မောင်ပေ့ရဲ ့အရည်မရအဖတ်မရ ကွမ်းပို ့စ်

မောင် ပေNovember 12, 20111min24429

သည်ပို ့စ်ပါ အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံတွင် ဖြစ်တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အဖိတ်နေ ့ကပေါ့ဗျာ ။ ၉/၁၁/၂၀၁၁ ပေါ့ ။ ဂေဇက်က ဆြာတွေကို  အားကျပြီး ၊ ကျုပ်မောင်ပေ တစ်ယောက်လဲ ဆိုနီ ကင်မရာလေး သွားဝယ်ခဲ့ပါတယ် ။

လပြည့်နေ ့ည မေမြို  ့တက်မယ် ။ မီးပုံးပျံပွဲကြည့်မယ် ။ ဓါတ်ပုံတွေ ရိုက်မယ်ပေါ့ ။ ဒါနဲ ့အဖိတ်နေ ့ကင်မရာ ဝယ်လာပြီး ၊ ဓါတ်ခဲအားကုန်အောင် တစ်နေ ကုန် လျှောက်ဆော့ရသပ ။

တစ်ခြားနိုင်ငံတွေတော့ မသိဘူးဗျ ။ ကျုပ်တို ့ဆီမှာတော့ ၊ ဖုန်းဟန်းဆက် ဖြစ်ဖြစ် ၊ ကင်မရာ ဘဲ ဖြစ်ဖြစ် အသစ်ဝယ်တယ်ဆိုရင် ၊ ဘက်ထရီ ဓါတ်ခဲ ကို အောင် အောင် ဆိုပြီး…

အသစ်ဝယ်ပြီးပြီးချင်းမှာ အားကုန်အောင် သုံးရတယ်ဗျ ။ အားလုံးဝ ပြောင်ဘီ ဆိုမှ ၊ အားပြန်သွင်းပေါ့ဗျာ ။ အဲ့လို လုပ်မှ ဘက်ထရီ/ဓါတ်ခဲသည် အောင်တယ် တဲ့ ။

ဒါနဲ ့ဓါတ်ခဲလဲ အားကုန် ၊ အားလဲပြန်သွင်းပြီး ၊ အားအပြည့်နဲ ့ဖြစ်သွားတော့ ၊ ဒီတစ်ခါတော့ ကင်မရာလေးနဲ ့လက်စွမ်းပြမယ်ပေါ့ ။

လပြည့်နေ ့ရောက်တော့ ၊ သွားစရာရှိတာသွား ၊ အချိန်နဲနဲပေးပြီး အွန်လိုင်းတက် ဂေဇက်ဝင်ဖတ်ဖြစ်သေးတယ် ။ ညနေ ၃နာရီခွဲ ကျ မှ ငှားထားတဲ့ကားနဲ ့မေမြို  ့စတက်တာပေါ့ ဗျာ ။

မိန်းမ နဲ ့ဘော်ဒါများလည်း  ပါတာပေါ့ ။ လမ်းမှာ လည်း မေမြို  ့တက်ကြတဲ့ ဆိုင်ကယ်တွေ ကားတွေ အများကြီး ဘဲဗျ ။ ၅ မတ်တင်း လောက်မှ မေမြို  ့ရောက်သဗျ ။

ဟိုရောက်တော့ အားပါး မြို  ့ထဲဝင်လမ်းမ တစ်လျှောက် ကားတန်းကြီး အရှည်ကြီးဘဲ ဗျ ။ ပိတ်နေတာ ကလား ။

ဒါနဲ ့လမ်းကြားလေး တစ်ခုထဲ ကွေ  ့ဝင်ပြီး တစ်ခြားလမ်းဘက်ကနေ ဂိုးရတော့တာပ ။ ရာသီဥတု က လဲ အေးစိမ့်နေတာဘဲ ။ ဆွယ်တာ ဝင်ဝယ်ရသေးတယ် ။

ကန်တော်ကြီးဘက် တစ်ပါတ် ပတ်ကြည့် ။ အဲဒီမှာလည်း စည်ကားနေတာပါဘဲ ။ ကန်တော်ကြီးဘက်က ပြန်တော့ ညစာ စားကြတယ်ဗျ ။

စားသောက်ဆိုင်မှာလဲ အပြည့်ပါဘဲ ဗျို  ့။ ဘောစိတွေ…ဘောစိတွေ…မိသားစုလိုက် လာစားကြတာဗျ ။ ကျုပ်တို ့လဲ စားရင်း ၊ အအေးခံ အရည်လေးလဲ နဲနဲပါးပါးမှီဝဲတာပေါ့ဗျာ ။

စားသောက်ဆိုင် က အပြင်အဆင် လည်းလှ ၊ ဟင်းပွဲများကလဲ ကောင်းတော့ စားကြသောက်ကြရင်း ဓါတ်ပုံတွေ လည်း ရိုက်ကြတာပေါ့ ။

