winkyawaungMarch 15, 20121min15110
ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို ့နယ် အာဏာပိုင်များကတားမြစ်ထား ၁၃.မတ်လ ၂၀၁၂ Myanmar News Now မကွေးမြို့ ယင်းတိုက်နယ် ရှားပင်လှကျေးရွာတွင် ၁၃.မတ်လ.၂၀၁၂ မနက် ၅ နာရီခန့်အချိန်တွင် မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၆လုံးမီးဘေးသင့်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်မကွေးမြို့မှ ပါရမီသွေး လူငယ် များဦးဆောင်ပြီး စေတနာရှင်များစုပေါင်းကာ လှူဒါန်းသော ဆန်အိတ် ၅ဝ နှင့် အစားအသောက် အဝတ်အစားများကို သွားရောက် ကူညီ လှူဒါန်းရာတွင် မီးဘေးသင့်ပြည်သူများ သို့လှူဒါန်းခွင့်မရခဲ့ပါ။ အဆိုပါ မီးလောင်မှု ဖြစ်ပွါးရာ ကျေးရွာသို ့ရောက်ရှိနေသောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင် မှ တိုက်ရိုက်လှူဒါန်းခွင့်မပေးပဲ ခဏစောင့်ခိုင်းပြီး အစည်းအဝေး ၂ နာရီ ခန့်လုပ်ပြီးမှ လှူဒါန်းသောပစ္စည်းများအား သူတို့အဖွဲ့ ထံတွင်သာ အပ်နှံထားခဲ့ရန်ပြောကြားခဲ့ပါသည်။ […]