆင်းထောင့်ခုံမှာထိုင်နေတဲ့လူတစ်ယောက် ကျုပ်အထင်တော့ လက်လွဲ/လူကြည့်လုပ်ပေးတဲ့
ဒီခါးပိုက်နှိုက်နဲ့ တစ်ဖွဲတည်းကောင်ထင်တာပဲ လက်လွဲဆိုတာကတော့ နှိုက်လို့ရတဲ့ပစ္စည်းကို လက်လွဲယူတာနဲ့ နှိုက်နေစဉ် မှာ ပတ်ဝန်းကျင်လူကိုကြည့်ပေးပြီး မျက်နှာရိပ်မျက်နှာကဲနဲ့ပြောတဲ့ကောင်တွေပေါ့ ရုတ်တရက်ထလာပြီး …
““ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ””
ပြောလဲပြောကျုပ်အနားကိုရှေ့တည့်တည့်က ကပ်လာပါတော့တယ်  ဒီလောက်လူတွေရှင်းနေတာကို ဘာဖြစ်တာလဲ တောင်
မသိတော့ဘူးလားဗျာ သိပ်ရိုးလွန်လှတယ် ဒါမျိုးဘယ်ရမလဲဗျ…ကျုပ်လဲ
““ဟေ့ကောင် ..ဘာလဲလာမလုပ်နဲ့ မင်းပါကားပေါ်ကကန်ချလိုက်မယ်..ကိုယ်နေရာကိုယ်ထိုင်နေ””
ကျုပ်လဲ ကားအမိုးက တန်းကိုခိုထားပြီး  ရှေ့တိုးလာတဲ့ဒီကောင်ရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ လှမ်းတားထားလိုက်မှ ငနဲ
သားလဲ ငြိမ်သွားပြီး  သူနေရာသူပြန်ထိုင်သွားတယ်လေ ဒီအချိန်မှာစပါယ်ယာက သူ့ယာဉ်မောင်းဆီလှမ်းပြောလိုက်တာ
ကတော့ …..
““အကိုရေ မိတော့သွားပြီ ကျောက်လမ်းထိပ်က ရဲကင်းကိုမောင်း””
ဒီစပါယ်ယာတွေလဲ ဒီကောင်တွေ ခါးပိုက်နှိုက်ဆိုတာသိပါတယ် သူတို့က အမြဲတမ်းကားလိုက်နေရတဲ့သူတွေဆိုတော့
အန္တရာယ်ပြုမှာကြောက်လို့သာ ခါးပိုက်နှိုက်လို့မပြောကြတာနေပါလိမ်မယ်…
ခါးပိုက်နှိုက်ငနဲသားလဲ ကားပေါ်ပက်လက်ကလေး ကနေကျုပ်ကိုလက်အုပ်လေးချီပြီးတောင်းပန် ကန်တော့ တော့တာပဲဗျို့
““အကိုရယ် စားစရာမရှိလို့လုပ်မိတာပါ ..ရဲလက်တော့မအပ်ပါနဲ့ဗျာ””
““ဟင်းမင်းတို့ အကြောင်းပြချက်က ရိုးလွန်းတယ် မိသွားရင်သနားအောင် တောင်းပန်ရမယ်ဆိုတာ မင်းတို့ခါးပိုက်နှိုက်တွေ
အလွတ်ကျက်ထားတဲ့စာတွေပါကွာမရဘူး..မင်းကငါ့ကိုဘာကောင်ထင်လဲ သနားမယ့်ကောင်ထင်လား  အေပေးကောင်
ငါဆောက်ခွက်ကိုထပ်ဆောင့်နင်းလိုက်ရမလား””