၈ နာရီလောက်ကြ ၊ ကျုပ်တို ့ပြည်ချစ်ဘုရားဘက်ကို ထွက်ခဲ့ကြသဗျ ။ မီးပုံးပျံ လွှတ်တာက ပြည်ချစ်ဘုရားဘေးက ချိုင့်ကြီးထဲမှာ ကိုး ။

ဘုရားရှိရာ တောင်ကုန်း အတက်လမ်းနားမရောက်ခင်ကတဲက ကားတန်းကြီးက စပိတ်နေတယ်ဗျ ။

ဒါနဲ ့ဖြည်းဖြည်းချင်း တိုးသွားရာမှာ ၊ ဘုရားပေါ် အတက်ကားလမ်းကို နဲနဲကျော်တော့ လမ်းက ဆက်သွားလို ့မရလောက်အောင် ပိတ်သွားပြီ ။ ကားတွေ တန်းစီရပ်ထားကြတာ ။

ဒါနဲ ့၊ ကားကို လမ်းဘေး ရပ်ခဲ့ပြီး ၊ ခြေလျင် ဆက်လျှောက်ကြတာပေါ့ ဗျာ ။ ကျုပ်တို ့လို ခြေလျင် လျှောက်တက်နေကြသူတွေ အများကြီးဘဲဗျ ။

လမ်းမှာ ဆင်းလာတဲ့ လူတိုင်းဟာ “ပြန်ဆင်း ၊ပြန်ဆင်းကြပါ ၊ ရှေ  ့မှာ တိုးလို ့မရပါဘူး ” ဆိုပြီး သတိပေးသွားကြတယ်ဗျ ။

သို ့သော်လည်း ၊ ဘုရားဖူး ၊ ပြီးရင် ဘုရားတောင်ကုန်းပေါ်ကနေ မီးပုံးပျံလွှတ်တာတွေကို အားပါးတရ ကြည့်မယ်ဆိုပြီး အားခဲ တက်လာတာဗျာ ။

လွယ်လွယ်နဲ ့တော့ ဘယ်ပြန်ဆင်းမလဲ ။ ဆက်တက်တာပေါ့ ။

လမ်းမှာ ၊ စိတ်ညစ်စရာကောင်းတာ တစ်ခုကတော့ ၊ လက်သရမ်းကြတဲ့ မူတူးအုပ်စု တွေ ပါဘဲ ။

ကျုပ်တို ့အဖွဲ  ့မှာ က မိန်းကလေး တွေ လဲ ပါတော့ ၊ မူတူးအုပ်စု များ က လက်လာသရမ်းချင်ကြတယ် ။ ယောက်ျားဆိုလို ့အားလုံးပေါင်းမှ ၃ယောက်ပါတာကိုး ။

ကျုပ်ကတော့ ကျုပ်မိန်းမ ကို ကျုပ်ရှေ  ့မှာ ထားပြီး ပုခုံးပေါ် လက်တင်သွားတော့ ၊ ကျုပ်မိန်းမ က လွတ်ကင်းချမ်းသာရာ ရတာပေါ့ ။

ကျန်တဲ့ ကျုပ်တို ့အဖွဲ  ့ထဲပါတဲ့ မိန်းကလေး တွေ နားကို တိုးလာကြတယ် ။ လက်တွေ ကမ်းလာကြတာကို ၊ ကျုပ်ဘော်ဒါနှစ်ယောက် က ပုတ်ပုတ်ချရသတဲ့ ဗျာ ။

အဲဒီမှာ ကျုပ်တို ့အဖွဲ  ့ကို စမ်းမရတော့ ၊ အခြားမိန်းကလေး များဆီ ကို ရွေ  ့ကုန်ကြတယ် ဆိုဘဲ ။

ဒါက ကျုပ်ပြီးမှ ပြန်သိရတာပါ ။ ကျုပ်နဲ ့ကျုပ် မိန်းမ က ရှေ  ့ဆုံးက သွားတာဆိုတော့ ၊ အနောက်မှာ ဘာတွေ ဖြစ်သလဲ မသိရဘူးလေ ။

ကျုပ် ဘော်ဒါ နှစ်ယောက်လည်း ပြဿနာ ရှည်ရှည်မဖြစ်ချင်တာနဲ ့၊ ကမြင်းဖို ့ရောက်လာတဲ့ လက်တွေ ကို ၊ အသာဘဲ ပုတ်ချ လိုက်တော့ ပြန်ဆုတ်သွားကြသတဲ့ ဗျို  ့။

စိတ်ဓါတ်လေးတွေ ပြောပါတယ် ။ နောက်ပြီး အဲဒီလို လက်သရမ်းကြတာလဲ အုပ်စုလိုက်ဗျ ။ လူတွေ က လည်း မူးတာလိုလို ရူးတာလိုလို နဲ ့ ။

