Ma MaFebruary 15, 20121min42035
တစ်နေ့မှာ အသိတစ်ယောက် မင်္ဂလာဆောင်လို့ သူငယ်ချင်းတွေစုပြီး သွားဖြစ်ကြပါတယ်။ လူစုမိတဲ့အခါကျတော့ ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ပြောကြရင်းနဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သားရေးသမီးရေးစတဲ့ အကြောင်းအရာတွေ စုံလင်လို့လာပါတယ်။ အဲဒီအခါမှာ- ယောက္ခမ နေမကောင်းတာကို ပြုစုနေရတဲ့ သူငယ်ချင်းက လောကမှာ ကျန်းမာရေးဟာ အရေးကြီးဆုံးပဲလို့ ဆိုလာပါတယ်။ မကျန်းမာတဲ့ လူနာတစ်ယောက်ကို သားသမီး၊ မြေး၊ ချွေးမပေါင်းများစွာက ဝိုင်းဝန်းပြီး ပြုစုကြတာတောင် အင်မတန် ပင်ပန်းလှတဲ့အကြောင်း၊ နှစ်ရှည်လများ ကြာလာတဲ့အခါမှာ – သားနဲ့ ချွေးမဖြစ်သူတွေက သမီးနဲ့ သားမက်ကို ဘော်လုံးပုတ်ချင်လာသလို၊ သမီးနဲ့ သားမက်ကလည်း အလုပ်များလှတဲ့အကြောင်း မကြာခဏပြောဆိုပြီး တတ်နိုင်သလောက် ရှောင်ဖယ်ဖို့ ကြိုးစားလာကြပါတယ်။ အဲဒါကြောင့် ကိုယ်တိုင်အသက်ကြီးလို့ ကိုယ့်ကိုကိုယ် မနိုင်တဲ့အချိန်ကျရင် သူများအငြူစူခံပြီး အိပ်ယာထဲမှာ လဲလျှောင်းပြီး […]