““မလုပ်ပါနဲ့အကိုရယ် အမေမုဆိုးမကြီးကိုလုပ်ကြွေးနေတာပါ  လွတ်ပေးပါဗျာ””
““မင်းဆောက်သံ မထွက်နဲ့တော့ နော် မင်းပါစပ်ပိတ်ထားတော့ ငါထပ်မလုပ်ခြင်ဘူး””
ကားပေါ်ကလူတွေကတော့ ကျုပ်ကိုဝိုင်းကြည့်ပြီး မျက်လုံးတွေပြူးနေကြလေရဲ့ အဒေါ်ကြီးတစ်ဦးကတော့
““ဒီလိုကောင်တွေ  ဒီလိုဖမ်းလို့မိသွားတာကောင်းတယ် ငါတောင်းထဲကပိုက်ဆံထုပ်ကလေးတောင်ရှိသေးရဲလားမသိဘူး””
ဆိုကာသူတောင်းထဲမွှေနှောက်စစ်ဆေးနေရှာပါတယ်…
ကျုပ်လဲ ကားရပ်တော့  တွေ့ရတဲ့ ရဲကင်းဆိုင်းဘုတ်ရှိရာ  ရုံးခန်းထဲကို ဒီကောင်ကိုတရွတ်တိုက်ဆွဲခေါ်လာတာကိုမြင်တဲ့
ရဲတွေဟာ  အမြန်ထွက်လာပြီးလက်ထိပ်ခတ်ပါတော့တယ်..
““ဘာဖြစ်တာလဲဗျ””
““ကျုပ်ကိုခါးပိုက်နှိုက်လို့..ပါတော့မသွားဘူးနှိုက်တုန်းမိတာ””
““အော်ဟုတ်လား””
စကားအဆုံးမှာပဲသူတို့တွေက လက်စွမ်းပြပါတော့တယ်ခင်ဗျာ ကျုပ်လဲသူတို့ရဲ့ “စိန်စတင်း”ထက်လက်သံပြောင်တဲ့  တီးကွက်တွေကို မရှု့စားအားဘူးလေ ကျုပ်လဲ ကိုယ့်အလုပ်ကိစ္စကရှိသေးလေတော့
““ကျွန်တော်အမှု့မဖွင့်ဘူးဗျာ အလုပ်ကရှိသေးတယ် ဒီကောင်ကို ခင်ဗျားတို့သင့်တော်ရာ ပုဒ်မနဲ့သာ အရေးယူကြတော့
ကျုပ်ပိုက်ဆံလဲပါမသွားတော့ ပြဿနာတော့မရှိပါဘူး ကျွန်တော့ကိုသွားခွင့်ပြုအုန်းဗျာ..””
ပြောလဲပြော ကိုယ်အထုပ်ကိုဆွဲပြီးထွက်လာခဲ့လိုက်တယ် လိုင်းကားကရပ်ထားဆဲဆိုတော့ ကျုပ်လဲ ကားနောက်ဘက်သွား
ပြီး စောစောကကားပေါ် ဘာလဲမေးတဲ့ကောင်ကို ဆီသွားကာ..
““ဟေ့ကောင် မင်းလဲကျပ်ကျပ်သတိထား ..နောက်တစ်ခါငါနဲ့တိုးရင်မင်းကိုပါအမိဖမ်းမယ် ””
ခပ်တည်တည်နဲ့ကြိမ်းမောင်းပြစ်ခဲ့ပြီး နီးရာ တက္ကစီငှားလို့ သွားလိုရာဆက်လစ်ခဲ့ရတော့တာပဲဗျို့
ဒါကတော့ ကျုပ်ရဲ့တစ်ကိုယ်တော် ခါးပိုက်နှိုက်ဖမ်းပွဲကြီးပါပဲ….ဗျာတို့။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