ပြင်းပြင်းထန်ထန်သာ တုံ ့ ပြန်ခဲ့ရင်တော့ သေချာပေါက် ရန်ဖြစ်ရမယ့် အပေါက်မျိုးဗျ ။

ရွာထဲက လူတွေ လည်း ၊ ပွဲတော်တွေမှာ လက်ကမြင်းတဲ့ ကိစ္စကို ဘယ်လို အကောင်းဆုံး တုံ ့ပြန်မလဲ ဆိုတာ ရေးပေးကြပါဦးဗျာ ။

ဒီကိစ္စ ကို အသားပေးရေးပြီး ၊ အဲဒီလိုမျိုး လက်သရမ်းတဲ့ အကျင့်ဆိုး လုံးဝ ပပျောက်အောင် ဝိုင်းဝန်းတိုက်ဖျက်ကြရမယ် လို ့အားလုံး စဉ်းစားအဖြေရှာကြရမှာပေါ့ဗျာ ။

အဲ့နေရာကြ ဆိုင်ကယ်သမားတွေ မောင်းတက်နေကြတာ တွေ ့တော့ ၊ ဆိုင်ကယ်နဲ ့မလာမိလေခြင်း ဆိုပြီး အတွေးဝင်မိသေးသဗျ ။

ဘယ်ကလာဗျာ ။ ပြည်ချစ်ဘုရားကြီး ကို ရောက်ခါနီး ပေ၁၀၀ဝ လောက် အလိုကျ ၊ ဆက်တိုးလို ့မရတော့ဘူး ဗျ ။ လူအုပ်ကြီးက လူပင်လယ်ကြီး ဘဲဗျို  ့။

ပြွတ်သိပ်နေတာဘဲ ။ ဇွတ်မရမက တိုးမယ် ဆိုရင်တော့ ဖြေးဖြေးချင်း တိုးသွားရမယ့် အနေအထား ဗျ ။ ကျုပ်တို ့လဲ ကြောင်ပြီး စိတ်ညစ်ကုန်တယ် ။

ယောက်ျားလေးချည်းလာတာ ဆိုရင်တော့ ကိစ္စမရှိဘူးလေ ။ တိုးတိုးဝှေ ့ဝှေ ့ဇွတ်တက်မှာပေါ့ ။ မိန်းကလေး တွေ ပါတဲ့အခါကြ ၊ အားလုံးတိုင်ပင် ဆုံးဖြတ်လိုက်ကြပြီး ပြန်ဆင်းရတာပေါ့ ။

ပြန်ဆင်းတော့ ၊ တက်လာနေတဲ့ လူတွေကို ကျုပ်တို ့က ပြန်သတိပေးတာပေါ့ဗျာ ။ လူတွေ ပြည့်ကျပ်နေတယ်နော ။ ဇွတ်မတိုးချင်ရင်တော့ ပြန်ဆင်းပေါ့ ။

ဒါနဲ ့ကားဆီပြန်ရောက်တော့ ၊ ကားကလည်း ပြန်ကွေ ့ဖို ့ကို မလွယ်တဲ့ အနေအထားဗျ ။ ကားတန်းကြီး အရှည်ကြီး ဘဲ ။ အကုန်ရပ်ထားကြရတယ် ။

မန်းတလေး ၊ လားရှိုး ၊ မူဆယ် အိတ်ပက်လက် ကားကြီးတွေ တောင် ပါသေးတယ် ။ သူတို ့ကျ စက်နှိုးပြီး ရပ်ထားကြတယ် ။ ကားပေါ်မှာ ဗီဒီယိုပြထားတာပေါ့ ဗျာ ။

ကျုပ်တို ့လဲ ကားပေါ်မှာ ထိုင်ရင်းနဲ ့အရှေ  ့ဘက် ဆီကို စောင့်ကြည့်နေကြတယ် ။ ၉နာရီ ခွဲလောက်မှ မီးပုံးပျံ တစ်လုံး တက်လာတာကို မြင်ရတယ်ဗျာ ။

စိန်နားပန် ပေါ့ ။ အမြင့်ကြီးပဲ ဗျ ။ “ ဟေးးမီးပုံးပျံ တက်ပြီဟေ့ ” လို ့အဲ့နားက လူတွေ နဲ ့ဝိုင်းအော်ကြရင်း ပျော်ပျော်ကြီး ဓါတ်ပုံ ရိုက်တာပေါ့ ။

၁ဝနာရီ ၁ဝ မိနစ်လောက်ကြတော့ ၊ ကားတန်းက စရွေ  ့တယ်ဗျ ။ ကျုပ်တို ့ကားလည်း စပြီး ထွက်လို ့ရတယ် ။

ဒါနဲ ့အဆင်းဘက်ကို ပြန်ကွေ ့ ၊ အဆင်းလမ်းဘေး မှာ ရပ်ပြီး မီးပုံးပျံများ မြင်ရဦးမလား စောင့်နေကြသေးတယ် ။

