manawphyulayJuly 11, 20171min32810
နေ့စဉ်ကောင်းမွန်တဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ဆိုတာက မိသားစုတစ်စုရဲ့ အခြေခံပန်းတိုင်ဖြစ်ပါတယ်။ မိဘဖြစ်လာပြီဆိုတာ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါပဲ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ အသီးသီးရှိကြမှာပါ။ မိဘဖြစ်လာပြီဆိုတာနဲ့ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါ။ ဒီ ခရီးကို ကလေးနဲ့အတူ ချီတက်ကြရပါတော့တယ်။ မိဘဖြစ်ခြင်းကို ခရီးတစ်ခုနဲ့ ဥပမာပေးပြီးပြီဆိုတော့ ကလေးနဲ့အတူ ဘယ်လို ခရီးဆက်ကြမလဲဆိုတာ သိမှတ်ထားသမျှ ရေးသားလိုက်ရပါတယ်။ မွေးကင်းစကလေးတွေဟာ အဆင့်ဆင့်ကြီးထွားလာမှာ ဖြစ်တာ ကြောင့် အမြဲထွေးပိုက်ထားလို့ မရနိုင်သလို ဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ချုပ်တည်းထားလို့လည်း မရပြန်ဘူး။ စတင်ထိုင်တတ်လာပြီး လေးဘက်ထောက်သွားမယ်၊ နောက် လမ်းလျောက်တတ်မယ်၊ ပြေးမယ် စတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီခရီးရှည်မှာ ကလေးကလည်း သူ့လမ်းသူလျောက်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သမီးလေးက ငယ်ငယ်က တွန်းလှည်းထဲ ထည့်ထားတာများတော့ လမ်းစလျှောက်တတ်လာတဲ့အချိန်ကျတော့ ခြေဖျားထောက်ထောက်ပြီး သွားနေတဲ့အတွက် […]