နွယ်ပင်November 26, 20101min25321
သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ “စနေနေ့ ကလေ ဗမာစစ်သားက ကောင်မလေးကို ဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်တော့ ပွဲချင်းပြီးသေတာ။ ကောင်မလေးကို ဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်း ကောင်မလေးက ထွက်ပြေးပြီး ရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့ သွား တိုင်တယ်” – ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။ နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် […]