၁ဝနာရီ ၄ဝ လောက်ကြ ၊ ရာသီဥတု က လဲ အေးလာတာနဲ ့၊ ပြန်ကြစို ့ဆိုပြီး ပြန်ဆင်းလာကြတယ် ။

အားလုံးပျော်ဖို ့လာခဲ့တာ မပျော်ရလို ့ဆိုပြီး မေမြို  ့ထဲ ရောက်တော့ ကေတီဗီ ဝင်ကြတယ် ။ သီချင်းတွေ အော်ဆို ပြီး ပျော်ကြ ။

ည ၂နာရီ လောက်မှ ပြန်ဆင်းလာခဲ့တယ်ဗျာ ။ မန်းတလေး ကို ရောက်တော့ ၃နာရီ ။ အောင်ပင်လယ် သိပ္ပံလမ်း ဘက်ကို ဝင်လိုက်ကတဲ က ဗျာ ။

လမ်းပေါ်မှာ အမှိုက်တွေ ၊ စားပွဲခုံတွေ ၊ ထိုင်ခုံတွေ ၊ တွန်းလှည်းတွေ ကြိုးကြားကြိုးကြား ဘဲ ဗျို  ့။ ကားလည်း ဖြည်းဖြည်းလေး ရှောင်မောင်းရတာပေါ့ ။

ကျုပ်တို ့အဖွဲ  ့က ဆိုင်ကယ်တွေကို သူငယ်ချင်းအိမ်မှာ စုရပ်ထားခဲ့တာဆိုတော့ ၊ သူငယ်ချင်းအိမ်မှာ လမ်းပြန်ခွဲကြတာပေါ့ဗျာ ။

ည၃နာရီ ခွဲလောက် ဆိုင်ကယ်နဲ ့အိမ်အပြန်ကြတော့ ဗျာ ။ လမ်းမှာ တွေ ့ရတဲ့ ကျီးမနိုးပွဲ ကတော့ စုံစိနေတာဘဲဗျို  ့ ။

၂၄ လမ်း ရွှေကျီးမြင့် ဘုရား ဘေး လမ်းမပေးမှာဆိုရင် ၊ ရေအိုးတွေ ဗျ ၊ လမ်းအပြည့် ပိတ် စီထားတယ် ။ ရေအိုးလေးတွေ ၂ လုံးစီ ဆင့်ပြီး ။

ဆိုင်ကယ်ရပ် ဓါတ်ပုံ ရိုက်ခဲ့တယ်ဗျ ။ လမ်းတွေ  ့သမျှ ဗရုတ်လေးတွေ ကို လည်း ရိုက် ။ အိမ်ရောက်တော့ အိပ်တာပေါ့ဗျာ ။

ဒီလိုနဲ ့၁၁/၁၁/၂၀၁၁ ကျတော့ ၊ တစ်နေ ့တာ လုပ်စရာ ရှိတာများ လုပ်ပြီး ၊ ညနေကြ ကိုပေါက်(မန်းတလေး) နဲ ့တောင် တွေ ့သေးတယ်ဗျ ။

စကားပြော ၊ လဘက်ရည် သောက်ကြရင်း ၊ ကိုပေါက်နဲ ့လမ်းခွဲလာပြီးတော့ ၊ ဓါတ်ပုံတင်မယ် ဆိုပြီး ၊ အင်တာနက် ဆိုင်ကို ပြေးလာတာပေါ့ ဗျာ ။

ဆိုင်လဲ ရောက်ရော ၊ ကဒ်ရီဒါ (card reader) တောင်းပြီး ၊ ကဒ်ထည့် ၊ ပုံတွေကျလာတော့ ၊ ဖိုတိုရှော့နဲ ့ပုံဆိုက်မပြင်ခင် ၊ ပုံတွေ အရင်ကြည့်နေရင်း ။

၃ ပုံလားပဲ ကြည့်ရသေးတယ် ။ ဆက်မပေါ်လာတော့ဘူးဗျ ။ စက်များ ဟန်းသွားလို ့လား ဆိုပြီး ရီစတက် (restart) ချပြီး ၊ ထပ်ကြိုးစားတော့ ။

အောင်မြတ်မင်း……ကဒ်ကို ဖော်မတ် (format) ချဖို ့ချည်း ကွန်ပျူတာ က ပြောလာတယ်ဗျို  ့။ စက်ပြောင်းထိုင်လဲ မရဘူး ။

ဖော်မတ်တော့ မချနိုင်ဘူးပေါ့ ။ အထပ်ထပ် ကြိုးစားကြည့်တော့လည်း ၊ ဖော်မတ် ပဲ ပြောလာတော့ ၊ ကဲကွာ ချတယ်ကွာ ဆိုပြီး ချတော့လည်း ။