25 comments

  • windtalker

    November 12, 2011 at 1:32 pm

    အားပါး
    တိုက်ကွမ်ဒို ၊ ကရာတေး ၊ ထိုက်ချိ ၊ ရှောင်လင် ကွန်ဖူး ၊ ဗမာလက်ဝှေ ့၊ မွေ ့ထိုင်း
    အားလုံးမှာ ခါးပက်နက် အလွန် ၊ အဆင့်မြင့်တတ်ထားတဲ့
    ငါ့အကိုကြီးကိုမှ အကဲစမ်းမိတဲ့ ကောင်
    ခံလေရော့ဘဲ ။
    အားကျတယ် ငါ့ကို ဘိုလူးရေ

  • ကြောင်ကြီး

    November 12, 2011 at 1:53 pm

    အတော်ရက်စက်တဲ့သူ၊ လူစိတ်မှ ရှိရဲ့လား။ အေးလေ မရှိလို့လည်း နာမည်ကိုက ……
    ကိုယ်ခံ ကိုယ်လုံ ကိုယ်ပျောက်
    ဘာကိုမှမကြောက်
    ကြောင်ကြီးရဲ့ဗျောက်
    တချက်ဖောက်
    အကုန်ကြောက်
    နောင်ခါလာနောက်
    ဆေးတံကြီးနဲ့ခေါက်
    ဒေါက် ဒေါက် ဒေါက်…။

    ဘီလူးရေ နင်တကယ် သိုင်းတတ်တယ်ဆိုရင် ငါ့တပည့်ထဲက အညံ့ဆုံး ကရာတေးဂျို ပညာရှင် အီးဒုံးနဲ့ တပွဲလောက် နွှဲကြည့်လိုက်စမ်း။။။။။။ 😎

    • etone

      November 15, 2011 at 12:58 pm

      စော်တကား
      မော်တကားနဲ့ ဟွန်း
      ဂျော်လကီးယားနဲ့ ပေးစားလိုက်မယ်
      (ဆရာ့ကျေးဇူးဆပ်ဖူးချင်တယ်လေ … 😀 😀 )

  • Foreign Resident

    November 12, 2011 at 1:59 pm

    အံဩစရာတခုက အဘတို့မိသားစုလည်း တခါ ရဲတွေနှင့် ကြုံဖူးတယ် ။

    သူတို့ကပဲ လူကဲခတ်ကောင်းတာလား မသိဘူး
    ကိုယ်တွေတောင် တခွန်းမှ မပြောရ မတိုင်ရသေးဘူး ။

    ရဲတွေက လူဆိုးကို အလိုလိုသိပြီး ချက်ချင်း ရှေ့တင်
    ပုံစံထိုင်ခိုင်းပြီး ဆော်ပလော်တီးတော့တာပဲ ။
    တခွန်းမှ မပြောရ မတိုင်ရသေးဘူးနော် ။

    အဲဒါနှင့်ပဲ ကိုယ်တွေ လည်းသနားသွားပြီး
    မရိုက်ဖို့ ဝင်တားလိုက်ရတယ် ။
    ကိုဘီလူးလိုပဲ အမှုလဲ မဖွင့်ဖြစ်တော့ဘူး ။

    အမှု မဖွင့်ဖြစ်အောင်များ တီးပြနေသလား မသိ ။

    • parlayar46

      November 13, 2011 at 1:01 am

      ကိုဖေါရင်းရေ
      ရဲတွေက လူဆိုးကို အလိုလိုသိတာလဲရှိသလို အများအားဖြင့်တော့ အရင်ကတည်းက မျက်နှာသိပြီးသားတွေပါ။
      အဲဒီကောင်တွေကို သတင်းပေးလို မွေး(လွှတ်ပေး)ထားတာလဲ ရှိပါတယ်။
      မိသွားတဲ့အခါတော့လဲ ဆော်ပလော်တာပေါ့။
      အမှု့ကြီးတွေအတွက်ကျတော့ ဒီကောင်တွေဆီက သတင်းတောင်းရတာကိုး။

  • Diamond Key

    November 12, 2011 at 2:34 pm

    ဘီလူးကြီးကတော့ လက်စွမ်းခြေစွမ်းကြီးပါဗျာ။ ကိုဘီလုူးလို လူနဲ့တွေ့မှပဲ ဒီလိုကောင်တွေ ခံရတာ။

