မိုခ်ိဳMarch 14, 20121min24718
ကျမ မန်းဂေဇတ်ကို နေ့တိုင်း ဝင်ဖက်ဖြစ်တာ တော်တော်ကြာပါပြီ။ ၂၀၁၀ ကတည်းကပါ။ ရွာသူားတွေ ကို လည်း ကျမဘက်က ရင်းနှီးနေပါပြီ။  post ရေးတင်ချင်ပေမယ် မြန်မာစာရိုက်တာ နှေးလို့မတင်ဖြစ်ပါဘူး။ အင်္ဂလိပ်လို မြန်လားဆိုတော့လည်း မမြန်ပါဘူး။ ကို ကြီးမိုက်ရဲ့ ၈၈အရေးအခင်း စတင်ဖြစ်ပေါ်လာ တဲ့ အကြောင်း link  ပေးထားတဲ့ post ကိုဖတ်ပြီး အရမ်းရေးချင်လို ့ကြီုးစားပြီး  ရေးလိုက်ပါတယ်။ ၈၈ အရေးအခင်းဖြစ်တော့ကျမက ၅တန်းကျောင်းသူဆိုတော့ တော်တော်တော့သိနေပါပြီ။  အဲဒီတုန်းက စစ်တွေမှာနေတာပါ။ ဆန္ဒပြတဲ့ လူအုပ်ကြီးလာရင် ကျမတို့ခလေးအုပ်စုတွေနဲ့ အမျိုးသမီးတွေက ထွက်ကြည့်ပြီး လက်ခုပ်တွေတီးကြ၊ ရေတွေ တိုက်ကြနဲ့ပေါ့။ လူကြီးတွေ ရေဒီယို  နားထောင်ရင်လည်း စိတ်ဝင်တစား လိုက်နားထောင်ပေါ့။ လူကြီးတွေပြောတဲ့ တကယ်လား  ကောလဟာလလား မသိတဲ့သတင်းမျိုးစုံကိုလည်း […]