ဝင်းဒိုး က အကုန်မချနိုင်ဘူး တဲ့ဗျာ ။ ကောင်းကြသေးရဲ  ့လားလို ့ ကိုယ့်ဘာသာ ကို ညည်းပြီး ၊ ကဒ်ကို အသာပြန်ထုတ်သိမ်းလိုက်ရတယ် ။

၁၂/၁၁/၂၀၁၁ ၊ ဒီနေ ့ကြမှ ကင်မရာ ဝယ်ခဲ့တဲ့ ကုမ်ပဏီ ကို ပြန်သွားတော့ ၊ ကဒ်ကို သေချာပြန်စစ်ကြတယ် ။ ကဒ်မှာပါတဲ့ ကြေးလိုင်းတွေ မှာ အစင်းရာထင်နေတယ်ဗျ ။

အဲဒါကြောင့် ဖြစ်သွားတာနေမှာတဲ့ ။ ဒါဆို ရိုက်ခဲ့တဲ့ ပုံလေးတွေ ကော ပလုံပြီလားလို ့မေးတော့ ၊ “ နှမြောစရာကြီးတဲ့ ”

“ ကဒ်ကို ပြောင်းပြန် ထိုးမိလိုက်သေးလား ” လို ့မေးတယ်ဗျ ။ “မဟုတ်ရပါဘူး ၊ သေချာ ဂရုစိုက်ပါတယ် ” ဆိုတော့ ၊ သူတို ့လည်း အဖြေမရှာတတ်တော့ ။

သို ့ပေသည့် ၊ ကုမ်ပဏီကတော့ ကပ်စတမ်မာပေါ်မှာ အထူးအလေးထားရှာပါတယ် ။ ကဒ်အသစ် အစားပြန်ပေးလိုက်တယ်ဗျ ။ ဝမ်းနည်းဝမ်းသာ ဖြစ်ရတာပေါ့ ဗျာ ။

သို ့ပေမယ့်ပေါ့လေ ၊ ကျုပ် ရဲ  ့အမှတ်တရ ရိုက်ခဲ့တဲ့ မြင်ကွင်း ၊ ရှူခင်း ပုံတွေနဲ ့ဂေဇက်ကို တင်မယ့် သတင်းပုံတွေကတော့ ပလုံသွားတာပေါ့ဗျာ ။

ကျုပ်တို ့မြန်မာနိုင်ငံ က ကျုပ်လို အပျော်တမ်းဖြစ်ဖြစ် ၊ ပရော်ဖက်ရှင်နယ် ဖြစ်ဖြစ် ဓါတ်ပုံရိုက်တဲ့ သူတွေ ကို ၊ ကိုယ်ပိုင် ကဒ်ရီဒါ card reader လေး ဆောင်ထားကြဖို ့၊ ဒီပို ့စ်နဲ ့အတူ တိုက်တွန်း အကြံလေး စေတနာနဲ ့ပြုလိုက်ပါတယ်နော် ။

အင်တာနက်ဆိုင်က ကဒ်ရီဒါ ဆိုတာကတော့ ၊ ဆိုင်ကို လာတဲ့ လူတိုင်းသုံးဖို ့ပေါပေါလောလော ဝယ်ထားတဲ့ဟာဆိုတော့ ၊ အခန် ့မသင့် ရင် ကျုပ်လို မျိုး ၊ ကဒ်ပွန်းသွားနိုင်ကြောင်း ၊မန်မိုရီ ကဒ် ကို ဖတ်ဖို ့ကဒ်ရီဒါ ကို သွင်းပြီ ဆိုရင်လည်း သေချာလေး ဂရုစိုက်ကြပါလို ့ ရေးသားရင်း ၊ ကျုပ်ရဲ  ့အရည်မရ အဖတ်မရ ကွမ်းပို ့စ် ကို အဆုံးသတ်လိုက်ပါတယ် ခင်ဗျာ ။

————————- အားလုံးကို ကျေးဇူးတင်ပါသည် ————————-

 

29 comments

  • alinsett

    November 12, 2011 at 1:07 pm

    ကိုပေရ ဲ့ ကွမ်းပို့စ်ကို ကွမ်းဝါးသလို ဝါးသွားပါတယ် ။
    အရည်နဲ ့အဖတ် ရ မရတော့မသိပါဘူး။
    ဗဟုသုတ တစ်ခုတော့ရလိုက်ပါတယ်။

    ကျေးဇူးပါပဲ..။

    အားပေးနေလျက်

  • ကြောင်ကြီး

    November 12, 2011 at 1:37 pm

    ဘွန်းမြို့ရဲ့
    ချွန်းအတို့
    တွန်းအပို့
    မွန်းဆို့လို့
    ပွန်းခဲ့တယ်
    ညွှန်းရတဲ့
    ကွမ်းပို့စ်…။ 😆