  • ဆူး

    November 12, 2011 at 2:39 pm

    ဂျက်ကီချမ်း ကား ကြည့်ရသလို ဖြစ်နေတယ်။

  • မှော်ဆရာ

    November 12, 2011 at 2:46 pm

    မိုက်တယ်ဗျာ …
    လူတွေက ခါးပိုက်နှိုက်လောက်ပဲ သတိထားမိတတ်တာ ..
    သူ့နောက်က လူကြည့် လက်လွှဲတွေကိုတော့ သတိမထားတတ်တာများတယ် ..
    သူတို့က ပို အန္တရယ်ပေးတတ်တယ် ..
    ကိုဘီလူးက တကယ့် ဖိုက်တာပဲဗျ …
    ကျွန်တော်ကတော့ ငွေများများနဲ့ သွားရတော့မယ်ဆိုရင် ပိုက်ဆံကို ကျွတ်ကျွတ်အိတ်အမာနဲ့ သေချာထုတ်ပြီးမှ အိပ်ထဲကိုထည့် ဇစ်ပိတ်တယ် ..
    မတော်တဆ အနှိုက်ခံရရင် အသံမြည်အောင် လွယ်လွယ်ဆွဲထုတ်လို့ မရအောင်လေ …

  • ကိုရင်စည်သူ

    November 12, 2011 at 2:49 pm

    ကိုဘီလူးက မဟုတ်မှလွဲရော
    ီဒီတိုက်ကွက် ကြည့်တာနဲ့
    မြန်မာပြည်က စတီဘင်ဆီးဂဲလ်ဖြစ်ရမယ်..
    ဦးကြောင်ကြီးက သူ့အညံ့ဆုံး တပည့်မလေး
    အီးဒုံးကို လွှတ်နေပီ…
    ဘာတိုက်ကွက်တွေ ထုတ်အုံးမလဲ… 😀 😀 😀

  • နီလေး

    November 12, 2011 at 3:06 pm

    ဒါမှ ကိုဘီလူးကွ မိုက်တယ်ဗျို့ ဖိုက်တာဘီလူးကွ ခါးပိုက်နိုက်က ဘီလူးမှန်းမသိလို့နိုက်တာဖြစ်မှာပါ ဟေ့ယောင် ငါဘီလူးကွလို့သာပြောလိုက်ကြည့် အဲလောက်ဖိုက်တင်ပလေးပြီး ဖမ်းစရာတောင်လိုဘူး ဘီလူး ဘီလူး ဆိုပြီး ခါးပိုက်နိုက်တစ်ချိုးထဲထွက်ပြေးသွားလိမ့်မယ် ဟတ်ဟတ် စာဖတ်နေရင်း ရင်တထိတ်ထိတ်နဲ့အားပေးသွားပါတယ်

  • ပေါက်ဖော်

    November 12, 2011 at 3:08 pm

    ဘလူးကွ..တစ်လူးပဲ ရှိတယ်..နှစ်လူးရှိရင် Blue ကားတောင်မကြည့်ဘူး..
    ဟွင့်..ဟွင့်..ဟွင့်..

    ကဘလူးရေ.နောက်ခါ အဲလိုသကောင့်သားတွေ..မိရင် .ရွာထဲခေါ်ခဲ့စမ်းပါ..

