အခုတလော Annabelle ဇာတ်ကားလည်း နာမည်ကြီးတော့ အရှိန်လေးမပျက်ရအောင် သည်းထိတ်ရင်ဖို ပရိတ်သတ်တွေအတွက် 2010က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားအကြောင်းပြောပြချင်ပါတယ်။ ဒီဇာတ်ကားက 1970က ဇာတ်ကားကို ပြန်လည်ဆန်းသစ်ထားတာ။ ဒါကလည်း အခုဇာတ်ကားကြည့်ပြီးမှ အဟောင်းရှိမှန်းသိတာ။ ဆယ်လီဆိုတဲ့ကလေးမလေးရဲ့ အဖေ နဲ့ အမေက ကွာရှင်းထားတာကြောင့် ဆယ်လီက အဖေဖြစ်သူဆီမှာ နေထိုင်ဖို့ဖြစ်လာတယ်။ အဖေကလည်း နောက်မိန်းမယူထားတယ်။ သူနေရမယ့်အိမ်ကလည်း သူ့အဖေဖြစ်သူ ဝယ်တာတဲ့ ရှေးဟောင်းအိမ်အကြီးကြီးမှာပါ။ မိထွေးဖြစ်သူကိုမကြည်သလို အဖေဖြစ်သူဆီမှာ ဆယ်လီက မနေချင်ပြန်ဘူး။ တစ်ရက် ခြံထဲကို လျှောက်ကြည့် မြေအောက်ခန်းရဲ့ အမိုးတစ်ခုကို သူတွေ့လိုက်တယ်။ ဒီလိုနဲ့ သူတို့သုံးယောက်အိမ်ထဲကို ရှာဖွေကြည့်တော့ မြေအောက်ခန်းတံခါးကို တွေ့လိုက်ရတယ်။ အိမ်က တော်တော့်ကို သက်တမ်းကြာနေတဲ့ တန်ဖိုးရှိတဲ့ အိမ်ဖြစ်လို့ သူ့အဖေကလည်း ဝယ်ထားတာဖြစ်တယ်။ မြေအောက်ခန်းကို […]


Movie Crazy အပိုင်း (၁) နဲ့ အပိုင်း (၂) ကို ရိုက်ကူးပြီးပြီ   အပိုင်း (၁)မှာ No one killed Jessica နဲ့ Olympus Has Fallen ပြောထားတယ်။ အခု ရုံတင်နေတာ London Has Fallen လေ။ အပိုင်း (၁)မှာ ထူးခြားတာ မေးခွန်းလေး နှစ်ခုမေးထားတယ် မှန်အောင်ဖြေနိုင်တဲ့သူက နိုင်ငံခြားကလာတဲ့ The Jungle Book ဇာတ်ကားနဲ့ပတ်သက်နဲ့ ပစ္စည်းတွေရမှာ အရမ်းမိုက်တယ်။   အပိုင်း (၂) မှာ Drshym နဲ့ The Reader အကြောင်းပြောထားတယ်။   အဲ့ဒါပြောပြတာ နောက်မှ အသေးစိတ် ထပ်ရေးပြတော့မယ်။