  • “ဘီလူးကြီး”ogre

    November 12, 2011 at 2:09 pm

    ကိုပေ
    ကျုပ်တော့ခင်ဗျားကွမ်းပိုစ်ကို ကွမ်းစားရင်ဖတ်သွားတယ်ဗျို့
    တော်ဘီဗျာ ကင်မရာဝယ်တော့ဘူး…

  • မှော်ဆရာ

    November 12, 2011 at 2:36 pm

    အဲဒီလိုဖြစ်ရင် ဖော်မက်မချခင် recovery software တွေနဲ့ ပြန်ဆွဲရင် ရတယ်ဗျ ..
    အကုန်ပြန်ထွက်တယ် ..
    ဖော်မက်ချပြီးရင်လဲ ဖော်မက်ရီကာဗာရီဆိုတာ ရှိသေးတယ်
    ဒီကောင်လဲ ထိုက်သင့်သလောက်တော့ ရပါတယ်..
    ကျွန်တော်တို့က ဒါ့ပုံ သမားတွေဆိုတော့ အဲဒီ့ဆော့ဝဲလေးတွေ ဆောင်ထားရတယ် ..
    သူများမင်္ဂလာဆောင်သွားရိုက်ပြီး .. အဲဒီလိုဖြစ်ရင် သေပြီဆရာကိုး …
    နောက်တစ်ခုဖြစ်နှိုင်တာက မန်မိုရီကဒ်ကို ဖူးဖြစ်တဲ့အထိ မရိုက်ရပါဘူး
    အနဲဆုံး ၂ပုံ ၃ပုံစာတော့ ချန်ရိုက်ပါ ..
    အပြည့် ဖူး ဖြစ်အောင်ရိုက်ရင်လဲ ကဒ်ကြောင်သွားတတ်ပါတယ် …

  • Diamond Key

    November 12, 2011 at 2:59 pm

    ကိုပေရေ၊
    ကျွန်တော်လည်း ဆြာမှော်လို ရီကာဗာနဲ့ ကယ်ရတာလဲ ရှိဖူးပါတယ်။
    ကျွန်တော်မိတ်ဆွေ တစ်ယောက် အကြံပေးထားတာကတော့ Adobe Photoshop Lightroom5 လေးသုံးရင်လည်း ကိုပေလို ဖြစ်နေတဲ့ ကိစ္စက Auto Imported Photos သုံးလိုက်ရင် သိပ်လွယ်ဆိုသဗျ။
    နော်တို့လို ပုံအများကြီးရိုက်သူတွေက တော့ ကဒ်ဝယ်ရင် ၄၊၈၊၁၆ ဂစ် ကဒ်ကြီးတွေအစား ကဒ်အသေးတွေ များများသုံးပါတယ်။
    မတော် ကိုပေလိုဖြစ်ရင် အားလုံး မဆုံးအောင်လို့လေ။

    • windtalker

      November 12, 2011 at 6:40 pm

      ကိုမှော် နဲ ့ကိုသော့ ခင်ဗျာ
      တင့်ခရု ဘဲလရီးမက်ချ် ပါ နော်

  • ပေါက်ဖော်

    November 12, 2011 at 3:14 pm

    အွင်..
    ကင်မလာ ဝယ်ရင် သတိထားရမယ်….
    မန်မရီကတ်ထည့်ရင် သတိထားရမယ်….
    လက်တွေ သတိထားရမယ်..
    ဟုတ်ဘီ…ဟုတ်ဘီ..
    😯

  • ရွှေအိမ်စည်

    November 12, 2011 at 4:14 pm

    ကျေးဇူးတင်တယ်ဗျာ..ကျနော်လည်းဗဟုသုတတစ်ခုရတယ်ပေါ့..။

    အသစ်ဝယ်ပြီး..အကုန်တော့မသုံးပါဘူး..
    သိရသလောက်..အားပြည့်အောင်သွင်းပြီးမှမဟုတ်လားလို ့ဗျာ
    ဒီက(ရန်ကုန်က) ဆိုင်တွေ ကလည်း..အဲ ့သလို ဘဲအကြံပြုပါတယ်…။

    ————

    အခုတစ်လော..ကျနော်သတိထားမိသလောက်ပေါ့..ကျနော်လည်းဒီထဲ ရောက်တာ….
    4 လကျော်ရှိပါပြိ…

    ——

    ကျောက်ပိုစ် ့ပြီးကတည်းက..ဘလော ့လေးတွေ ထဲ မှာ..
    ကားတွေ
    ဖုန်းတွေ ..
    .ဆိုင်ကယ်တွေ ထည့်ထည့်မသိမသာကြွားနေသလားဘဲ..
    အခုလည်း..ကင်မရာအသစ်ဝယ်တာကြွားပြန်ပြိ……
    အေးလေ…ကြွားနိုင်လို ့ကြွားတာဘဲဟာ…..

    …သတိထားမိတာပြောပြတာပါ….