    ကိုယ်ခံ ကိုယ်လုံ ကိုယ်ပျောက်
    ဘာကိုမှမကြောက်
    ကြောင်ကြီးရဲ့ဗျောက်
    တချက်ဖောက်
    အကုန်ကြောက်
    နောင်ခါလာနောက်
    ဆေးတံကြီးနဲ့ခေါက်
    ဒေါက် ဒေါက် ဒေါက်…တုံမမနဲ ့..ပေးတွေ ့ပေးချင်လို ့…

    😆

  • ရာဇဝင်လူဆိုး

    November 12, 2011 at 4:45 pm

    ဟုတ်တယ် ကိုဘလူးရေ..ဒီကောင်တွေက အဖွဲ့လိုက်ကို လှုပ်ရှားတာ….။ ပြီးတော့ လက်နက်လဲ ဆောင်လေ့ရှိကြတယ် တစ်ချို့တွေက ။ ဒီပုံစံအတိုင်းဆို ဒို့ရွာသား ကိုဘလူးကတော့ မခေဘူးဟေ…….

  • small cat

    November 12, 2011 at 7:12 pm

    လူကိုမှတ်ထားပြီးနောင်တစ်ချိန်မှာ အဖွဲ့နဲ့အလစ်ချောင်းပြီးရန်ရှာနိုင်တယ် ကိုဘလူးရေ၊
    သတိတော့ မလစ်စေနဲ့တော့။

  • koyinmaung

    November 12, 2011 at 7:55 pm

    ရွာထဲမှာဒီလိုလက်သံပြောင်တဲ့ရွာသားရှိတာဂုဏ်ယူတယ်ဗျို့
    ကိုဘလူးရေသွားတာလာတာသတိတော့ထားပေါ့
    သူတို့ကဘယ်တော့မှတယောက်ထဲအလုပ်လုပ်ကြတာမဟုတ်ဘူးနော်….

  • MaMa

    November 12, 2011 at 8:35 pm

    ဒါတောင် ခါးပိုက်နှိုက်ကို နာမည်ပြောမပြရသေးဘူး။ နာမည်များပြောပြလိုက်ရင် ခါးပိုက်နှိုက်တော့ ကိုရင်စည်သူဆီမှာ ဗေဒင်တွက်မသွားတာ မှားမှန်းသိသွားမယ်။ 😀
    ကျမတို့လည်း ကိုယ့်ဆီဝင်ခိုးတဲ့ သူခိုးမိဘူးတယ်။ ရဲကိုခေါ်တာ တော်တော်နဲ့မလာလို့ ကြိုးနဲ့ချည်ပြီး တိုင်မှာ ပတ်ထားရတယ်။ ရဲရောက်လာတော့လည်း အမှုဖွင့်မှာလား၊ အမှုဖွင့်ရင် ပိုင်ရှင်ကိုယ်တိုင် ဖွင့်ရမယ်။ ခဏခဏရုံးချိန်းနဲ့ အလုပ်ပျက်မယ်။ စခန်းမှာလည်း၂၄ နာရီထက် ပိုထားလို့ မရဘူး ဆိုတာနဲ့ ပြန်လွှတ်လိုက်ရတယ်။ 🙁

  • pooch

    November 12, 2011 at 11:26 pm

    ကြည့်ရတာ စလောင်းကလာတဲ့ နပန်းပွဲတွေ အကြည့်များပြီး လက်စွမ်းထက်သွားပုံရတယ်.. 🙂
    ဘယ်လိုပဲ ဖြစ်ဖြစ် ခါးပိုက်နှိုက်ကို လက်ရဖမ်းတယ်ဆိုတာကတော့ အတော်ကို သတိရှိပြီး ဖျတ်လတ်မှုရှိလို့ပါ
    လူတိုင်းမသိလိုက်ပဲ ပါပြီးမှ သိကြတာ များတယ်..

