etoneFebruary 8, 20121min25816
ညသန်းခေါင်ထက်စောပြီး အိပ်ယာမဝင်တတ်တဲ့ အကျင့်ဆိုးကျွန်မမှာ ရှိတာမို့ မအိပ်ခင် အချိန်ခဏလေးတွင်း စာအုပ်ဖြစ်ဖြစ် ဂျာနယ်ဖြစ်ဖြစ် ဖတ်ပြီးမှသာ အိပ်ဖြစ်ခဲ့ပါတယ် ။ မနေ့က ညကလည်း အိမ်မှာ ဘယ်သူဝယ်လာမှန်း မသိတဲ့ ဂျာနယ်တစ်စောင်ဖတ်ရင်း ငါးထောင်တန်ဖုန်းကိစ္စနဲ့ ပြည်သူတွေရဲ့ သဘောထား ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့  သုံးစွဲနိုင်တဲ့ လူဦးရေတွေအကြောင်း တစေ့တစောင်းလှစ်ဟပြထားပြီး … ဓါတ်ပုံလေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့ ဆောင်းပါး နှစ်ခု သုံးခုလောက်ကို အဲ့ဒီဂျာနယ်မှာပဲ ဖတ်ခဲ့ပါတယ် ။ အရင်ကထက်စာလျှင် ရေးသားချက်များ ပွင့်လင်း မြင်သာလာပြီး ၊ ရဲရဲဝံ့ဝံ့ဝေဖန် သုံးသပ်ရဲတဲ့စာမျိုးလည်း ပါဝင်လာတာမို့ … မီဒီယာ လွတ်လပ်ခွင့် တကယ် ရခဲ့ပြီလားဟု သိချင်စိတ်ပြင်းပျမိပါတယ် .. ။အောက်က ပုံလေးတွေကတော့ .. ငါးထောင်တန် ဖုန်းကဒ်ဖြစ်လာဖို့အရေး .. […]