    မုဒိတာပါနော်……ဆက်သာကြွား..အဲ..ပွား….(ဗဟုသုတ)

    ခင်မင်သောစိတ်ဖြင် ့

    • ကိုရင်စည်သူ

      November 12, 2011 at 4:33 pm

      ကပေ့က သူ့ရှိတာသူကြွားတာနေမှာပေါ့…
      ကပေ့ရေ… ကြွားစရာတစ်ခုကျန်သေးတယ်..
      ဇနီးကညာ ဘယ်လောက် မယားကောင်းပီသ
      သလဲဆိုတာပါ… ရွာသူတွေ စံနမူနာယူထိုက်အောင်
      ထပ်ကြွားလိုက်ပါဦးဗျို့… 😀 😀 😀 😀

    • windtalker

      November 12, 2011 at 6:30 pm

      အသာလုပ်ပ ဂျီးဒေါ်ရယ်
      ကင်မရာ မန်မိုရီကဒ် ကို ကိုယ့်လိုမျိုး မဖြစ်ကြစေဖို ့ရယ် နဲ ့
      လက်သရမ်းတဲ့ ကောင်တွေ အကြောင်း ၂မျိုးပေါင်း စာဖွဲ ့လိုက်တာကို
      ဂျီးဒေါ်မြင်မှ ကြွားစိန် ဖြစ်ရတော့တယ် ဟီးဟီး
      မကြွားရရိုးအမှန်ပါ
      အားသွင်းတဲ့ကိစ္စကတော့ သူ ့အရပ်နဲ ့သူ ့ဇါတ်ပေါ့ဗျာ

  • koaung

    November 12, 2011 at 6:50 pm

    ကိုပေ့လက်ရာမကြည့်လိုက်ရတာနာသကွာ ဆိုနီဆိုပုံထွက်ကကောင်းပြီးသား စောင့်ကြည့်အားပေးနေပါကြောင်း 😀

    • windtalker

      November 12, 2011 at 6:59 pm

      မင်္ဂလာပါ ကိုအောင်ရေ
      မင်္ဂလာမဆောင်သေးရင် မင်္ဂလာဆောင်ပါဗျာ
      အားပေးမှုကို ကျေးဇူးတင်ပါတယ်နော်

    • ပေါက်ဖော်

      November 12, 2011 at 7:09 pm

      ဆရာအောင်ရေ..
      ဆရာကလောင် နာမည် ပြောင်းထားတာ ငပေ မသိဘူး..
      အတင်းမင်္ဂလာဆောင်ခိုင်းနေတယ်..ဟဟ

      အေကေနဲ ့ ဟတ်ရှော့ ပစ်ခံချင်နေလားမသိဘူး..
      အာဟ..အာဟ..

      😆

      • windtalker

        November 12, 2011 at 8:08 pm

        ကိုချို @ ကိုအောင် ရေ
        နာမည်ပြောင်းတာ မသိလိုက်တာ ဆောရီးပါဗျာ

  • small cat

    November 12, 2011 at 6:57 pm

    ကပေ့မိန်းမ မီးဖိုချောင်တော်တော်လုံဆိုပဲ၊ မီးဖိုခန်းသော့ခတ်ပြီး သော့ပျောက်သွားလို့ ကပေ ထမင်းတောင်ငတ်သေးတယ်တဲ့ဗျ။

    • windtalker

      November 12, 2011 at 7:21 pm

      တော်လိုက်တဲ့ ကိုကြောင်လေး ။
      အတွင်းရေးတွေတောင် အားလုံးသိနေတယ်ဆိုဘဲ ။
      ဂေဇက်မှာ စာရေးရတာလဲ နောက်ကြောမလုံစရာပါလား နော် ။

  • ရာဇဝင်လူဆိုး

    November 12, 2011 at 7:09 pm

    ကိုပေ…ကွမ်းပို့စ် အပြင် ဆေးလိပ်ပို့စ်၊ အရက်ပို့စ်၊ များပါတင်သင့်ကြောင်း…ဆက်လုပ် ပေကြီး။

    • windtalker

      November 12, 2011 at 7:19 pm

      ကောင်းလေစွ ဗျာ ။
      ဆေးလိပ်ပို ့စ် အရက်ပို ့စ် အပြင် ဆေးခြောက်ပို ့စ် တို ့ရာမပို ့စ် တို ့ပါ ဆက်လုပ်ပေးမယ်နော်
      ဟားဟား

  • forever

    November 12, 2011 at 7:49 pm

    ထီထိုးပြီး ထီလက်မှတ် ပျောက်သလိုပေါ.
    ကိုတော်ကာရဲ.လက်ရာတွေ ဟိုနေ.ကပြောကထဲက
    ကြည်.ဘို.ပြင်ထားတာ….ခုတော.