  • parlayar46

    November 13, 2011 at 12:54 am

    အားရလိုက်လေ ကိုဘီလူးရယ်။
    ဒါမျိုးများများလုပ်ပေးမှ။
    ကျုပ်တို့နိုင်ငံက ကိုယ့်အားကိုယ်ကိုး နိုင်ငံလေ။

  • Moe Z

    November 13, 2011 at 10:39 am

    သည်းထိတ်ရင်ဖိုပါလားဗျို့ တော်တော်ကံဆိုးတဲ့ခါးပိုက်နှိုက်
    ဘီလူးကိုမှသွားစမ်းရတယ်လို့ 😀

  • Ko Gyi Kyaw

    November 13, 2011 at 11:33 am

    ဟား…ကြိုက်တယ်ဗျို့ ကျွန်တော်လဲ တခါကြုံဖူးတယ်
    ဒါပေမဲ့အနှိုက်တော့မခံရဖူး။ကိုယ်ကိုယ်ကိုကာကွယ်ထားလို့တော်သေးတယ်။ခါးက ဘီးလူးနဲ့မှလာတွေ့တာကို
    ဒီကောင်တွေ့က မလွယ်ဘူး အနဲဆုံး(၂) ယောက်လောက်ပါတယ်။တိုက်ကွက်လေးဘာလေးပြောပြပါလား။ဒီကောင်တွေနဲ့တွေ့ရင်းသုံးရအောင်လေး။

  • htet way

    November 13, 2011 at 11:48 am

    သိုင်းဆရာနဲ့သွားတွေ့တဲ့ခါးပိုက်နိုက်သေပေရော့
    တချိန်မှာဒီကောင်တွေအန္တာယ်ပြန်ပေးတတ်တယ်
    သတိရှိပါစေနော်
    သတ္တိကိုတော့ချီးကျူးတယ်

  • inz@ghi

    November 15, 2011 at 1:19 pm

    ဂိုင်းလည်း တခါကြုံဖူးတယ် ….ဘတ်ထ် ပြောင်းပြန်…
    ဂိုင်းငယ်ငယ်က ဘုတ်ကလပ်မှာ လှေလှော်တယ်လေ. …
    ကန်ဘောင်မှာ ခါးပိုက်နှိုက် တွေ ရေလည် ကျက်စား တဲ့ခေတ်..

    ဂိုင်းတို့က ၁၆ယောက် ဆြာသမားတွေနဲ့ဆို အားလုံး ၂၀-၂၂ယောက်လောက်
    ဂိုင်းတို့ က အထက်တန်းကျောင်းသားတွေပေါ့ ဆြာတွေဆိုတာကလည်းတက္ကသိုလ်ကျောင်းသားကြီးတွေ

    ဆိုတော့ လူငယ်တွေချည်းပဲကိုး ….
    မနက်၆-ည၆ အသေအကျေလှော်
    ပီးရင် ကန်ဘောင်လာ အကြော်စား…
    လူတွေကရေလည် ကွက်ကြည့်ကွက်ကြည့် လုပ်တာ….

    တားတို့ကလပ်က အဖြူဝမ်းဆက်ပဲ ဝတ်ရတော့
    အကုန် အဖြူဝမ်းဆက်တွေနဲ့ ….
    နေကလောင် ထရိန်နင်က ပြင်းနဲ့ …အားလုံးက ပင်လည်ဓါးပြရုပ် ပေါက်နေတာကိုးဗျ…
    ခုပဲထောင်က ထွက်လာတဲ့လူမိုက်လိုလို …လေလွင့်လူငယ်ဂိုဏ်းလိုလို ကိုး…
    (ဥပဒိရုပ်ကောင်းထှာ)
    ပီး အာကျယ်အာကျယ်နဲ့ဆိုတော့ တားတားတို့လာရင် ခါးပိုက်နှိုက်တွေက အလျိုလျိုလစ်ပြေးကြတယ်ဗျ…
    အရင်ကဆို ပေါ်တင်ဖြတ်လုပြေး တာတွေ လုပ်ကြတယ်ပြောတာပဲ ….
    လူစွမ်းဂေါင်းကြီးတွေ လာတော့ ဒင်းတို့ ဘယ်နေရဲမလဲနော့် ….

