မိုချိုတယောက် အလွဲတွေ အများဆုံးလုပ်ခဲ့တာကတော့ စက်မှုတက္ကသိုလ် ပထမနှစ် တတ်ခါစ အချိန်တွေပါပဲ။ သိတတ် စအရွယ်တည်း က ဆရာဝန်ရူး ၊ ရူးနေရာက ဆေးမှတ် ကို ကပ် ပြုတ်သွားလို့ စိတ်နဲ့ လူနဲ့မကပ်ဆုံး ကာလပါ။ တက္ကသိုလ်ကျောင်းသူ ဖြစ်သွားတော့ ၁ဝ တန်း တုန်းကလို စုတ်တီး စုတ်ဖက် ပေကပ်ကပ် စာဂျပိုးရုပ်လေး မဟုတ်တော့ပါဘူး။ ပြင်တတ်၊ ဆင်တတ်၊ ပဲများတတ်နေပြီဖြစ်တဲ့ ဖရက်ရှာ ကျောင်းသူလေး ဖြစ်နေပါပြီ။ ကိုယ့်ကိုကိုယ် မိန်းမပီသတဲ့အိန္ဒြေရှင်လေးလိုလို၊ ယောင်္ကျားလေးတွေ ရှေ့ ဖြတ်လျှောက်ရင်ပဲ ရှက်ကိုးရှက်ကန်း ခြေ လှမ်း မှားတော့ မယောင်ယောင်၊ စတိုင်တွေ ဖမ်းလို့ပေါ့။ အမှန်မှာတော့ အဲဒါတွေ အကုန်လုံးက ဟန်ဆောင်ထားတာ။ ဒေါ် မိုချိုတို့ ပင်ကိုစိတ်ရင်းက […]