  • naywoonni

    November 12, 2011 at 7:57 pm

    မဒမ်ပေ့ ကိုများ ပွဲထုတ်တော့မှာလားလို့………. ဟီးးး ကိုယ့်ရှိလို့ကို ကြွားတာ မနာလိုစရာမရှိဘူး…။ ရဲဘော် …..ဆက်လုပ် 😛 😛

  • MaMa

    November 12, 2011 at 8:18 pm

    ဦးဖိုးကျားရဲ့ ဘုရားဖူးသွားခြင်းရဲ့အကျိုး နဲ့ အပြိုင်၊ မောင်ပေရဲ့ ဘုရားဖူးသွားခြင်းရဲ့အကျိုး ပေ့ါနော်။

    • windtalker

      November 12, 2011 at 8:29 pm

      တိန်…
      ဘုရားပေါ်တောင် မရောက်ခဲ့ရပါဘူး မမရယ်
      ဟင့်…
      အစီအစဉ် အရ ဆိုရင်
      ဘုရားပေါ်အရင်သွား ၊ ဘုရားဖူး ၊ ဘုရားရင်ပြင်ပေါ်မှာလဲ ရှမ်းအက အဖွဲ ့ရှိတယ်လေ
      မောင်းတွေနဲ ့၊ အရမ်းပျော်စရာကောင်းတာ ၊ အဲ့တီးလုံးသံကြားနေရင်းနဲ ့ကချင်လောက်အောင် ။
      ဘုရားဖူးအပြီး ၊ ဘုရားဘေးက တောင်စောင်းလေးမှာ ဖျာခင်းပြီး မီးပုံးတွေ ထိုင်ကြည့်မလို ့ပေါ့ ။
      အခုတော့…

  • TTNU

    November 12, 2011 at 9:19 pm

    တန်ဆောင်တိုင် မီးပုံးပျံပွဲသွားပြီး မီးပုုံးပျံတာ များများမကြည့်ခဲ့ရဘဲ
    လူအဆိတ်ခံပြီးပြန်လာရတာလားဟယ်။

    Sky Net ကထိုင်ကြည့်ရင်မှ ဇိမ်နဲ့ ကြည့်ရဦးမယ်။
    အခု မောင်ရင့်မှာ အိပ်ရေးလည်းပျက်သေး ကင်မရာကလည်း ပုံမထွက်။

    စတာပါနော်။ မေမြို ့ မှာညအိပ်မှ အဆင်ပြေမှာကွ။

  • windtalker

    November 12, 2011 at 9:30 pm

    ဆရာမ ပြောတာ အမှန်ပါဘဲ ဆရာမ ရယ်
    မေမြို ့မှာ မီးပုံးပျံလွှတ်ပွဲ ကြည့်ချင်သူများ အနေဖြင့်
    ညနေစောစောပိုင်းကတဲက ဘုရားပေးတွင် နေရာသွားယူထားကြပါလို ့
    စေတနာဖြင့် သတိလေး ပေးလိုက်ပါရစေ ခင်ဗျား

  • Shanma TUmdy

    November 12, 2011 at 10:22 pm

    ပွဲပြီးရင်တော့ အမှိုက်တွေ ဘယ်လောက်ပုံပွနေမလဲမသိ.. 😀

  • မောင်ပေမင်းမဒမ်ပုံကို ငါကြည့်လိုက်ရသေးတယ်နော်။
    တယ်လဲကံကောင်းတဲ့ငါပါဘဲကွယ်။
    ကား ဆိုင်ကယ် ကင်မရာ ကြွားပြီးရင် မင်းဒီတစ်ခါလူသာကြွားတော့မောင်ပေရေ

  • pooch

    November 12, 2011 at 11:31 pm

    မောင်ပေရေ ကျမတို့ ညီမတတွေကတော့ အဲ့ဒီလို လူရှုပ်တာကို ကြောက်လို့ အခါကြီး ရက်ကြီးများ မှာ အပြင်ထွက်တာကို ရှောင်လေ့ရှိပါတယ်။ မျက်စိရှေ့မှာ ရန်ပွဲ သတ်ပွဲများကို သင်္ကြံန်လို အခါကြီးရက်ကြီးများမှာ ကြုံဖူးပြီး ကတည်းကပါ။

    TV ကလွှင့်တာကိုသာ ကြည့်ပါတော့တယ်..

    • windtalker

      November 13, 2011 at 10:48 am

      အမျိုးသမီးများအတွက်ကတော့ ပုချ် ပြောတဲ့ အစီအစဉ်ဟာ အကောင်းဆုံးပါဘဲ ခင်ဗျာ ။ ကျုပ် ဆိုရင်လည်း ညီမတွေ ဘာတွေ ၊ မိန်းမ တို ့ ပွဲလန်းသဘင် သွားမယ်ဆိုရင် အမြဲစိတ်ပူနေရတယ် ။ ယောက်ျားချင်း အကြောင်းသိနေတာကိုး ။

Leave a Reply