    နောက်ပိုင်း ဒါတွေကို ဆိုင်တွေက ပြန်ပြောပြလို့သိတာ …

    အဲ့သည့်လို အတွဲတွေအတွက် ရင်ခွင်တော်အေးချမ်းသာယာရေးကို ငယ်ငယ်ကတည်းက တဖက်တလမ်း
    ထိန်းသိမ်းစောင့်ရှောက်ပေးဖူးကြောင်းပါ …
    (ဒါတွေ မြန်မြန် …အကျိုးပေးပါစေ ….)

  • etone

    November 15, 2011 at 4:52 pm

    ကောင်းတယ် ကိုဘီလူးရေ ဒီလို မျိုး မတရားတာဆို ဆော်ပစ်လိုက် ဟီး ။
    ဒါနဲ ့ …. ကိုဘီလူကြီး သူခိုးဖမ်းတဲ့ပုံမျက်လုံးထဲမှာ မြင်ယောင်ရင်း ရယ်ချင်မိပါတယ် 😀
    ကိုဘီလူး တန်းကို ခိုပြီး သူ့ကို ကန်တဲ့အခါ လက်ထဲမှာ ကိုင်ထားတဲ့ smpl တွေ ဘယ်များရောက်သွားပါလိမ့် … ။ ဟီး .. .အလစ်သမားနောက်တယောက်များ သုတ်သွားမလား တွေးပူမိပါတယ် … 🙂

  • လင်းဝေကျော်

    November 17, 2011 at 5:24 pm

    ကိုဘီလူး ဒီလိုဆော်မယ်ဆိုတာ ယုံသဗျာ။
    ကျနော်တော့ ကိုဘီလူးကို ရဲများလား လို့ တောင် ပထမ နည်းနည်း ထင်ချင်သေးတာ။ ဟား..ဟားးး။

  • water-melon

    November 17, 2011 at 6:15 pm

    ကောင်းတယ်ဗျို့။ကိုဘီလူးစာကို ဖတ်ပြီး မျောသွားတာ။ ကိုယ်တိုင် ဝင်ပါသလို ခံစားရပါတယ်။
    နောက်လည်း သင်ပေးပါအုန်း။ခါးပိုက်နှိုက်ရန်က ကြောက်လို့။

  • unclegyi1974

    December 27, 2011 at 10:41 pm

    ခါးပိုက်နှိုက်တို့အလစ်သမားတို့အုပ်စုဖွဲ့အနိုင်ကျင့်နိုငိတာပြည်သူမည်ိီလို့ပါ
    ပြည်သူညီမယ်ဆိုဒင်းတို့မခံနိုင်ပါဖူး
    နောက်တခုကဥပဒေပါ
    ဥဒေရဲ့ပျော့ကွက်ကိုသူတို့ကနင်းထားပါတယ်
    လူသတ်မှုဖြစ်လည်းအခြားလူသတ်မှုတွေနဲ့ဘာမှထူးပြီးနှစ်ကြီးမခံရပါဖူး
    ဒါကြောင့်မကြောက်ကြတာလည်းပါပါတယ်
    ခါးပိုက်နှိုက်မှုဖြစ်ရင်ပြစ်ဒါဏ်ကဘယ်လောက်
    လက်ရောက်မှုပါလာရင်ရိုးရိုးပြစ်မှုထက်ပြစ်ဒါဏ်ဘယ်လောက်ဆိုပြီးလုပ်ကြည့်ပါလား
    ဥပမာ ခါးပိုက်နှိုက်မှုမိရင်ထောင် ၃နှစ်မှရနှစ်
    ခါးပိုက်နှိုက်ရင်းလူသတ်မိရင်ဒါဏ်ရာအကြီးအကျယ်ရအောင်လုပ်မိရင်
    ထောင်ဒါဏ်တသက် မှ သေစားသေစေလို့အမိန့်ထုတ်ကြည့်ရင်ဒီလူတွေဒီလောက်သောင်း
    ကျန်းမလားကြည့်ချင်ပါတယ်

Leave a Reply